Saturday 14 June 2014

ဆင်းကတ်တွေ သန်းနဲ့ချီမရောင်းခင် ဈေးကွက်ထဲကို ချယ်ရီမိုဘိုင်းလ်တွေ ဝင်လာပြီ

ဖိလစ်ပိုင်နိုင်ငံထုတ် ချယ်ရီမိုဘိုင်းလ်ဖုန်းတွေကိုရောင်းချဖို့ မြန်မာနိုင်ငံမှာ ပထမဆုံး အရောင်းပြခန်းရဲ့ ဝန်ဆောင်မှုဌာနကို ရန်ကုန် ပန်းဆိုးတန်းတာဝါမှာ ဇွန် ၁၄ရက်နေ့က ဖွင့်လှစ်လိုက်ပါပြီ။ တန်ဖိုးနည်းပြီး သုံးစွဲသူတွေနဲ့ အံကိုက်ဖြစ်မယ့် မြန်မာပြည်ဖုန်းလောကကို ချယ်ရီဘာ့ကြောင့် ဝင်လာတာလဲ။

Android ဖုန်းတွေကို အနည်းဆုံး ကျပ် ၅သောင်း၉ထောင်လောက်ကနေ ၂သိန်းခွဲလောက်အထိ ဈေး သတ်မှတ် ထားပြီး ကျပ် တစ်သောင်းခြောက်ထောင်တန် Keypad ဖုန်းတွေလည်း ပါဝင်တဲ့ ချယ်ရီမိုဘိုင်းလ် ဟာ ရန်ကုန်မှာ အခြေကျတဲ့အခါ နယ်တွေကို အဓိကထားဖြန့်မယ်လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ မနှစ်ကစပြီး ချယ်ရီဖုန်းတွေကို ထိုင်းနဲ့ဖိလစ်ပိုင်ကနေ စတင်သွင်းခဲ့တာဖြစ်ပြီး အခု အရောင်းပြခန်းမှာ မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ အမျိုးအစားတွေကို မိတ်ဆက်ထားသလို တစ်နှစ် Warranty ပေးထားတယ်လို့ ဆိုပါတယ်။ 

မိုဘိုင်းလ်ဖုန်းသုံးသူတွေ ခေတ်နဲ့အညီ သုံးစွဲနိုင်ဖို့ Apps တွေလည်း ထည့်ထားသလို ကျပ် ၂သိန်း ၃သောင်း တန် Cosmos X နဲ့ ၂သိန်း ၆သောင်းတန် Cosmos X1 တို့ဟာ HSPA လိုင်းဆွဲအားရှိပြီး 18MP ရှိတဲ့ ကင်မရာတွေပါဝင်တာကြောင့် ဓာတ်ပုံတွေဟာ ကြည်လင်ပြတ်သားတယ်လို့ James က ပြောဆိုပါတယ်။ 

kamayutmedia 

https://www.youtube.com/watch?v=JgYttPJHBc4

No comments:

Post a Comment