Saturday 14 June 2014

ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေး အတူတကွ ဖော်ဆောင်သင့်ဟု နီပေါရောက် ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေး အတူတကွ ဖော်ဆောင်သင့်ဟု နီပေါရောက် ဒေါ်အောင်ဆန်းစုကြည်ပြော
Saturday, June 14, 2014

ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အတူယှဉ်တွဲ၍ လုပ်ဆောင်သင့်ဟု နီပေါနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၄ရက်တွင် ပြောကြားခဲ့သည်ဟု 
နီပေါအခြေစိုက် သည်ဟီမဲလ်လယန်းတိုင်းမ် (The Himalayan Times) သတင်းစာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီအရေးနှင့် ပတ်သက်လာလျှင် နီပေါနိုင်ငံသည် မြန်မာနိုင်ငံထက် ပို၍ အဆင်ပြေ ကောင်းမွန်သော အခြေအနေတွင် ရှိသည်ဟု နီပေါဝန်ကြီးချုပ် ဆူရှီးလ်ကွေရာလာ (Sushil Koirala) နှင့် ဆွေးနွေးပွဲတွင် 
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချခဲ့သည်ဟု နီပေါအခြေစိုက် သတင်းစာက ဆိုသည်။

“ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြောပြရင် ကျွန်မတို့ဟာ အာဏာရှင်ခေတ်ကို ဆယ်စုနှစ် ငါးခုကျော်လောက် ခံခဲ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ်ကွေရာလာအား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် နီပေါဝန်ကြီးချုပ် ကွေရာလာတို့၏ ဆွေးနွေးပွဲတွင် မျက်မှောက်ခေတ် ဆိုရှယ်လစ်လှုပ်ရှားမှု၊ ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ အမျိုးသမီးရေး နှင့် ပညာရေးတို့ကို အဓိကထား 
ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့သော နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ဆိုသည်။

“ဖွံ့ဖြိုးရေးဆိုတာ ဒီမိုကရေစီရဲ့ အစားထိုးစရာ တစ်ခု မဟုတ်ပါဘူး။ အဲဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ဖြည့်ဖက်တွေပါ။ ကွဲလွဲဆန့်ကျင်နေတဲ့အရာတွေ မဟုတ်ပါဘူး။ အဲဒီနှစ်ခုကို အတူတကွ ဖော်ဆောင်သင့်ပါတယ်” ဟု 
ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း နီပေါဝန်ကြီးချုပ်၏ နိုင်ငံခြားရေး အကြံပေးအရာရှိ Dinesh Bhattarai က ဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်သည် နီပေါနိုင်ငံသို့ ဇွန်လ၁၄ရက် နေ့လည်က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်သူနီပေါဝန်ကြီးချုပ်ဟောင်း BP Koirala ၏ အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုလည်း 
တက်ရောက်မည်ဖြစ်သည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါလွှတ်တော်တွင် စကားပြောမည်ဖြစ်ကာ ခတ္တမန္ဒူမြို့တွင် ကျင်းပမည့် နိုင်ငံတကာ ဆိုရှယ်လစ်ညီလာခံ၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
သူမ၏ နီပေါခရီးစဉ်တွင် နီပေါနိုင်ငံက ချီးမြှင့်မည့် ငြိမ်းချမ်းရေးဆုကို လက်ခံရယူမည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၆ ရက်နေ့တွင် နီပေါနိုင်ငံမှ ပြန်လည်ထွက်ခွာလာမည် ဖြစ်သည်။ 

Mizzima - News in Burmese

ဓာတ်ပုံ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဓာတ်ပုံ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အတူယှဉ်တွဲ၍ လုပ်ဆောင်သင့်ဟု နီပေါနိုင်ငံသို့ ရောက်ရှိနေ သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၄ရက်တွင် ပြောကြားခဲ့သည်ဟု နီပေါအခြေစိုက် သည်ဟီမဲလ်လယန်းတိုင်းမ် (The Himalayan Times) သတင်းစာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီအရေးနှင့် ပတ်သက်လာလျှင် နီပေါနိုင်ငံသည် မြန်မာနိုင်ငံထက် ပို၍ အဆင်ပြေ ကောင်းမွန် သော အခြေအနေတွင် ရှိသည်ဟု နီပေါဝန်ကြီးချုပ် ဆူရှီးလ်ကွေရာလာ (Sushil Koirala) နှင့် ဆွေးနွေး ပွဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချခဲ့သည်ဟု နီပေါအခြေစိုက်သတင်းစာက ဆို သည်။

“ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြောပြရင် ကျွန်မတို့ဟာ အာဏာရှင်ခေတ်ကို ဆယ်စုနှစ် ငါးခုကျော်လောက် ခံခဲ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ်ကွေရာလာအား ပြောကြားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် နီပေါဝန်ကြီးချုပ် ကွေရာလာတို့၏ ဆွေးနွေးပွဲတွင် မျက်မှောက်ခေတ် ဆို ရှယ်လစ် လှုပ်ရှားမှု၊ ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ အမျိုးသမီးရေး နှင့် ပညာရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့သော နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ဆိုသည်။

“ဖွံ့ဖြိုးရေးဆိုတာ ဒီမိုကရေစီရဲ့ အစားထိုးစရာ တစ်ခုမဟုတ်ပါဘူး။ အဲဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ဖြည့်ဖက်တွေ ပါ။ ကွဲလွဲဆန့်ကျင်နေတဲ့အရာတွေ မဟုတ်ပါဘူး။ အဲဒီနှစ်ခုကို အတူတကွ ဖော်ဆောင်သင့်ပါတယ်” ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း နီပေါဝန်ကြီးချုပ်၏ နိုင်ငံခြားရေး အကြံပေးအရာရှိ Dinesh Bhattarai က ဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်သည် နီပေါနိုင်ငံသို့ ဇွန်လ၁၄ရက် နေ့လည်က ရောက်ရှိ ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်သူနီပေါဝန်ကြီးချုပ်ဟောင်း BP Koirala ၏ အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုလည်း တက်ရောက်မည်ဖြစ်သည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ လွှတ်တော် တွင် စကားပြောမည်ဖြစ်ကာ ခတ္တမန္ဒူမြို့တွင် ကျင်းပမည့် နိုင်ငံတကာ ဆိုရှယ်လစ်ညီလာခံ၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ သူမ၏ နီပေါခရီးစဉ်တွင် နီပေါနိုင်ငံက ချီးမြှင့်မည့် ငြိမ်းချမ်းရေးဆုကို လက်ခံရယူမည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၆ ရက်နေ့တွင် နီပေါနိုင်ငံမှ ပြန်လည်ထွက်ခွာလာမည် ဖြစ်သည်။ 

Mizzima - News in Burmese

No comments:

Post a Comment