Saturday 14 June 2014

မဟာသန္တိသုခမှ သံဃာငါးပါးအား လူဝတ်လဲ၍ အင်းစိန်ထောင်သို့ပို့

Photo: မဟာသန္တိသုခမှ သံဃာငါးပါးအား လူဝတ်လဲ၍ အင်းစိန်ထောင်သို့ပို့
Saturday, June 14, 2014

မဟာသန္တိသုခကျောင်း တိုက်ကို ချိပ်ပိတ်ပြီး ဖယ်ရှား အရေးယူခံထားရသော ပီနန် ဆရာတော်ကြီး၏ တပည့်အရင်း ဖြစ်သူ ဆရာတော်ဦးဥတ္တရ(အင်္ဂ လန်)နှင့် သံဃာ လေးပါးအား  ဇွန် လ၁၃ ရက်က လူဝတ်လဲကာ တာ မွေမြို့နယ်တရားရုံးတွင် ရုံးထုတ် ၍ အင်းစိန်ထောင်သို့ ပို့ဆောင် လိုက်ကြောင်း သတင်းရရှိသည်။

မဟာသန္တိသုခ ကျောင်း တိုက်တွင် သီတင်းသုံးနေသော ဆရာတော်ဦးဥတ္တရ(အင်္ဂလန်) နှင့် သံဃာတော် လေးပါးအားသာသနာတော် ညှိုးနွမ်းစေမှုဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

‘‘ဦးဉ္စင်းကြားတာက ဒီနေ့ ပြန်လွှတ်မယ်လို့ ကြားတာပါ။ ဘာဖြစ်လို့ လူဝတ်လဲလိုက်တာ လဲ။ သူတို့က လူဝတ်လဲချင်တိုင်း လဲလို့ရတယ်လား’’ဟု ဂျပန်နိုင်ငံ သို့ ရောက်ရှိနေသော ပီနန်ဆရာ တော် ဦးပညာဝံသက မိန့်သည်။

‘‘ဒီနေ့ပဲ လူဝတ်လဲလိုက် တယ်ပြောလို့ တာမွေတရားရုံးကို လိုက်သွားပါတယ်။ ဦးဥတ္တရနဲ့ သံဃာလေးပါးလူဝတ်လဲခံရတာ ဟုတ်ပါတယ်။ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ဇွန် ၂၀ ရက်နေ့မှာ တာမွေတရားရုံးမှာပဲ ရုံးထုတ်မယ်လို့ သိရပါတယ်’’ဟု ဆရာတော် ဦးဥတ္တရ(အင်္ဂလန်)နှင့် သံဃာ လေးပါးအား လူဝတ်လဲခံရမှုနှင့်  ပတ်သက်ပြီး တာမွေတရားရုံးသို့ သွားရောက်ခဲ့သူ မကွေးကျောင်း တိုက်ဆရာတော်ဦးပါမောက္ခက မိန့်သည်။

တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို တိုင်းသံဃနာ ယကဆရာတော်များဦးဆောင်၍ သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ ရာနှင့်ချီ၍ ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်က ၀င်ရောက်စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များအား ဖယ်ရှား၍ ကျောင်းတိုက်ကိုချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။

ကျောင်းတိုက်ချိပ်ပိတ်ဖယ် ရှားချိန်တွင် ကျောင်းတိုက် အ တွင်း၌ရှိနေသော အင်္ဂလန်ဆရာ တော် အပါအ၀င် သံဃာကိုးပါး အား သံဃာ့လုပ်ထုံးလုပ်နည်းများ ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး လူ ပုဂ္ဂိုလ် ၃၂ ဦးအား တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

7Day DAILY
မဟာသန္တိသုခကျောင်း တိုက်ကို ချိပ်ပိတ်ပြီး ဖယ်ရှား အရေးယူခံထားရသော ပီနန်ဆရာတော်ကြီး၏ တပည့် အရင်း ဖြစ်သူ ဆရာတော်ဦးဥတ္တရ(အင်္ဂ လန်)နှင့် သံဃာ လေးပါးအား  ဇွန် လ၁၃ ရက်က လူဝတ် လဲကာ တာ မွေမြို့နယ်တရားရုံးတွင် ရုံးထုတ် ၍ အင်းစိန်ထောင်သို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိသည်။

မဟာသန္တိသုခ ကျောင်း တိုက်တွင် သီတင်းသုံးနေသော ဆရာတော်ဦးဥတ္တရ(အင်္ဂလန်) နှင့် သံဃာတော် လေးပါးအားသာသနာတော် ညှိုးနွမ်းစေမှုဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

‘‘ဦးဉ္စင်းကြားတာက ဒီနေ့ ပြန်လွှတ်မယ်လို့ ကြားတာပါ။ ဘာဖြစ်လို့ လူဝတ်လဲလိုက်တာ လဲ။ သူတို့က လူဝတ် လဲချင်တိုင်း လဲလို့ရတယ်လား’’ဟု ဂျပန်နိုင်ငံ သို့ ရောက်ရှိနေသော ပီနန်ဆရာ တော် ဦးပညာဝံသ က မိန့်သည်။

‘‘ဒီနေ့ပဲ လူဝတ်လဲလိုက် တယ်ပြောလို့ တာမွေတရားရုံးကို လိုက်သွားပါတယ်။ ဦးဥတ္တရနဲ့ သံဃာလေးပါး လူဝတ်လဲခံရတာ ဟုတ်ပါတယ်။ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ဇွန် ၂၀ ရက်နေ့မှာ တာမွေတရားရုံးမှာပဲ ရုံး ထုတ်မယ်လို့ သိရပါတယ်’’ဟု ဆရာတော် ဦးဥတ္တရ(အင်္ဂလန်)နှင့် သံဃာလေးပါးအား လူဝတ်လဲခံရမှုနှင့်  ပတ်သက်ပြီး တာမွေတရားရုံးသို့ သွားရောက်ခဲ့သူ မကွေးကျောင်းတိုက်ဆရာတော်ဦးပါမောက္ခက မိန့်သည်။

တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို တိုင်းသံဃနာ ယကဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ ရာနှင့်ချီ၍ ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်က ၀င်ရောက်စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များအား ဖယ်ရှား၍ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။

ကျောင်းတိုက်ချိပ်ပိတ်ဖယ် ရှားချိန်တွင် ကျောင်းတိုက် အ တွင်း၌ရှိနေသော အင်္ဂလန်ဆရာ တော် အပါ အ၀င် သံဃာကိုးပါး အား သံဃာ့လုပ်ထုံးလုပ်နည်းများ ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး လူ ပုဂ္ဂိုလ် ၃၂ ဦးအား တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

7Day DAILY  

No comments:

Post a Comment