Friday 29 August 2014

ဘာသာစကားအခက်အခဲကြောင့် ပြည်တွင်းကစားသမားများ ပြည်ပမှ မခေါ်ယူခြင်းဖြစ်

မြန်မာကစားသမားများကို ပြည်ပနိုင်ငံများမှ ခေါ်ယူကစားခြင်းမရှိသည့် အဓိကအကြောင်းရင်းမှာ ဘာသာ စကား အားနည်းမှုကြောင့်ဖြစ်ကြောင်း ယူ-၁၉ လက်ရွေးစင် လက်ထောက်နည်းပြ ဦးညီညီလတ်က ပြော သည်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အ ဖြစ် လက်ခံကျင်းပသည့် နိုင်ငံတ ကာပြိုင်ပွဲများ၌ လာရောက် ကစားခဲ့ကြသည့် အသင်းများက မြန်မာကစားသမားများ၏ ခြေစွမ်းကို သဘောကျသော်လည်း ၎င်းတို့၏ ကလပ်အသင်း များထံခေါ် ယူ မှု မရှိသည်မှာ ဘာသာစကားအား နည်းမှုသည် အဓိကအကြောင်း ရင်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘မြန်မာကစားသမားတွေကို ပြည်ပနိုင်ငံတွေက ဘာလို့မခေါ် တာလဲဆိုရင် ဘာသာစကား အားနည်း လို့ပါ။ မြန်မာ ကစားသမားတွေက အင်္ဂလိပ်လိုပြောတဲ့နေရာမှာ အားနည်းတဲ့အတွက် အာရှအသင်းတွေ ဘယ်တော့မှခေါ်မှာ မဟုတ်ဘူး။ ကွင်းထဲမှာ နည်းပြရဲ့ ညွှန်ကြားချက်ကို လိုက်နာနိုင်ဖို့ အတွက် စကားနားလည်မှရမယ်’’ဟု ဦးညီညီလတ်က ပြောသည်။

အပျော်တမ်းလိဂ်မှ ပရော် ဖက်ရှင်နယ်လိဂ်သို့ ကူးပြောင်းပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ကစားသမားဝင် ရောက်လာခဲ့ပြီး ၎င်းတို့မှာ ဘာ သာစကားကို အဓိကထားလေ့ လာသင်ယူသည့်အတွက် ယခုလက်ရှိ ကစားနေသည့် နိုင်ငံခြားသားများမှာ မြန်မာစကားကို ကျွမ်း ကျင်စွာပြောဆိုနိုင်ကြောင်း တွေ့ ရှိရသည်။

‘‘နိုင်ငံခြားသားကစားသမား တွေ ဘယ်အသင်းမှာ ကစားလို့ ရမလဲ လိုက်ရှာနေတဲ့ အချိန်မှာ မြန်မာ ကစားသမား ကို နိုင်ငံခြား လွှတ်လိုက်ရင် ပတ်စ်ပို့ကိုတစ် ယောက်က ဖြည့်ပေးရတယ်။ လို အပ်ချက် အကုန်တောင်းတယ်။ စွန့်စားချင်တဲ့စိတ် ကြိုးစားချင်တဲ့ စိတ်အားနည်းတယ်’’ဟု မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦး ဇော်ဇော်က ပြောသည်။

မြန်မာဘောလုံးသမားများ အနေဖြင့် စွန့်စားလိုသည့် စိတ် ဓာတ်မရှိခြင်းက လက်ရွေးစင်အ သင်းထိခိုက်မှု အကြောင်းရင်း တစ်ခုဖြစ်ပြီး ပြိုင်ဘက်နိုင်ငံများ နည်းတူ ကစားသမားများ ကြိုး စားသွားကြရန်လိုကြောင်း ဦးဇော် ဇော်က ပြောသည်။

7Day DAILY

No comments:

Post a Comment