Wednesday 13 August 2014

ရှိန်းလောင်းအတွက် ဆောက်သမ်တန်၏ ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းမှုကို ဟားလ်စီးတီးလက်ခံ

Photo: ရှိန်းလောင်းအတွက် ဆောက်သမ်တန်၏ ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းမှုကို ဟားလ်စီးတီးလက်ခံ
Wednesday, August 13, 2014

တိုက်စစ်မှူးရှိန်းလောင်းကိုခေါ်ယူရန်အတွက် ဆောက်သမ်တန်က ပေါင်၁၂ သန်းဖြင့် ကမ်းလှမ်းလာမှုအား ဟားလ်စီးတီးအသင်းက လက်ခံလိုက်ပြီဖြစ်သည်။

တိုက်စစ်မှူးသစ်ပယ်လီနှင့်တွဲဖက်ကစားစေရန်ပရီးမီးယားလိဂ်အတွေ့အကြုံရှိတိုက်စစ်မှူးတစ်ဦးလိုချင်နေသည့်နည်းပြကိုးမန်း အတွက် ရှိန်းလောင်းက သင့်တော်ကြောင်းဆောက်သမ်တန်ကင်းထောက်အဖွဲ့မှ အကြံပြုခဲ့ခြင်းဖြစ်သည်။ ရှိန်းလောင်းသည်ပြီးခဲ့သည့် ဇန်န၀ါရီတွင် ၀က်စ်ဘရွန်းမှ ဟားလ်စီးတီးသို့ ပေါင်ခုနစ်သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
 
သို့ဖြစ်ရာဟားလ်စီးတီးအသင်းအနေဖြင့်အချိန်တိုတွင်းပြန်လည်ရောင်းချခြင်းဖြစ်သော်လည်း အမြတ်အစွန်းရခဲ့သည်။ဟားလ်စီးတီးအသင်းနည်းပြ စတိဗ်ဘရုစ် သည် တိုက်စစ်မှူးနေရာကိုအစားထိုးဖြည့်တင်းရန်အတွက် လီဗာပူးလ်တိုက်စစ်မှူး ဘိုရီနီကိုစိတ်ဝင်စားနေသည်။
 
အဆိုပါအီတလီတိုက်စစ်မှူးသည် ဆန်းဒါးလန်းအသင်းသို့ ပေါင်၁၄ သန်းဖြင့်ရောက် ရှိမည်ဟု သတင်းထွက် နေသော်လည်းအခြားကစားသမားများခေါ်ယူချင်နေသေးသော ဆန်းဒါးလန်းနည်းပြ ပိုယက်စ်ကြောင့်အပြောင်းအရွှေ့ကြန့်ကြာနေရသည်။
 
ဟားလ်စီးတီးနည်းပြ စတိဗ်ဘရုစ်သည်ဘိုရီနီအပြင် ကော်နာဝစ်ဟမ်း၊ ဆာခိုနှင့် ဘန်တနာတို့ကိုလည်းခေါ်ယူရန်ချိန်ဆနေသည်။ ဆောက်သမ်တန်အသင်းသည် လိဒ်တိုက်စစ်မှူး ဘီလီရှက်ကိုပေါင် လေးသိန်းခွဲဖြင့်ခေါ်ယူရန်လည်း သဘောတူညီမှုရထားသည်။

 ဒေးလီးမေးလ်
တိုက်စစ်မှူးရှိန်းလောင်းကိုခေါ်ယူရန်အတွက် ဆောက်သမ်တန်က ပေါင်၁၂ သန်းဖြင့် ကမ်းလှမ်းလာမှုအား ဟားလ်စီးတီးအသင်းက လက်ခံလိုက်ပြီဖြစ်သည်။တိုက်စစ်မှူးသစ်ပယ်လီနှင့်တွဲဖက်ကစားစေရန်ပရီးမီးယားလိဂ်အတွေ့အကြုံရှိတိုက်စစ်မှူးတစ်ဦးလိုချင်နေသည့်နည်းပြကိုးမန်း အတွက် ရှိန်းလောင်းက သင့်တော်ကြောင်းဆောက်သမ်တန်ကင်းထောက်အဖွဲ့မှ အကြံပြုခဲ့ခြင်းဖြစ်သည်။ ရှိန်းလောင်းသည်ပြီးခဲ့သည့် ဇန်န၀ါရီတွင် ၀က်စ်ဘရွန်းမှ ဟားလ်စီးတီးသို့ ပေါင်ခုနစ်သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
သို့ဖြစ်ရာဟားလ်စီးတီးအသင်းအနေဖြင့်အချိန်တိုတွင်းပြန်လည်ရောင်းချခြင်းဖြစ်သော်လည်း အမြတ်အစွန်းရခဲ့သည်။ဟားလ်စီးတီးအသင်းနည်းပြ စတိဗ်ဘရုစ် သည် တိုက်စစ်မှူးနေရာကိုအစားထိုးဖြည့်တင်းရန်အတွက် လီဗာပူးလ်တိုက်စစ်မှူး ဘိုရီနီကိုစိတ်ဝင်စားနေသည်။

အဆိုပါအီတလီတိုက်စစ်မှူးသည် ဆန်းဒါးလန်းအသင်းသို့ ပေါင်၁၄ သန်းဖြင့်ရောက် ရှိမည်ဟု သတင်းထွက် နေသော်လည်းအခြားကစားသမားများခေါ်ယူချင်နေသေးသော ဆန်းဒါးလန်းနည်းပြ ပိုယက်စ်ကြောင့်အပြောင်းအရွှေ့ကြန့်ကြာနေရသည်။

ဟားလ်စီးတီးနည်းပြ စတိဗ်ဘရုစ်သည်ဘိုရီနီအပြင် ကော်နာဝစ်ဟမ်း၊ ဆာခိုနှင့် ဘန်တနာတို့ကိုလည်းခေါ်ယူရန်ချိန်ဆနေသည်။ ဆောက်သမ်တန်အသင်းသည် လိဒ်တိုက်စစ်မှူး ဘီလီရှက်ကိုပေါင် လေးသိန်းခွဲဖြင့်ခေါ်ယူရန်လည်း သဘောတူညီမှုရထားသည်။

 ဒေးလီးမေးလ်

No comments:

Post a Comment