Friday 29 August 2014

အီးစီးကရက်သောက်သုံးမှုကို တားမြစ်ဖို့တိုက်တွန်းလိုက်သည့် ကုလသမဂ္ဂ

Photo: အီးစီးကရက်သောက်သုံးမှုကို တားမြစ်ဖို့တိုက်တွန်းလိုက်သည့် ကုလသမဂ္ဂ
Friday, August 29, 2014

ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီးက အီးစီးကရက်သောက်သုံးခြင်းဟာ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အဲ့ဒီလိုစီးကရက်သောက်သုံးတာမျိုးကို
တားမြစ်ဖို့ သတင်းထုတ်ပြန်လိုက်ပါတယ်။အီးစီးကရက်ဟာ မိခင်ဝမ်းတွင်းရှိ ကလေးငယ်တွေနဲ့ လူငယ်တွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာနိုင်တာကြောင့် အစိုးရတွေအနေနဲ့ လူငယ်တွေကို အီးစီးကရက်ရောင်းချခြင်းကို ပိတ်ပင်တားမြစ် သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သြဂုတ်လ (၂၆) ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက် ပါတယ်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စီးကရက်ပုံစံအီးစီးကရက် သောက်ရာကနေ မှုတ်ထုတ်လိုက်တဲ့အငွေ့ဟာ ဘေးနားကလူတွေကို ထိခိုက်နိုင်ခြင်းရှိ၊မရှိမသိနိုင်သေးသ၍ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အဦတွေအတွင်းမှာအီးစီးကရက်သောက်သုံး မှုကို တားမြစ်ပိတ်ပင်သင့်သည်လို့လည်း အကြံပြုထားပါတယ်။အီးစီးကရက်ဟာ ဆေးရွက်ကြီးပေါင်းနဲ့ပြုလုပ်ထားတဲ့ စီးကရက်ထက်ပိုပြီးအန္တရာယ်ကင်းတဲ့အချက်ကို အသိအမှတ်ပြုကြောင်းကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ဒါပေမယ့် ဆေးရွက်ကြီးဆေးလိပ်သောက်သုံးခြင်းကို ဖြတ်လိုက်သူတွေ အာသာပြေဖို့သောက်သုံးတဲ့ အီးစီးကရက်ဟာသုံးစွဲသူအတွက် ဘေးကင်းမှုရှိမရှိဆိုတာကို လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာအ လေးထားဖော်ပြထားပါတယ်။အီးစီးကရက်အသုံးပြုရာကနေ ဦးနှောက်ဖွံ့ဖြိုးမှုနှင့်သက်ဆိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေအပြင် ဆယ်ကျော်သက်တွေ နီကိုတင်းစွဲနိုင်ခြင်း၊သန္ဓေသားကို ထိခိုက်နိုင်ခြင်းစတဲ့ကျန်းမာရေး ဆိုးကျိုးတွေရှိနိုင်တာကြောင့် မျိုးပွားနိုင်တဲ့အရွယ်ရှိ အမျိုးသ မီးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ဆယ်ကျော်သက်တွေနဲ့ ကလေးငယ်တွေကိုလည်း သတိရှိဖို့ပြောကြားထားရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

MRTV-4
ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီးက အီးစီးကရက်သောက်သုံးခြင်းဟာ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အဲ့ဒီလိုစီးကရက်သောက်သုံးတာမျိုးကို တားမြစ်ဖို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အီးစီးကရက်ဟာ မိခင် ၀မ်းတွင်းရှိ ကလေးငယ်တွေနဲ့ လူငယ်တွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာနိုင်တာကြောင့် အစိုး ရတွေ အနေနဲ့ လူငယ်တွေကို အီးစီးကရက်ရောင်းချခြင်းကို ပိတ်ပင်တားမြစ် သင့်တယ်လို့ ကမ္ဘာ့ ကျန်း မာရေးအဖွဲ့ကြီးက သြဂုတ်လ (၂၆) ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက် ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စီးကရက်ပုံစံအီးစီးကရက် သောက်ရာကနေ မှုတ်ထုတ်လိုက်တဲ့အငွေ့ ဟာ ဘေးနားက လူတွေကို ထိခိုက်နိုင်ခြင်းရှိ၊မရှိမသိနိုင်သေးသ၍ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက် အဦတွေ အတွင်းမှာ အီးစီးကရက်သောက်သုံး မှုကို တားမြစ်ပိတ်ပင်သင့်သည်လို့လည်း အကြံပြုထား ပါ တယ်။ အီးစီးကရက်ဟာ ဆေးရွက်ကြီးပေါင်းနဲ့ပြုလုပ်ထားတဲ့ စီးကရက်ထက်ပိုပြီးအန္တရာယ်ကင်းတဲ့ အချက်ကို အသိအမှတ်ပြုကြောင်းကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါပေမယ့် ဆေးရွက်ကြီးဆေးလိပ်သောက်သုံးခြင်းကို ဖြတ်လိုက်သူတွေ အာသာပြေဖို့သောက်သုံးတဲ့ အီးစီးကရက်ဟာ သုံးစွဲသူအတွက် ဘေးကင်းမှုရှိမရှိဆိုတာကို လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာအ လေးထားဖော်ပြထားပါတယ်။အီးစီးကရက်အသုံးပြုရာကနေ ဦးနှောက်ဖွံ့ဖြိုးမှုနှင့်သက်ဆိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေအပြင် ဆယ်ကျော်သက်တွေ နီကိုတင်း စွဲနိုင်ခြင်း၊ သန္ဓေသားကို ထိခိုက်နိုင်ခြင်းစတဲ့ကျန်းမာရေး ဆိုးကျိုးတွေရှိနိုင်တာကြောင့် မျိုးပွားနိုင်တဲ့အရွယ်ရှိ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ဆယ်ကျော်သက်တွေနဲ့ ကလေးငယ်တွေကိုလည်း သတိရှိဖို့ပြောကြားထားရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

MRTV-4

No comments:

Post a Comment