Friday 29 August 2014

စတော့အိတ်ချိန်းဈေးကွက် လာမည့်နှစ်တွင် ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေဟုဆို

ငွေကြေးဈေး ကွက် (စတော့အိတ်ချိန်း)ကို လာမည့် ၂၀၁၅ အောက်တိုဘာတွင် စတင်ကျင့်သုံးနိုင် ရန် ဆောင် ရွက်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
လက်ရှိတွင် ကဏ္ဍသုံးရပ်ကို သတ်မှတ်ဆောင်ရွက်နေပြီး အုပ် ချုပ်မှုအပိုင်း၊ စတော့အိတ်ချိန်း ပေါ်ထွက် လာရေးနှင့် ပညာပေး သည့်အပိုင်းများကို ဆောင် ရွက် နေသည်ဟု ဒုဝန်ကြီးက ပြော ကြားသည်။

‘‘အရေးကြီးတဲ့ အုပ်ချုပ်မှု အပိုင်းမှာ ငွေကြေးသက်သေခံ လက်မှတ်ကော်မရှင်ကို စာရင်း၊ ဥပဒေဆိုင်ရာ ကျွမ်းကျင် ပညာရှင် များနဲ့ ဖွဲ့စည်းပြီး အစည်းအဝေး တွေ စလုပ်နေ ပါပြီ’’ဟု ဒေါက်တာ မောင်မောင်သိမ်း က ပြောကြားသည်။

ဆက်လက်၍ စတော့အိတ် ချိန်းတည်ထောင်ရန် ဂျပန်နိုင်ငံမှ စတော့အိတ်ချိန်း ကုမ္ပဏီ များနှင့် မြန်မာ စီးပွားရေး ဘဏ်တို့ညှိနှိုင်း ကာ စီးပွားရေးကော်မရှင် ထံတင် ပြထားပြီးဖြစ်ကြောင်း သိရသည်။

 ထို့အပြင် ရုံးခန်း တည် ဆောက်ရန် ပြည်ထောင်စုဘဏ် နေရာကို သတ်မှတ် ထားပြီး ဘတ် ဂျက်ကိုလည်း လျာထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။

ငွေကြေးဆိုင်ရာ နည်းဥပဒေ ရေးဆွဲပြီးဖြစ်၍ ရှေ့နေချုပ်ရုံးမှ အတည်ပြုချက် ရရှိပြီးဖြစ် ကာ လာမည့် လွှတ်တော်တွင် တင်ပြ သွားမည်ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်း က ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာ ဌာနပေါင်းစုံမှ  ဝန်ထမ်းများကို စတော့အိတ်ချိန်းနှင့် ပတ်သက်၍ သင်တန်းများ ပို့ချပေးနေပြီး ယင်း ဈေးကွက်တွင် အရောင်း အဝယ် ပြုလုပ်မည့် ကုမ္ပဏီများနှင့် ပြည် သူများကိုလည်း ပညာပေး သည့် အပိုင်းများ ဆောင်ရွက်နေပြီဖြစ် ကြောင်း ဦးမောင်မောင်သိမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ငွေကြေး ဈေးကွက်ကို စတင်ဆောင်ရွက် မည်ဖြစ်သော ကြောင့် လုပ်ငန်း အတွေ့အကြုံ မရှိ၍ အခက်အခဲများစွာ ရှိနေ ကြောင်း၊ အထက်ပါသတ်မှတ် ရက်ထက် ဆောလျင် စွာဆောင် ရွက်ရန်ရှိကြောင်း ၎င်းက ပြော ကြားသည်။

7Day DAILY

No comments:

Post a Comment