Saturday 14 June 2014

အင်္ဂလန်-အီတလီပွဲစဉ်ကစားမည့် Amazonia Arena ကွင်း မြက်ခင်းပြင် အနေအထားကို FIFPro ပြင်းထန်စွာ ဝေဖန်

Photo: အင်္ဂလန်-အီတလီပွဲစဉ်ကစားမည့် Amazonia Arena ကွင်း မြက်ခင်းပြင် အနေအထားကို FIFPro ပြင်းထန်စွာ ဝေဖန်
Saturday, June 14, 2014

ဇွန် ၁၄ ရက် (မြန်မာစံတော်ချိန် ဇွန် ၁၅ ရက် နံနက်ပိုင်း) တွင် အင်္ဂလန်နှင့် အီတလီအသင်းတို့၏ ပွဲစဉ်ကို လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံ Manaus မြို့ရှိ Amazonia Arena ကွင်း၏ မြက်ခင်းပြင်အနေအထားကို ကမ္ဘာ့ ပရော်ဖက်ရှင်နယ်ကစားသမားများ အဖွဲ့အစည်း (FIFPro) က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း သိရသည်။

Manaus မြို့၏ အပူချိန်ပြင်းထန်မှုကြောင့် စိုးရိမ်မှုများရှိနေချိန်တွင် FIFPro က ကွင်း၏ မြက်ခင်းပြင်အနေအထားကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။Amazonia Arena ကွင်းမြက်ခင်းမှာ ခြောက်သွေ့နေသလို ဂိုးပေါက်ရှေ့နှင့် အချို့နေရာများတွင်လည်း မြက်ပေါက်ရောက်မှု နည်းပါးကာ မြေသားများ ဖြစ်ပေါ်နေသောကြောင့် FIFPro က ဝေဖန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကစားသမားတွေအနေနဲ့ အရည်အသွေးကောင်းမွန်တဲ့ ကွင်းမှာပဲ ကစားသင့်ပါတယ်။
ဒါပေမဲ့ Manaus မြို့ရဲ့ကွင်းကတော့ အဲဒီလိုအခြေအနေ မရှိပါဘူး။ ကစားသမားတွေအနေနဲ့လည်း ဒီလိုကွင်းမျိုးမှာ ကစားချင်မှာ မဟုတ်ပါဘူး” ဟု FIFPro က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် FIFPro က Manaus မြို့၏ အပူချိန်နှင့် ရေငွေ့သိပ်သည်းမှုအခြေအနေကိုလည်း ထောက်ပြပြောဆိုခဲ့ပြီး ပွဲကစားနေစဉ်အတွင်း ခေတ္တအနားပေးချိန် ခွင့်ပြုရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)  တာဝန်ရှိသူတစ်ဦးက ရာသီဥတုအခြေအနေပေါ်မူတည်၍ ခေတ္တအနားပေးချိန် ခွင့်ပြုရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သော်လည်း Amazonia Arena ကွင်းမှာမူ လေ့ကျင့်ခန်းအစီအစဉ်နှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန်သင့်တော်ကြောင်း တုံ့ပြန်ခဲ့သည်။ ယင်းကွင်း၌ အင်္ဂလန်-အီတလီ ပွဲစဉ်အပြင် ဇွန် ၁၈ ရက်တွင်ကစားမည့် ကင်မရွန်း-ခရိုအေးရှား၊ ဇွန် ၂၂ ရက်တွင် ကစားမည့် အမေရိကန် -ပေါ်တူဂီ၊ ဇွန် ၂၅ ရက်တွင် ကစားမည့် ဟွန်ဒူးရပ်စ်-ဆွစ်ဇာလန်ပွဲစဉ်များကိုလည်း လက်ခံကျင်းပသွားမည် ဖြစ်သည်။

Eleven Media Group 

အင်္ဂလန်နှင့် အီတလီအသင်းတို့ကစားမည့် Amazonia Arena ကွင်း မြက်ခင်းပြင်အနေအထားကို ဇွန် ၁၀ ရက်က တွေ့ရစဉ်
အင်္ဂလန်နှင့် အီတလီအသင်းတို့ကစားမည့် Amazonia Arena ကွင်း မြက်ခင်းပြင်အနေအထားကို ဇွန် ၁၀ ရက်က တွေ့ရစဉ်
ဇွန် ၁၄ ရက် (မြန်မာစံတော်ချိန် ဇွန် ၁၅ ရက် နံနက်ပိုင်း) တွင် အင်္ဂလန်နှင့် အီတလီအသင်းတို့၏ ပွဲစဉ်ကို လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံ Manaus မြို့ရှိ Amazonia Arena ကွင်း၏ မြက်ခင်းပြင်အနေအထားကို ကမ္ဘာ့ ပရော်ဖက်ရှင်နယ်ကစားသမားများ အဖွဲ့အစည်း (FIFPro) က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း သိရသည်။

Manaus မြို့၏ အပူချိန်ပြင်းထန်မှုကြောင့် စိုးရိမ်မှုများရှိနေချိန်တွင် FIFPro က ကွင်း၏ မြက်ခင်းပြင် အနေအထားကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။Amazonia Arena ကွင်းမြက်ခင်းမှာ ခြောက်သွေ့နေသလို ဂိုးပေါက်ရှေ့နှင့် အချို့နေရာများတွင်လည်း မြက်ပေါက်ရောက်မှု နည်းပါးကာ မြေသားများ ဖြစ်ပေါ် နေသောကြောင့် FIFPro က ဝေဖန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကစားသမားတွေအနေနဲ့ အရည် အသွေးကောင်းမွန်တဲ့ ကွင်းမှာပဲ ကစားသင့်ပါတယ်။

ဒါပေမဲ့ Manaus မြို့ရဲ့ကွင်းကတော့ အဲဒီလိုအခြေအနေ မရှိပါဘူး။ ကစားသမားတွေအနေနဲ့လည်း ဒီလိုကွင်း မျိုးမှာ ကစားချင်မှာ မဟုတ်ပါဘူး” ဟု FIFPro က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် FIFPro က Manaus မြို့၏ အပူချိန်နှင့် ရေငွေ့သိပ်သည်းမှုအခြေအနေကိုလည်း ထောက်ပြပြောဆို ခဲ့ပြီး ပွဲကစားနေစဉ်အတွင်း ခေတ္တအနားပေးချိန် ခွင့်ပြုရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)  တာဝန်ရှိသူတစ်ဦးက ရာသီဥတုအခြေအနေပေါ်မူတည်၍ ခေတ္တအနားပေးချိန် ခွင့်ပြုရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သော်လည်း Amazonia Arena ကွင်းမှာမူ လေ့ကျင့်ခန်းအစီအစဉ်နှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန်သင့်တော်ကြောင်း တုံ့ပြန်ခဲ့သည်။ ယင်းကွင်း၌ အင်္ဂလန်-အီတလီ ပွဲစဉ်အပြင် ဇွန် ၁၈ ရက်တွင်ကစားမည့် ကင်မရွန်း-ခရိုအေးရှား၊ ဇွန် ၂၂ ရက်တွင် ကစားမည့် အမေရိကန် -ပေါ်တူဂီ၊ ဇွန် ၂၅ ရက်တွင် ကစားမည့် ဟွန်ဒူးရပ်စ်-ဆွစ်ဇာလန်ပွဲစဉ်များကိုလည်း လက်ခံကျင်းပသွားမည် ဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment