Saturday 14 June 2014

ယူကရိန်း စစ်ဘက်လေယာဉ်တစ်စီးပစ်ချခံရပြီး လိုက်ပါလာသူအားလုံး သေဆုံးဟုဆို

Photo: ယူကရိန်း စစ်ဘက်လေယာဉ်တစ်စီးပစ်ချခံရပြီး လိုက်ပါလာသူအားလုံး သေဆုံးဟုဆို
Saturday, June 14, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် စစ်ဘက်လေယာဉ် တစ်စင်း ပစ်ချခံရပြီး လေယာဉ်ပေါ် ပါရှိသွားသူ စစ်မှုထမ်းအားလုံး သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက Il-76 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်သည် လေယာဉ်ပစ်ဒုံးကျည် ထိမှန်ပျက်ကျပြီး လိုက်ပါလာသူ (၄၉)ဦးလုံး သေဆုံးသွားပြီဟု ကနဦး သတင်းပေးပို့မှုများ ရရှိထားကြောင်း ပြောကြားခဲ့သည်။

ဇွန်လ(၁၃)ရက်နေ့ ညပိုင်းက လူဟန့်စ်ခ်မြို့အနီး ပျံသန်းနေစဉ် လေယာဉ်ပစ်ချ ခံရခြင်းဖြစ်ပြီး ယူကရိန်း အစိုးရက ယင်းလုပ်ရပ်သည် အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားသည်။ ယူကရိန်း အစိုးရသည် နိုင်ငံအရှေ့ပိုင်းရှိ ရုရှားလိုလားသော ခွဲထွက်ရေး ပြောက်ကျားတပ်ဖွဲ့များကို အကြမ်းဖက်သမားများဟုသာ အစဉ်တစိုက် သုံးနှုန်းခေါ်ဝေါ်ခဲ့သည်။

စစ်ဘက်ပြောရေးဆိုခွင့်ရ အရာရှိ ဗလာဒီဆလက်ဗ် ဆီလက်ဇ်နော့ဗ်က “ကနဦး သတင်းပေးပို့ချက်တွေ အရတော့ လိုက်ပါသွားတဲ့ စစ်မှုထမ်း (၄၉)ယောက်စလုံး အသက်ဆုံးရှုံးခဲ့တယ်လို့ ယူဆရပါတယ်”ဟု ပြောကြားခဲ့သည်။ လူဟန့်စ်ခ်မြို့ရှိ နိုင်ငံတကာ လေဆိပ်တွင် လုံခြုံရေး ယူထားသော ယူကရိန်း စစ်တပ်များကို ပြောက်ကျားတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တစ်ပတ်မပြည့်မီ ယခုကဲ့သို့ ယူကရိန်း စစ်ဘက်လေယာဉ်တစ်စင်း ပစ်ချခံရခြင်း ဖြစ်သည်။

ထိုအတောအတွင်း အမေရိကန် အစိုးရက ယူကရိန်း နိုင်ငံပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာပြီး ခွဲထွက်ရေး ပြောက်ကျားများနှင့် ပူးပေါင်းခဲ့သော တင့်ကားများသည် ရုရှားစစ်တပ်မှဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ “ရုရှားကတော့ ဒီတင့်ကားတွေက ယူကရိန်းစစ်တပ်ကလို့ ပြောမှာပါပဲ။ ဒါပေမဲ့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ယူကရိန်း တင့်ကားတပ်ဖွဲ့ တစ်ခုမှ မရှိဘူး”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီးက ဆိုသည်။ ရုရှားကမူ မိမိတို့၏ တင့်ကားများ ယူကရိန်းပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားသည်။

_Ref: BBC
7Day DAILY
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် စစ်ဘက်လေယာဉ် တစ်စင်း ပစ်ချခံရပြီး လေယာဉ်ပေါ် ပါရှိသွားသူ စစ်မှုထမ်းအားလုံး သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက Il-76 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်သည် လေယာဉ် ပစ် ဒုံးကျည် ထိမှန်ပျက်ကျပြီး လိုက်ပါလာသူ (၄၉)ဦးလုံး သေဆုံးသွားပြီဟု ကနဦး သတင်းပေးပို့မှုများ ရရှိထားကြောင်း ပြောကြားခဲ့သည်။

ဇွန်လ(၁၃)ရက်နေ့ ညပိုင်းက လူဟန့်စ်ခ်မြို့အနီး ပျံသန်းနေစဉ် လေယာဉ်ပစ်ချ ခံရခြင်းဖြစ်ပြီး ယူကရိန်း အစိုးရက ယင်းလုပ်ရပ်သည် အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားသည်။ ယူကရိန်း အစိုးရသည် နိုင်ငံအရှေ့ပိုင်းရှိ ရုရှားလိုလားသော ခွဲထွက်ရေး ပြောက်ကျားတပ်ဖွဲ့များကို အကြမ်းဖက်သမားများဟုသာ အစဉ်တစိုက် သုံးနှုန်းခေါ်ဝေါ်ခဲ့သည်။

စစ်ဘက်ပြောရေးဆိုခွင့်ရ အရာရှိ ဗလာဒီဆလက်ဗ် ဆီလက်ဇ်နော့ဗ်က “ကနဦး သတင်းပေးပို့ချက်တွေ အရတော့ လိုက်ပါသွားတဲ့ စစ်မှုထမ်း (၄၉)ယောက်စလုံး အသက်ဆုံးရှုံးခဲ့တယ်လို့ ယူဆရပါတယ်”ဟု ပြောကြားခဲ့သည်။ လူဟန့်စ်ခ်မြို့ရှိ နိုင်ငံတကာ လေဆိပ်တွင် လုံခြုံရေး ယူထားသော ယူကရိန်း စစ်တပ်များကို ပြောက်ကျားတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တစ်ပတ်မပြည့်မီ ယခုကဲ့သို့ ယူကရိန်း စစ်ဘက်လေယာဉ်တစ်စင်း ပစ်ချခံရခြင်း ဖြစ်သည်။

ထိုအတောအတွင်း အမေရိကန် အစိုးရက ယူကရိန်း နိုင်ငံပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာပြီး ခွဲထွက်ရေး ပြောက်ကျားများနှင့် ပူးပေါင်းခဲ့သော တင့်ကားများသည် ရုရှားစစ်တပ်မှဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ “ရုရှားကတော့ ဒီတင့်ကားတွေက ယူကရိန်းစစ်တပ်ကလို့ ပြောမှာပါပဲ။ ဒါပေမဲ့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ယူကရိန်း တင့်ကားတပ်ဖွဲ့ တစ်ခုမှ မရှိဘူး”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီးက ဆိုသည်။ ရုရှားကမူ မိမိတို့၏ တင့်ကားများ ယူကရိန်းပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားသည်။

_Ref: BBC
7Day DAILY

No comments:

Post a Comment