Saturday 14 June 2014

ကျပ်သိန်းပေါင်း ၁၄၇၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၉၀၀၀၀ အား တာချီလိတ်မြို့ မိုင်းဖုန်း၌ ဖမ်းဆီးရမိ

Photo: ကျပ်သိန်းပေါင်း ၁၄၇၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၉၀၀၀၀ အား တာချီလိတ်မြို့ မိုင်းဖုန်း၌ ဖမ်းဆီးရမိ
Saturday, June 14, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်း -  မြန်မာ နယ်စပ် ဒေသမြို့ဖြစ်သည့် တာချီ
လိတ်မြို့ မိုင်းဖုန်း(ခ)ရှိ ပါခုတ်စစ်ဆေးရေးစခန်းတွင် တန်ဖိုးငွေကျပ်သိန်းပေါင်း (၁၄၇၅၀) သိန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ငါးသိန်း ကိုးသောင်းကို တရားခံနှင့်အတူ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၃)ရက် နေ့လည် (၁၁း၃၀)နာရီခန့်က ဖမ်းဆီးရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ ရဲအုပ်စိုင်းနော်ဟိန်း ဦးစီးအဖွဲ့၊ စစ်ဗျူဟာ(တာချီလိတ်)မှ ဗိုလ်ကြီးလှိုင်မင်းဦး ဦးစီးအဖွဲ့၊ ၀မ်ပုံနယ်မြေရဲစခန်းမှ ရဲအုပ်မောင်မောင်စိုး ဦးစီးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကျော်ထွန်း၊ စရဖ(တသခ)စု-၂ မှ ဒုတပ်ကြပ်ဇေယျာစိုးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်စစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးသတင်းအရ အထူးကြီးကြပ်၍ ယာဉ်သွား ယာဉ်လာများအား ရပ်တန့်စစ်ဆေး ရှာဖွေနေလျက်ရှိကြောင်း သိရသည်။

ထိုသို့ ယာဉ်များအား ရပ်တန့်စစ်ဆေးမှုများပြုလုပ်နေစဉ်မှာ ဝှေလေလန်ကျေးရွာဘက်မှ ၀မ်ပုံဘက်သို့ အိုက်မွန်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ကားထဲတွင် အလေးချိန် (၅၉)ကီလိုရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ( ၅၉၀၀၀၀ )ပြားကို ရှာဖွေတွေ့ရှိရ၍ စိတ်ကြွဆေးပြားများအား တရားခံအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ) ၈၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

တာချီလိတ်သတင်းဌာန
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်း -  မြန်မာ နယ်စပ် ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ရှိ ပါခုတ်စစ်ဆေးရေးစခန်းတွင် တန်ဖိုးငွေကျပ်သိန်းပေါင်း (၁၄၇၅၀) သိန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ငါးသိန်း ကိုးသောင်းကို တရားခံနှင့်အတူ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၃)ရက် နေ့လည် (၁၁း၃၀)နာရီခန့်က ဖမ်းဆီးရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ ရဲအုပ် စိုင်းနော်ဟိန်း ဦးစီးအဖွဲ့၊ စစ်ဗျူဟာ(တာချီလိတ်)မှ ဗိုလ်ကြီးလှိုင်မင်းဦး ဦးစီးအဖွဲ့၊ ၀မ်ပုံနယ်မြေရဲစခန်းမှ ရဲအုပ် မောင်မောင်စိုး ဦးစီးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကျော်ထွန်း၊ စရဖ(တသခ)စု-၂ မှ ဒုတပ် ကြပ်ဇေယျာစိုး တို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်စစ်ဆေးရေး စခန်း တွင် မူးယစ်ဆေးဝါးသတင်းအရ အထူးကြီးကြပ်၍ ယာဉ်သွား ယာဉ်လာများအား ရပ်တန့်စစ်ဆေး ရှာဖွေနေလျက်ရှိကြောင်း သိရသည်။

ထိုသို့ ယာဉ်များအား ရပ်တန့်စစ်ဆေးမှုများပြုလုပ်နေစဉ်မှာ ဝှေလေလန်ကျေးရွာဘက်မှ ၀မ်ပုံဘက်သို့ အိုက်မွန်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ကားထဲတွင် အလေးချိန် (၅၉)ကီလိုရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ( ၅၉၀၀၀၀ )ပြားကို ရှာဖွေတွေ့ရှိရ၍ စိတ်ကြွ ဆေးပြား များအား တရားခံအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ) ၈၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

တာချီလိတ်သတင်းဌာန

No comments:

Post a Comment