Saturday 14 June 2014

အင်္ဂလန်အတွက် ဝဲလ်ဘက် အချိန်မီ ပြန်လာမည် ဟုဆိုလိုက်ပြီး လူငယ်တွေကို ပွဲထုတ်ဖို့ လက်တွန့်နေမှာမဟုတ်ဘူး ဟု ဟော့ဆန်,ကဆို

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်က လာမယ့်စနေနေ့မှာ ကစားမယ့် အီတလီနဲ့ အဖွင့်ပွဲစဉ်အတွက် ဝဲလ်ဘက် ဟာ ကြံခိုင်မှုရှိနေပြီလို့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ဝဲလ်ဘက်ဟာ ဒဏ်ရာပြသနာ တွေ နဲ့ ရုန်းကန်နေရတာေ ကြာင့် လေ့ကျင့်ခန်းဆင်းချိန်တွေမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ 

ဆက်လက်ပြီး ဟော့ဆန်က “ ပြင်ဆင်ချိန် ၄ပတ်အတွင်းမှာ ကစားသမားတစ်ယောက်ပဲ ရွေးချယ်နိုင်ခွင့် မရှိတာ ကံကောင်းတယ်၊ အဲ့ဒီကစားသမားကတော့ အာဆင်နယ် ကွင်းလယ်ကစားသမား ချိန်ဘာလိန်ပဲ ဖြစ်ပါတယ်။ အီတလီနဲ့ပွဲမှာ လူငယ်တွေကို ပွဲထုတ်ဖို့ လက်တွန့်နေမှာမဟုတ်ဘူး အထူးသဖြင့် လူငယ် ကစားသမားတွေဖြစ်တဲ့ စတာရစ်၊ ရာဟင် စတာလင်း၊ ရော့် ဘာကလေတို့ဟာ လေ့ကျင့်ရေးကွင်းထဲမှာ အထူးခြေစွမ်း ပြနေသူတွေ ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

“၁၉၅၄ ခုနှစ်ကို ပြန်ကြည့်ရင် အထူးခြေစွမ်းပြသခဲ့တဲ့ ပီလီဟာ ၁၇နှစ်ပဲ ရှိသေးတယ် ဒါပေမယ့် အဲဒီ အချိန်ကနေစပြီး အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် ဘောလုံးလောကကို ကြီးစိုးထားနိုင်ခဲ့ ပါတယ်။ ဆွီဒင်မှာ ကစားဖို့ လာခဲ့တုန်းက ပီလီဆိုတာ ဘရာဇီးလ်ကလူတွေတောင် တော်တော်များများ မကြားဖူးကြသေးဘူး။ ဒါပေမယ့် နောက်တစ်လ အကြာမှာ စူပါစတားတစ်ယောက် ဖြစ်လာခဲ့တယ်”

“တခြားဥပမာတွေပေးရရင် မာရာဒိုနာဟာ အာဂျင်တီနားအတွက် စကစားတဲ့အချိန်မှာ လူငယ်လေး တစ်ယောက်ပဲ ရှိသေးတယ်။ ဂျိုဟန်ခရွိုက်ဆိုရင်လည်း ဥရောပမှာ နယ်သာလန်အသင်းနဲ့ လွှမ်းမိုးနေတဲ့ အချိန်မှာ လူငယ်လေးတစ်ယောက်ပါပဲ”လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး အီတလီနဲ့ ပွဲစဉ်အတွက် လူရွေးချယ်ရတာဟာ နည်းပြသက်တမ်း ၃၉နှစ်တလျှောက် အခက်ခဲဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရနေတဲ့ ချိန်ဘာလိန်ကလွဲရင် ကျန်တဲ့ အင်္ဂလန် ကစားသမား ၂၂ ယောက်လုံး ကြံခိုင်မှုပြည့်ဝနေပြီး ရွေးချယ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ 

“ဂိုးသမားနဲ့ နောက်တန်း ၄နေရာအတွက် အထူးအထွေရွေးစရာ မလိုအပ်ပေမယ့် အလယ်တန်းနဲ့ ရှေ့တန်း မှာတော့ ဘယ်သူတွေနဲ့ တွဲပေးရမလဲဆိုတာ ခေါင်းရှုပ်စရာပါ။ ဟန်ဒါဆန်ကို အသင်းခေါင်းဆောင် ဂျာရတ်နဲ့ တွဲပြီး ပွဲထုတ်ဖွယ်ရှိနေပါတယ်။ တိုက်စစ်မှူး စတာရစ်၊ ရွန်နီနဲ့တွဲဖို့ ဘယ်သူ့ကို ရွေးရမယ်ဆိုတာ အရမ်း ခက်ခဲ ပါတယ်”လို့ ဆိုပါတယ်။ 

“ကစားသမားတော်တော်များများက ကျွန်တော်လိုချင်တဲ့ အရည်အချင်းနဲ့ ကိုက်ညီနေပြီး ကစားအားလည်း ညီကြတဲ့အတွက် ပွဲဦးထွက် လူစာရင်းမှာ မရွေးခံရတဲ့အခါ စိတ်မကောင်းဖြစ်နိုင်တယ်”လို့ ဟော့ဆန်က ပြော ကြား ပါတယ်။

Football Café

No comments:

Post a Comment