Saturday 14 June 2014

မူလတန်းမပြီးဆုံးသေးသော ကျောင်းသားများကို အခမဲ့စာသင်ကြားပေးမည်

၂၀၁၄ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှစ၍ မြို့နယ်ပညာရေးမှူးများက မြို့နယ်အတွင်းတွင် သတ်မှတ်ထားသည့် ကျောင်းပြင်ပမူလတန်း ပညာရေးဇုန်နေရာများတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာမသင် ကြားနိုင်သည့် ကျောင်းသားများကို စုစည်းပြီး အဆင့်(၂)မျိုးခွဲကာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း အမှတ်(၂)အခြေခံ ပညာ ဦးစီးဌာနမှ သိရသည်။

ပထမအဆင့်တွင် မူလတန်းကနေ ဒုတိယတန်းအထိ၊ ဒုတိယအဆင့်တွင် တတိယတန်းနှင့် စတုတ္ထတန်း အထိ ကျောင်းသား များပါဝင်ပြီး ၎င်းတို့၏ အားလပ်ချိန်ဖြစ်သည့် ညနေပိုင်းနှင့် ညပိုင်းများတွင် သင်ကြား ချိန်(၂)နာရီခွဲသတ်မှတ်ထားကာ တနင်္ဂနွေ နေ့မှအပ (၁၀)လပတ်လုံး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေ ဗဟုသုတနှင့် ဘ၀တွက်တာကျွမ်းကျင်မှုဘာသာရပ်များ အပါအ၀င် လက်မှုအတတ်ပညာနှင့် အိမ် တွင်း မှု ပညာများကိုပါ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်ကြားမှု တတ်မြောက်ကြောင်း စာမေးပွဲ စစ်ဆေးမှုကိုမြန်မာနိုင်ငံစာတတ်မြောက်ရေး ဗဟိုဌာနက ပေးပို့သည့် မေးခွန်းများကို ဖြေကြားစေပြီး အောင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

ကမ္ဘာ့နိုင်ငံပေါင်း(၂၀၀)နီးပါးတွင် ကလေးလုပ်သား တတိယအများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက ရပ်တည် လျက် ရှိရာ ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် စာတတ်မြောက်ရေး အထောက် အကူပြုစီမံဌာနတို့ ပူးပေါင်းပြီး လက်ရှိပညာသင်နှစ်အတွင်း မြို့နယ်ပေါင်း(၈၉)မြို့နယ်တွင် အကြောင်း အမျိုးမျိုးကြောင့် မူလတန်း ပညာမပြီးဆုံးသေးသည့် ကျောင်းသားပေါင်း တစ်သောင်းတစ်ထောင် ရှစ်ရာ ဦးကို အခမဲ့စာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser

No comments:

Post a Comment