Saturday 14 June 2014

ရီယိုနှင့် ဘယ်လိုဟော်ရီဇွန်တီမြို့များတွင် ဆန္ဒပြမှု ဖြစ်ပွား

ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည့် ဇွန် ၁၂ ရက်တွင် ရီယိုဒီဂျနေးရိုးနှင့် ဘယ်လိုဟော်ရီဇွန် တီမြို့များတွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရီယိုဒီဂျနေးရိုးမြို့ရှိ ကိုပါကာဘာနာကမ်းခြေတွင် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် ပြသသည့် Fan Fest အနီးဝန်း ကျင် ၌ မျက်နှာဖုံးတပ်ဆင်ထားသူများက ဆန္ဒပြမှုပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဘယ်လိုဟော်ရီဇွန်တီမြို့တွင်လည်း လူ ၂၀၀ ခန့်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆန့်ကျင်သည့် စာသားများကိုင် ဆောင်ကာ ဆန္ဒပြမှုပြုလုပ်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ဆော်ပေါ်လိုမြို့တွင် လည်း ပြိုင်ပွဲမစတင်မီ နာရီပိုင်းအလို၌ မျက်နှာဖုံးများ တပ်ဆင်ထားသည့် လူ ၁၀၀ ခန့်က ကွင်းအနီးသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သောကြောင့် ရဲတပ်ဖွဲ့က အင်အားသုံးကာ နှိမ်နင်းမှုပြုလုပ်ခဲ့သည်။ ယင်းဖြစ် စဉ်ကြောင့် CNN သတင်းဌာနမှ သတင်းထောက်နှစ်ဦး ဒဏ်ရာရကာ Reuters သတင်းဌာနမှ သတင်းထောက် တစ်ဦးလည်း ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။

Eleven Media Group 

No comments:

Post a Comment