Friday 29 August 2014

သာကေတမြို့နယ်၌ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုအား အရေးယူဆောင်ရွက်လျက်ရှိ


၂၈.၈.၂၀၁၄ ရက်နေ့ ၁၂၁၅ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ၁၀/တောင် (၁၃)ရပ်ကွက်၊ ခိုင်ရွှေဝါ လမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဘက်နှင့် တစ်ဘက် ခိုက်ရန်ဖြစ်ပွားခဲ့ပါသည်။


ထိုသို့ဖြစ်ပွားကြောင်းသတင်းအရ သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များမှ သွားရောက် ထိန်းသိမ်းခဲ့ရာ အဆိုပါနေရာတွင် သာကေတမြို့နယ်၊ ၁/ထူပါရုံ ရပ်ကွက်နေ ကိုလေး(ခ) မြင့်အောင်(ခ) စောဇော်မှိုင်းပါ (၈) ဦးခန့်နှင့် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်နေ နေမျိုးအောင်ပါ(၁၀)ဦးခန့်တို့ ခဲများဖြင့် အပြန်အလှန် ပစ်ပေါက်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကိုလေး(ခ)မြင့်အောင် (ခ)စောဇော်မှိုင်း ၏ Nissan Cectric ယာဉ်မှာ ရှေ့လေကာမှန်ကွဲသွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာ အနီး၌ရပ်ကြည့်နေ သူ ၁၀/တောင်(၁၃)ရပ်ကွက်နေ ကိုနေလင်းအောင်၏ ဦးခေါင်းကိုခဲထိမှန်ခဲ့သဖြင့် ဖူးရောင် နာကျင်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း၊ ကျန်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့် အဖွဲ့တစ်ဖွဲ့မှဦးဆောင်သူ ကိုလေး(ခ)မြင့်အောင် (ခ)စောဇော်မှိုင်း၊ (၄၅)နှစ်၊ (ဘ)ဦးအုန်းရွှေအား ဖမ်းဆီးပြီး စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ အရိုးအသွား (၆)လက်မခန့်ရှိ ခေါက်ဓါး (၁)ချောင်း၊ လက်(၄)ချောင်းစွပ် သတ္ထုသံလက်သီးကွင်း(၁)ကွင်း၊ WARNING တံဆိပ်ပါ စက္ကူပတ် လျက် ဗျောက်အိုး (၁)ခု၊ လက်ကိုင်ဖုန်း(၁)လုံး၊ ဖုန်းအိတ် (၁)ခု၊ အနက်ရောင် ခါးပတ်(၁)ချောင်း တို့ကိုတွေ့ ရှိ ခဲ့သဖြင့် ၎င်းကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၅၂၇/၂၀၁၄၊ လက်နက် ဥပဒေ ပုဒ်မ-၁၉(င) ဖြင့် လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိပါးနှောက်ယှက်မှုပြုလုပ် ခဲ့သဖြင့် သာကေတမြို့မရဲစခန်း (ပ)၄၁၄/၂၀၁၄၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ-၅(၁)(စ)(ဆ) ဖြင့် လည်းကောင်း၊ အခင်းဖြစ်ပွားစဉ်က ဗျောက်အိုး(၂)ချက်ပစ်ဖောက်ခဲ့သည့် အတွက် သာကေတနယ်မြေ ရဲစခန်း(ပ)၅၀၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၈၆ ဖြင့် လည်းကောင်း အမှုများအသီးသီး ရေးဖွင့်ကာ အရေး ယူဆောင်ရွက်ခဲ့ပါသည်။

ကျန်တစ်ဖွဲ့မှ ဦးဆောင်သူ နေမျိုးအောင်၊ (၃၇)နှစ်၊ (ဘ)ဦးဌေးအောင်ကိုလည်း ရပ်ရွာအေးချမ်းသာ ယာရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောက်ယှက်မှုပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး သာကေတနယ်မြေ ရဲစခန်း (ပ)၅၀၆/၂၀၁၄၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ-၅(၁)(စ)(ဆ) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် ခဲ့ပါသည်။

၎င်းဖြစ်စဉ်အား On Line မီဒီယာအချို့မှ သတင်းဖော်ပြရာတွင် အခင်းဖြစ်ပွားစဉ်က နှစ်ဖွဲ့ပေါင်း လူ(၅၀)ခန့် ရှိကြောင်း၊ သေနတ်ပစ်ဖောက်သံ ကဲ့သို့ အသံ(၂)ချက်ကြားရကြောင်းတို့ကို ရေးသားခဲ့ကြရာ စိစစ်ချက်များ အရ ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်း ပါ(၈)ဦးခန့်နှင့် နေမျိုးအောင် ပါ(၁၀)ဦးခန့်တို့သာ နှစ်ဘက် ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်ပြီး သေနတ်ပစ်ဖောက် သံကဲ့သို့ကြားရသည်ဆိုသောအသံ မှာလည်း သေနတ် ပစ်ဖောက်ခြင်း မဟုတ်ဘဲ ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်းမှ ဗျောက်အိုး(၂)ချက် ဖောက်ခဲ့ခြင်း သာ ဖြစ်ကြောင်း ဖော်ပြအပ်ပါ သည်။

Yangon Police

No comments:

Post a Comment