Saturday 14 June 2014

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းသည့်အိမ်မှ ရဲနှစ်ဦးဖမ်းမိ

ဒေသခံများဖွဲ့စည်းထား သည့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်နေသော နာမည်ကြီး အိမ်၌ ရဲဝန်ထမ်းနှစ်ဦးကို ဖမ်းမိခဲ့ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ခုံရုံးတင်စစ်ဆေးအရေး ယူနေကြောင်း သတင်းရရှိသည်။

‘‘ခုံရုံးဖွဲ့ပြီးစစ်ဆေးချက်ကို နေပြည်တော်ပို့ထားတယ်’’ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ဖမ်းဆီးရမိသည့်ရဲသားနှစ် ဦးသည် ရဲတပ်ရင်း (၃၀)မှတပ် သားများဖြစ်ပြီး ထိုနှစ်ဦးကို မေလ ၂၁ ရက်က ကမန်ခိန် ဆရာ ကထောင်ကျေးရွာရှိ မူးယစ်နာမည်ကြီးနေသည့်အိမ်တွင် အခြား သာမန်ပြည်သူ သုံးဦးနှင့် အတူ ဒေသခံများက ဖမ်းမိခဲ့ခြင်းဖြစ် သည်။

 အဆိုပါမူးယစ်ကျော်စော အိမ်သည် ရဲများနှင့်ပူးပေါင်းကာ လှုပ်ရှားနေသည့်သတင်းကြားနေ သည်မှာ ကာလအတော်ကြာနေ ပြီဖြစ်ပြီး ဒေသခံများသွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ကချင်ပြည်နယ်ဒေသခံများသည် မူးယစ်ဆေးဝါးသုံးစွဲသူများ တစ်နှစ်ထက် တစ်နှစ်ပို မိုများပြားလာသည့် အတွက် ယင်းအန္တရာယ်ပပျောက်အောင် အဖွဲ့များဖွဲ့ကာ ပြည်သူလူထုလှုပ်ရှားမှုများ စတင်လျက်ရှိသည်။

7 Day News daily 

No comments:

Post a Comment