Friday 29 August 2014

ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ

Photo: ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ
Friday, August 29, 2014

၂၀၁၃၊ ၂၀၁၄ ရာသီအတွက် ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒို ရရှိသွားပါတယ်။

အသက် ၂၉ နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်မှာ ၁၇ ဂိုးသွင်း ထားပြီး ရီရဲလ်မက်ဒရစ်ကို ၁၀ ကြိမ်မြောက် ဗိုလ်စွဲအောင် ကူညီနိုင်ခဲ့ပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်က အာဂျန်ရော်ဘင်နဲ့ ဂိုးသမား နူအာတို့ကို ဖြတ်ကျော်ပြီး ရရှိခဲ့တာပါ။

“ဒီဆုအတွက် အသင်းဖော်တွေကို ကျေးဇူးတင် ရမှာပါ။ အသင်းဖော်တွေ မကူညီဘဲ တယောက်တည်းအစွမ်းနဲ့ ဆုရဖို့ မဖြစ်နိုင်ပါဘူး” လို့ ရော်နယ်ဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဥရောပရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ရီဘာရီက ရရှိထားပါတယ်။

ဒီဗွီဘီ
၂၀၁၃၊ ၂၀၁၄ ရာသီအတွက် ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒို ရရှိသွားပါတယ်။
အသက် ၂၉ နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်မှာ ၁၇ ဂိုးသွင်း ထားပြီး ရီရဲလ် မက်ဒရစ်ကို ၁၀ ကြိမ်မြောက် ဗိုလ်စွဲအောင် ကူညီနိုင်ခဲ့ပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်က အာဂျန်ရော်ဘင် နဲ့ ဂိုးသမား နူအာတို့ကို ဖြတ်ကျော်ပြီး ရရှိခဲ့တာပါ။

“ဒီဆုအတွက် အသင်းဖော်တွေကို ကျေးဇူးတင် ရမှာပါ။ အသင်းဖော်တွေ မကူညီဘဲ တယောက်တည်း အစွမ်း နဲ့ ဆုရဖို့ မဖြစ်နိုင်ပါဘူး” လို့ ရော်နယ်ဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဥရောပရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ရီဘာရီက ရရှိထားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment