Saturday 14 June 2014

ထိုင်းစစ်အစိုးရ ညမထွက်ရအမိန့် ရုပ်သိမ်း

ထိုင်းစစ်အစိုးရက ညမထွက်ရအမိန့်ကို တနိုင်ငံလုံးမှာ ရုပ်သိမ်းလိုက်ပြီလို့ ဇွန်လ ၁၃ ရက်နေ့က ကြေညာ ပါတယ်။

တနိုင်ငံလုံးမှာ အကြမ်းဖက်မှုတွေ မရှိတော့တာကြောင့်နဲ့ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း တိုးတက်လာဖို့ ရည်ရွယ်တယ်လို့ ထိုင်းစစ်အစိုးရဗိုလ်ချုပ်ကြီး က ဇွန်လ ၁၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အဓိကခရိုင် ၃၀ မှာ စစ်အုပ်ချုပ်ရေးဥပဒေကို ပြီးခဲ့တဲ့ရက်တွေအတွင်း အရင် ရုပ်သိမ်းခဲ့ပြီးဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်နေ့မှာတော့ ဘန်ကောက်မြို့တော်အပါအ၀င် ကျန်နေသေးတဲ့ ခရိုင် ၄၇ ခရိုင် မှာ ပြန်လည် ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ နေ့စဉ်လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေစေဖို့ စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်လည်ရုပ်သိမ်း ပေးခဲ့ တာဖြစ်တယ်လို့လည်း ထိုင်းဗိုလ်ချုပ်ကြီးက တိုင်းပြည်ကိုပြောကြားတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ထည့် သွင်း ပေးဆိုခဲ့ပါတယ်။

 ဒီဗွီဘီ

No comments:

Post a Comment