Saturday 14 June 2014

ငါးသယံဇာတများလျော့နည်းလာခြင်းက လင်းပိုင်များ အသက်ရှင်ရေးအခက်တွေ့စေ

Photo: ငါးသယံဇာတများလျော့နည်းလာခြင်းက လင်းပိုင်များ အသက်ရှင်ရေးအခက်တွေ့စေ
Saturday, June 14, 2014

ငါးဖမ်းလုပ်သားများအနီး လာရောက်ကူညီနေသော ဧရာဝတီလင်းပိုင်တစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ - Brian Smith)
ဧရာဝတီမြစ်အတွင်း ငါးသယံဇာတများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာခြင်းကလင်းပိုင်များအသက်ရှင် ရပ်တည်မှုအတွက်  အခက်အခဲများကြုံတွေ့နေရကြောင်း  သတင်းရရှိသည်။

  မြစ်အတွင်းရှိငါးများကိုဘက်ထရီရှော့ခ်တိုက်ဖမ်းမှုများ ပြားလာခြင်း၊ ပိုက်ကွန်အစိပ်များ ဖြင့် ငါးသားပေါက်များပါမကျန် ဖမ်းဆီးလာကြခြင်း၊ ရာသီဥတု ပြင်းထန်လာခြင်း၊ ရွှေတူးဖော် လုပ်ငန်းမှ စွန့်ပစ်ရေများကို မြစ် အတွင်းတိုက်ရိုက်စွန့်ထုတ်ခြင်း၊ သစ်တော  ပြုန်းတီးမှုများကြောင့် မြစ်အတွင်း  နုန်းကျရောက်မှုပိုမိုမြင့်မားလာခြင်း စသည့်အချက်များကြောင့် ဧရာဝတီမြစ်အတွင်းငါးသယံဇာတများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာသည့်အတွက်ငါးများကို စားသုံးပြီးကျင်လည်ကျက်စားနေသည့် ဧရာဝတီလင်းပိုင်များအတွက် အစာအခက်အခဲရှိလာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

‘‘လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီလိုအချိန်ဆို  ငါးနှစ်ပိဿာ၊  သုံး ပိဿာရဖို့ ဆိုတာခဏလေး။ အခု တော့ တစ်နေကုန်နေရင်တောင် ငါးဆယ်သားလောက်ရဖို့ မလွယ် တော့ဘူး။ ငါးဆိုတာ လင်းပိုင်ရဲ့ အစားအစာဖြစ်လို့ သူတို့အတွက် လည်း ရပ်တည်ဖို့ ခက်ခဲလာပြီ။ တစ်နှစ်ထက် တစ်နှစ်ပိုခက်ခဲလာ နိုင်တယ်’’ဟု ယင်းဌာနမှ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် မျိုးသုဉ်း ရှားပါးရေသတ္တ၀ါထိန်းသိမ်းရေး ဌာနစုမှ လက်ထောက်ဦးစီးမှူး ဦးဟန်ဝင်းကပြောသည်။

လင်းပိုင်များအတွက် အစာ ရှားပါးမှုမကြုံစေရေး  ၎င်းတို့ အများဆုံးကျင်လည်ကျက်စား သည့်  မန္တလေးမြို့မှ ဗန်းမော်မြို့ ထိ  ဧရာဝတီမြစ်ကြောင်းတစ် လျှောက်တွင် ငါးသယံဇာတများ ပြန်လည်များပြားလာစေရန် ကန်များဖြင့် ငါးမွေးကာ မြစ်အတွင်းငါးများ ပြန်ဖြည့်ခြင်းများ ပြုလုပ်သွားရန် ငါးလုပ်ငန်းဦးစီးဌာနကစီစဉ်နေပြီဖြစ်ကြောင်း ၎င်းကထည့်သွင်းပြောသည်။

ယခုနှစ်အတွင်းပြုလုပ်ရန် စီစဉ်ထားသည့် လင်းပိုင်များ ကြည့်ရှုနိုင်မည့် ခရီးသွားလုပ်ငန်း စတင်ပါက လာရောက်လေ့လာသူများအနေဖြင့် လင်းပိုင်စာအဖြစ် ငါးသားပေါက်များ ကျွေးနိုင်မည့် အစီအစဉ်လည်း ထည့်သွင်းမည်ဖြစ်၍  တစ်နိုင်တစ်ပိုင်ငါးမွေးမြူမှုများပြုလုပ်ထားရန် လင်းပိုင်များ ကျက်စာလေ့ရှိသည့် နေရာတစ် ၀ိုက်ရှိ ရွာများအား စည်းရုံးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးနယ် မြေဖြစ်သည့် မန္တလေးမြို့မှကျောက်မြောင်းမြို့အကြား မြစ်ကြောင်းတစ်လျှောက်တွင် လင်းပိုင်ကောင်ရေ ၂၂ ကောင်ရှိပြီး မန္တလေးမြို့မှ ဗန်းမော်မြို့အထိဆိုပါက စုစုပေါင်းအကောင်ရေ ၆၃ ကောင်ခန့်ရှိနေကြောင်း ယင်းနယ်မြေထိန်းသိမ်းရေးလုပ်ငန်းမှ သတင်းရရှိသည်။

7Day DAILY
ငါးဖမ်းလုပ်သားများအနီး လာရောက်ကူညီနေသော ဧရာဝတီလင်းပိုင်တစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ - Brian Smith)
ဧရာဝတီမြစ်အတွင်း ငါးသယံဇာတများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာခြင်းက လင်းပိုင်များအသက်ရှင် ရပ်တည်မှုအတွက်  အခက်အခဲများကြုံတွေ့နေရကြောင်း  သတင်း ရရှိသည်။

  မြစ်အတွင်းရှိငါးများကိုဘက်ထရီရှော့ခ်တိုက်ဖမ်းမှုများ ပြားလာခြင်း၊ ပိုက်ကွန်အစိပ်များ ဖြင့် ငါးသားပေါက်များပါမကျန် ဖမ်းဆီးလာကြခြင်း၊ ရာသီဥတု ပြင်းထန်လာခြင်း၊ ရွှေတူးဖော် လုပ်ငန်းမှ စွန့်ပစ်ရေများကို မြစ် အတွင်းတိုက်ရိုက်စွန့်ထုတ်ခြင်း၊ သစ်တော  ပြုန်းတီးမှုများကြောင့် မြစ်အတွင်း  နုန်းကျရောက်မှုပိုမိုမြင့်မားလာခြင်း စသည့်အချက်များကြောင့် ဧရာဝတီမြစ်အတွင်းငါးသယံဇာတများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာသည့်အတွက်ငါးများကို စားသုံးပြီးကျင်လည်ကျက်စားနေသည့် ဧရာဝတီလင်းပိုင်များအတွက် အစာအခက်အခဲရှိလာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

‘‘လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီလိုအချိန်ဆို  ငါးနှစ်ပိဿာ၊  သုံး ပိဿာရဖို့ ဆိုတာခဏလေး။ အခု တော့ တစ်နေကုန်နေရင်တောင် ငါးဆယ်သားလောက်ရဖို့ မလွယ် တော့ဘူး။ ငါးဆိုတာ လင်းပိုင်ရဲ့ အစားအစာဖြစ်လို့ သူတို့အတွက် လည်း ရပ်တည်ဖို့ ခက်ခဲလာပြီ။ တစ်နှစ်ထက် တစ်နှစ်ပိုခက်ခဲလာ နိုင်တယ်’’ဟု ယင်းဌာနမှ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် မျိုးသုဉ်း ရှားပါးရေသတ္တ၀ါထိန်းသိမ်းရေး ဌာနစုမှ လက်ထောက်ဦးစီးမှူး ဦးဟန်ဝင်းကပြောသည်။

လင်းပိုင်များအတွက် အစာ ရှားပါးမှုမကြုံစေရေး  ၎င်းတို့ အများဆုံးကျင်လည်ကျက်စား သည့်  မန္တလေးမြို့မှ ဗန်းမော်မြို့ ထိ  ဧရာဝတီမြစ်ကြောင်းတစ် လျှောက်တွင် ငါးသယံဇာတများ ပြန်လည်များပြားလာစေရန် ကန်များဖြင့် ငါးမွေးကာ မြစ်အတွင်းငါးများ ပြန်ဖြည့်ခြင်းများ ပြုလုပ်သွားရန် ငါးလုပ်ငန်းဦးစီးဌာနကစီစဉ်နေပြီဖြစ်ကြောင်း ၎င်းကထည့်သွင်းပြောသည်။

ယခုနှစ်အတွင်းပြုလုပ်ရန် စီစဉ်ထားသည့် လင်းပိုင်များ ကြည့်ရှုနိုင်မည့် ခရီးသွားလုပ်ငန်း စတင်ပါက လာရောက်လေ့လာသူများအနေဖြင့် လင်းပိုင်စာအဖြစ် ငါးသားပေါက်များ ကျွေးနိုင်မည့် အစီအစဉ်လည်း ထည့်သွင်းမည်ဖြစ်၍  တစ်နိုင်တစ်ပိုင်ငါးမွေးမြူမှုများပြုလုပ်ထားရန် လင်းပိုင်များ ကျက်စာလေ့ရှိသည့် နေရာတစ် ၀ိုက်ရှိ ရွာများအား စည်းရုံးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးနယ် မြေဖြစ်သည့် မန္တလေးမြို့မှကျောက်မြောင်းမြို့ အကြား မြစ်ကြောင်းတစ်လျှောက်တွင် လင်းပိုင်ကောင်ရေ ၂၂ ကောင်ရှိပြီး မန္တလေးမြို့မှ ဗန်းမော်မြို့အထိ ဆိုပါက စုစုပေါင်းအကောင်ရေ ၆၃ ကောင်ခန့်ရှိနေကြောင်း ယင်းနယ်မြေထိန်းသိမ်းရေးလုပ်ငန်းမှ သတင်း ရရှိသည်။

7Day DAILY 

No comments:

Post a Comment