Friday 29 August 2014

ရန်ကုန်တွင် နေ့ခင်းကြောင်တောင် အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်ဆန် တိုက်ခိုက်

သာကေတမြို့နယ်တွင် နေ့ခင်းကြောင်တောင် အချိန်မှာပင် လူမြင်ကွင်း ကားလမ်းပေါ်၌ လူမိုက်အုပ်စုနှစ်စု ချိန်းဆို၍ မင်းမဲ့စရိုက်ဆန်ဆန်ဓားများ၊ တုတ်များဖြင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
သြဂုတ် ၂၈ ရက် နေ့လယ်၁၂ နာရီတွင် သာကေတ မြို့နယ် (၁၃) ရပ်ကွက် ခိုင်ရွှေဝါလမ်းမကြီးပေါ်၌ သာကေတမြို့နယ်နေ အမျိုးသားနှစ်ဦးက ဦးဆောင်သော အုပ်စုနှစ်စုက တစ်ဖက်လျှင် လူဦးရေ ၂၀ ကျော် စီဖြင့် ဓားများ၊ တုတ်များ ကိုင်ဆောင် ကာ အပြန်အလှန်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခိုက်ရန် ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူများရှိခဲ့ပြီး အနီးဝန်းကျင်တွင်ရှိနေသော ကလေးငယ်တစ် ဦးကားဖြင့် တိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သာကေတ မြို့နယ် (၁၃) ရပ်ကွက်နေပြည်သူ တစ်ဦးက ပြော သည်။

‘‘ရန်ဖြစ်တဲ့သူတွေက သာ ကေတမှာ နာမည်ကြီး လူမိုက် တွေ။ နေမျိုးအောင်တို့ အဖွဲ့က လမ်းထဲ မှာ စောင့်နေ တုန်း ဟို အဖွဲ့က ကားနဲ့ဝင်လာတာ။ အဲဒီ မှာ ဓားတွေ၊ တုတ်တွေနဲ့ ခုတ်ကြ တာ။ ကားနဲ့ လိုက်တိုက်တာမှာ ကလေးငယ်တစ်ဦးကို တိုက်မိတာပဲ။ လူကတော်တော်များတယ်။ အကုန်လုံးက ဓားတွေပါနေတယ်’’ဟု ခိုက်ရန်ဖြစ်ပွားခဲ့သည့် ခိုင်ရွှေ ၀ါလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ပွဲဖြစ်ပွားသည့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူများသည် ကြောက်လန့်တ ကြားထွက်ပြေး ခဲ့ကြပြီး အိမ်တံခါး များ ပိတ်ထားကာ ရဲတပ်ဖွဲ့ရောက် ရှိလာမှသာ ခိုက်ရန်ဖြစ်ပွားသူများ ထွက်ပြေး သွားကြကြောင်း ၎င်းက ပြောသည်။

‘‘ဘယ်သူမှလည်း မတားရဲ ကြဘူး။ သူတို့နှစ်ဖွဲ့လုံးက လူမိုက်တွေချည်းပဲ။ လမ်းမကြီးပေါ်မှာ ဖြစ်နေကြ တာ။ ဒီလိုသာ ဖြစ်နေ ရင် ပြည်သူတွေ ဘယ်လိုနေရမလဲ။ လုံခြုံမှုက ဘာမှမရှိဘူး။ ရဲတွေက ဒီအမှုကို အရေးယူတာတွေ မရှိ လောက်ဘူး’’ ဟု သာကေတမြို့ နယ် ထူပါရုံရပ်ကွက်နေ အသက်(၄၀) အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

လမ်းမပေါ်တွင် မင်းမဲ့စရိုက် ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွား ခြင်းနှင့်ပတ်သက်၍ ခိုက်ရန် ဖြစ် ပွားသည့် နယ်မြေအပိုင်ဖြစ်သော သာကေတမြို့နယ် အမှတ် (၂) ရဲ တပ်ဖွဲ့သို့ အမှုဖွင့်ခြင်း ရှိ၊ မရှိ မေးမြန်းရာ ပြန် လည်ဖြေဆိုခြင်းမရှိပေ။

7Day DAILY

No comments:

Post a Comment