Saturday 14 June 2014

စပိန်၏ အကောင်းဆုံးအချိန်များ မကုန်ဆုံးသေးဟု ဒဲလ်ဘော့စ် ဆို

စပိန်လက်ရွေးစင်အသင်းနည်းပြ ဒဲလ်ဘော့စ်က ၎င်းတို့အသင်း၏ အကောင်းဆုံးအချိန်များ ကုန်ဆုံးသွားပြီ ဆိုသည့် သုံးသပ်ချက်များကို ငြင်းဆန်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် အစားထိုးရန် လူငယ်ကစားသမား များစွာရှိနေကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

စပိန်အသင်းတွင် ၂၀၁၀ ကမ္ဘာ့ဖလား နှင့် ယူရို-၂၀၁၂ ချန်ပီယံအသင်းမှ ၀ါရင့်ကစားသမားအများအပြား ပါဝင်လာခဲ့ပြီး အချို့မှာ အသက် ၃၀ ၀န်းကျင်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မီဒီယာများက ယခုလို သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒဲလ်ဘော့စ်က “ကျွန်တော်တို့အသင်းမှာ အတွေ့အကြုံ ရင့်ကျက်သူတွေနဲ့ လူငယ်ကစားသမားတွေ အများကြီးရှိပါတယ်။ အနာဂတ်အတွက်လည်း စိုးရိမ်စိတ် မဖြစ်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ ယူ-၂၁ အသင်းမှာ လက်ရွေးစင်အသင်းအတွက် အစားထိုးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိနေပါသေးတယ်” ဟု ပြောကြားခဲ့သည်။ စပိန်အသင်းဂိုးသမား ကာဆီးလက်စ်ကလည်း အသင်းအင်္ကျီတွင် ကြယ်တစ်ပွင့် ထပ်မံတပ်ဆင်ခွင့်ရရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment