Saturday 14 June 2014

အီတလီနှင့်ပွဲမှာ အင်္ဂလန်လူငယ်များ၏ အနာဂတ်အတွက် အလှည့်အပြောင်း ဖြစ်လာမည်ဟု ဂျရတ်မှတ်ချက်ပြု

Photo: အီတလီနှင့်ပွဲမှာ အင်္ဂလန်လူငယ်များ၏ အနာဂတ်အတွက် အလှည့်အပြောင်း ဖြစ်လာမည်ဟု ဂျရတ်မှတ်ချက်ပြု
Saturday, June 14, 2014

အီတလီနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော အင်္ဂလန်အသင်းခေါင်းဆောင် ဂျရတ်
အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် စတီဖင်ဂျရတ်က ယနေ့ညကစားမည်ဖြစ်သော အီတလီအသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းမှ လူငယ်ကစားသမားများအတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာမည်ဟု မှတ်ချက်ပြု ပြောကြားလိုက်သည်။

အင်္ဂလန် လက်ရွေးစင်အသင်းတွင် နည်းပြဖြစ်သူ ရွိုင်းဟော့ဒ်ဆန်သည် စတာလင်၊ ဘာကလေ၊ လုခ်ရှော၊ ချမ်ဘာလိန်အစရှိသော လူငယ်ကစားသမားများကို ထည့်သွင်းရွေးချယ်ထားပြီး သူ၏ အင်္ဂလန်အသင်းမှာ ၁၉၅၈ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး အသင်းအဖြစ်လည်း မှတ်တမ်းဝင်လျက် ရှိသည်။

သို့ဖြစ်ရာ အင်္ဂလန်အသင်းမှ လူငယ်ကစားသမားများ အနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲကြီးတစ်ပွဲတွင် သူတို့၏ အရည်အသွေးကို အစမ်းသပ်ခံရတော့မည် ဖြစ်ကြောင်းနှင့် အီတလီနှင့်ပွဲမှာ ၎င်းတို့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဂျရတ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အသင်းမှာ ရာသီပေါင်းများစွာ အတွေ့အကြုံရှိရှိ ကစားထားတဲ့ သက်လယ်ပိုင်းခြား ကစားသမားတွေ ပါဝင်သလို၊ သွေးသစ်လူငယ် ကစားသမားတွေလည်း များစွာပါဝင်ပါတယ်။ စတာလင်၊ လုခ်ရှော၊ ဘာကလေ အစရှိတဲ့ ကစားသမားတွေပါ။ အားလုံးမှာ အရည်အချင်းတွေ၊ စွမ်းဆောင်ရည်တွေ အသီးသီး ရှိနေကြပါတယ်။ ဒါပေမဲ့ အရေးကြီးတာက တစ်ဦးချင်းအရဖြစ်စေ၊ အသင်းအနေနဲ့ဖြစ်စေ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့ပါ” ဟု ဂျရတ်က ပြောကြားခဲ့သည်။

Eleven Media Group
အီတလီနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော အင်္ဂလန်အသင်းခေါင်းဆောင် ဂျရတ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် စတီဖင်ဂျရတ်က ယနေ့ညကစားမည်ဖြစ်သော အီတလီအသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းမှ လူငယ်ကစားသမားများအတွက် ကြီးမားသည့် အလှည့်အပြောင်း တစ်ခု ဖြစ်လာမည်ဟု မှတ်ချက်ပြု ပြောကြားလိုက်သည်။

အင်္ဂလန် လက်ရွေးစင်အသင်းတွင် နည်းပြဖြစ်သူ ရွိုင်းဟော့ဒ်ဆန်သည် စတာလင်၊ ဘာကလေ၊ လုခ်ရှော၊ ချမ်ဘာလိန်အစရှိသော လူငယ်ကစားသမားများကို ထည့်သွင်းရွေးချယ်ထားပြီး သူ၏ အင်္ဂလန်အသင်းမှာ ၁၉၅၈ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး အသင်းအဖြစ်လည်း မှတ်တမ်းဝင်လျက် ရှိသည်။

သို့ဖြစ်ရာ အင်္ဂလန်အသင်းမှ လူငယ်ကစားသမားများ အနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲကြီးတစ်ပွဲတွင် သူတို့၏ အရည်အသွေးကို အစမ်းသပ်ခံရတော့မည် ဖြစ်ကြောင်းနှင့် အီတလီနှင့်ပွဲမှာ ၎င်းတို့အတွက် အလှည့် အပြောင်း တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဂျရတ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အသင်းမှာ ရာသီပေါင်းများစွာ အတွေ့အကြုံရှိရှိ ကစားထားတဲ့ သက်လယ်ပိုင်းခြား ကစား သမားတွေ ပါဝင်သလို၊ သွေးသစ်လူငယ် ကစားသမားတွေလည်း များစွာပါဝင်ပါတယ်။ စတာလင်၊ လုခ်ရှော၊ ဘာကလေ အစရှိတဲ့ ကစားသမားတွေပါ။ အားလုံးမှာ အရည်အချင်းတွေ၊ စွမ်းဆောင်ရည်တွေ အသီးသီး ရှိနေကြပါတယ်။ ဒါပေမဲ့ အရေးကြီးတာက တစ်ဦးချင်းအရဖြစ်စေ၊ အသင်းအနေနဲ့ဖြစ်စေ မိမိတို့ရဲ့ ရည်မှန်း ချက် ပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့ပါ” ဟု ဂျရတ်က ပြောကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment