Friday 29 August 2014

ယူနတီသတင်းထောက်များ၏ အယူခံလွှာများ တိုင်းတရားလွှတ်တော်သို့ တင်သွင်း

နှစ်ရှည်ထောင်ဒဏ်ကျ ခံနေရသည့် ယူနတီသတင်းဂျာနယ်မှ သတင်းသမားများ၏ အယူခံလွှာကို ၎င်း တို့၏ ရှေ့နေများက မကွေးတိုင်းဒေသကြီး  တရားလွှတ်တော်သို့ သြဂုတ် ၂၈ ရက်တွင် တင်သွင်းခဲ့ကြော င်း သတင်းရရှိသည်။
နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရသော ယူနတီဂျာနယ်မှအမှုဆောင် အရာရှိ ချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက်လေးဦးကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ဟု ဆိုကာ ပခုက္ကူခရိုင် တရားသူကြီးက ဇူလိုင်လအတွင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ချမှတ်ခံထားရသည့် ပြစ်ဒဏ်များအတွက် အယူခံလွှာကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တွင် သြဂုတ် ၂၈ ရက် က အပြီးသတ်လျှောက်လဲချက် တင်သွင်းခဲ့ကြောင်း  သတင်း ထောက်များ၏ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။

‘‘ဦးတင့်ဆန်းရဲ့ ရှေ့နေက တော့ သူရဲ့ အမှုသည်ကို ပြစ်ဒဏ် ထက် ၀က်လောက်လျှော့ ချပေးဖို့ လျှောက် တယ်။ ကျွန်တော်က တော့  ကျွန်တော့် အမှုသည် သတင်း ထောက်လေးယောက်လုံးကို လုံးဝလွှတ်ပေး ဖို့ လျှောက် လိုက် တယ်’’ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

မကွေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်လဲချက် တွင် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် များ၊ လူ့အခွင့်အရေးကြေညာစာ တမ်းများကို ကိုးကားလျှောက်လဲ ခဲ့ကြောင်း ၎င်းကပြောသည်။

 မကွေးတိုင်းတရားလွှတ် တော်သို့ လျှောက်ထားခဲ့သည့် သတင်းထောက်များ၏ အယူခံလွှာ သည် အောင်မြင် ခဲ့ သည့် ဖြစ် စဉ်များရှိခဲ့ပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည့် ဒီဗီဘီသတင်း ထောက် ကို မကွေးတိုင်း တရားလွှတ်တော် ခုံရုံးက ပြစ်ဒဏ်သုံးလသို့ ပြင်ဆင်လျှော့ပေါ့သည့် အမိန့်ကို ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ခဲ့ဖူးသည်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ တပ်မတော်ကာကွယ်ရေးပစ္စည်း လက်နက်စက်ရုံကို ဓာတု လက်နက်စက်ရုံဖြစ် ကြောင်း ယူနတီဂျာနယ်မှ သတင်းရေးသားဖော်ပြမှုကြောင့် ဂျာနယ် အမှုဆောင်အရာရှိ ချုပ်နှင့် သတင်း ထောက် လေးဦးတို့ကို ယခုနှစ် ဖေဖော်ဝါရီလကတည်းက အစိုးရကထိန်းသိမ်း ခဲ့ခြင်း ဖြစ်သည်။

7Day DAILY

No comments:

Post a Comment