Saturday 14 June 2014

ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိသူအား စစ်ဆေးရာမှ ဖုန်းနှင့် လက်တော့ ခိုးယူမှုများ ဖေါ်ထုတ်ရရှိ

Photo: ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိသူအား စစ်ဆေးရာမှ ဖုန်းနှင့် လက်တော့ ခိုးယူမှုများ ဖေါ်ထုတ်ရရှိ
Friday, June 13, 2014 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် ၁၁.၆.၂၀၁၄ရက်နေ့တွင် နယ်မြေအတွင်းသတင်းစုံစမ်းစဉ် ခိုးမှုပြစ်ချက်ဟောင်းရှိပြီး ခိုးမှုများ
ထပ်မံကျူးလွန် ထားကြောင်းသတင်းရရှိထားသူ စည်သူ(ခ)စည်သူဖြိုးကျော် (၁၉)နှစ်၊ (ဘ)ဦးသန်းဦး၊ (၉၆)ရပ်ကွက်၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်နေ သူကို ၁၀၄၅အချိန်တွင် ၎င်း၏နေအိမ်ရှေ့၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ ၂၀၁၄ခုနှစ်၊ မေလနှင့် ဇွန်လများအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာ ဈေးအတွင်းရှိ Night Club တွင် ကခုန်နေသူများ၊ အရက်မူးပြီးအိပ်ပျော်နေသူများထံမှလည်းကောင်း၊ ခုံများပေါ်မှလည်းကောင်း လက်ကိုင်ဖုန်းများဖြစ်သော HUAWEI Y 310 အနက်ရောင် (၁)လုံး၊ HUAWEY Y300 အနက်ရောင် (၁)လုံး၊ HUAWEI U8661အနက်ရောင် (၁)လုံး၊ HUAWEI G330 အဖြူရောင် (၁)လုံး၊
HUAWEI Y511 အဖြူရောင် (၁)လုံး၊ SAMSUMG GT55830T
အနက်ရောင် (၁)လုံး၊ SAMSUMG GLAXY Note အဖြူရောင် (၁)လုံး၊ SAMSUMG MINI GT55570 အနက်/အစိမ်းနုရောင် (၁)လုံး၊ SAMSUMG GLAXY Y GT 55360 ခဲရောင် (၁)လုံး၊ ၊ Hello Com (၁)လုံးတို့အား ခိုးယူခဲ့ပြီး ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ဆက်လက်စစ်ဆေးရာ ၎င်းသည် ၂၀၁၄ခုနှစ်၊ မေလအတွင်းကညအချိန်
များတွင် တာမွေမြို့နယ်၊ ရွှေဗဟိုဆေးရုံ ရှေ့လမ်းမပေါ်တွင်အရက်မူးနေသူ အမျိုးသားတစ်ဦးထံမှ HUAWEI 606 အဖြူရောင် လက်ကိုင်ဖုန်း(၁)လုံး၊ တာမွေဈေးကားမှတ်တိုင်အနီးရပ်ထားသည့်ယာဉ်ပေါ်မှHUAWEI G 330D အနက်ရောင်လက်ကိုင် ဖုန်း (၁)လုံး၊ ကျောက်မြောင်းဈေးနှင့်တာမွေဈေးကြား ကျိုက္ကဆံလမ်းဘေး တွင်အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးထံမှ HUAWEI
G 510 အနက်ရောင်လက်ကိုင်ဖုန်း (၁)လုံးတို့အားလည်းကောင်း၊ သမိန်ဗရမ်းလမ်းရှိ ဆေးဆိုင်တစ်ဆိုင်အတွင်းမှ SUZUKI အမျိုးအစား
အနက်ရောင် လက်တော့ (၁)လုံးအားလည်းကောင်း ခိုးယူခဲ့ပြီး ရောင်းချ
ထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၎င်းအပြင် ၂၀၁၄ခုနှစ်၊ ဇွန်လအတွင်းက ညအချိန်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၀၅)ရပ် ကွက်ဈေးလမ်းရှိ ကွန်ပျူတာဂိမ်းနှင့် ဖုန်းအရောင်းဆိုင်အတွင်းမှ hpအမျိုးအစား အနက်ရောင် လက်တော့ (၁)လုံးအား ခိုးယူခဲ့ပြီးရောင်းချထားကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ယင်းသို့ ပေါ်ပေါက်ချက်များအရ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာသက်သေခံပစ္စည်းများပြန်လည် သိမ်းဆည်းပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၁၁.၆.၂၀၁၄ရက်နေ့တွင် နယ်မြေအတွင်းသတင်းစုံစမ်းစဉ် ခိုးမှုပြစ်ချက်ဟောင်းရှိပြီး ခိုးမှုများ ထပ်မံ ကျူး လွန်ထားကြောင်းသတင်းရရှိထားသူ စည်သူ(ခ)စည်သူဖြိုးကျော် (၁၉)နှစ်၊ (ဘ)ဦးသန်းဦး၊ (၉၆) ရပ်ကွက်၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်နေ သူကို ၁၀၄၅အချိန်တွင် ၎င်း၏နေအိမ်ရှေ့၌ တွေ့ရှိဖမ်းဆီး ရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ ၂၀၁၄ခုနှစ်၊ မေလနှင့် ဇွန်လများအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာ ဈေး အတွင်းရှိ Night Club တွင် ကခုန်နေသူများ၊ အရက်မူးပြီး အိပ်ပျော်နေသူများထံမှ လည်းကောင်း၊ ခုံများ ပေါ်မှလည်းကောင်း လက်ကိုင်ဖုန်းများဖြစ်သော HUAWEI Y 310 အနက်ရောင် (၁)လုံး၊ HUAWEY Y300 အနက်ရောင် (၁)လုံး၊ HUAWEI U8661အနက်ရောင် (၁)လုံး၊ HUAWEI G330 အဖြူရောင် (၁)လုံး၊ HUAWEI Y511 အဖြူရောင် (၁)လုံး၊ SAMSUMG GT55830T အနက်ရောင် (၁)လုံး၊ SAMSUMG GLAXY Note အဖြူရောင် (၁)လုံး၊ SAMSUMG MINI GT55570 အနက်/အစိမ်းနုရောင် (၁)လုံး၊ SAMSUMG GLAXY Y GT 55360 ခဲရောင် (၁)လုံး၊ ၊ Hello Com (၁)လုံးတို့အား ခိုးယူခဲ့ပြီး ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ဆက်လက်စစ်ဆေးရာ ၎င်းသည် ၂၀၁၄ခုနှစ်၊ မေလအတွင်းက ညအချိန်များတွင် တာမွေမြို့နယ်၊ ရွှေဗဟို ဆေးရုံ ရှေ့လမ်းမပေါ်တွင်အရက်မူးနေသူ အမျိုးသားတစ်ဦးထံမှ HUAWEI 606 အဖြူရောင် လက်ကိုင်ဖုန်း(၁)လုံး၊ တာမွေဈေးကားမှတ်တိုင်အနီးရပ်ထားသည့်ယာဉ်ပေါ်မှHUAWEI G 330D အနက်ရောင်လက်ကိုင် ဖုန်း (၁)လုံး၊ ကျောက်မြောင်းဈေးနှင့်တာမွေဈေးကြား ကျိုက္ကဆံလမ်းဘေး တွင်အိပ်ပျော်နေသည့် အမျိုးသား တစ်ဦးထံမှ HUAWEI G 510 အနက်ရောင်လက်ကိုင်ဖုန်း (၁)လုံးတို့အားလည်းကောင်း၊ သမိန်ဗရမ်းလမ်းရှိ ဆေးဆိုင်တစ်ဆိုင်အတွင်းမှ SUZUKI အမျိုးအစား အနက်ရောင် လက်တော့ (၁)လုံးအားလည်းကောင်း ခိုးယူခဲ့ပြီး ရောင်းချ ထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၎င်းအပြင် ၂၀၁၄ခုနှစ်၊ ဇွန်လအတွင်းက ညအချိန်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၀၅) ရပ်ကွက် ဈေးလမ်းရှိ ကွန်ပျူတာဂိမ်းနှင့် ဖုန်းအရောင်းဆိုင်အတွင်းမှ hpအမျိုးအစား အနက်ရောင် လက်တော့ (၁)လုံးအား ခိုးယူခဲ့ပြီးရောင်းချထားကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ယင်းသို့ ပေါ်ပေါက်ချက်များအရ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ သက်သေခံပစ္စည်းများပြန်လည် သိမ်းဆည်းပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment