Friday 6 June 2014

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ ကျင်းပမည်

Photo: မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ ကျင်းပမည်
Friday, June 6, 2014 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို ထင်ဟပ်ပြသသည့် ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော်တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ ပဒေသာမိုး အရပ်ဘက် လူမှုအဖွဲ့အစည်းမှ အမှုဆောင် ဒေါ်ဝေဝေလွင်က ပြောကြားသည်။

အဆိုပါ ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော် အမှတ် ၁၃၄၊ ၃၅ လမ်း (အလယ်ဘလောက်) ရှိ River Ayeyarwaddy Gallery တွင် ပြသမည် ဖြစ်ပြီး မလုံခြုံသော သဘာဝအမွေဟု အမည်ပေးထားကာ ပိုက်လိုင်း စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာရသည့် အခြေအနေများကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံပေါင်း ၁၀၀ ကျော်ကို ပြသမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပိုက်လိုင်းတစ်လျှောက် မြေဖို့ပြီး အခြေအနေနဲ့ မဖို့ခင် ဖြစ်ပျက်တဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပါ။ ဒါ့အပြင် ပြပွဲလာတဲ့သူတွေကို မှတ်တမ်းစာအုပ် လက်ဆောင်ပေးသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဒေါ်ဝေဝေလွင်က ဆိုသည်။“

အမ်း၊ ဂုတ်ကြီး၊ မင်းဘူး၊ ပြင်ဦးလွင်၊ နောင်ချိုနှင့် သီပေါ အစရှိသည့် ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ ဒေသများ၌ ကြုံတွေ့နေရသည့် မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ သီးနှံစိုက်ခင်းများ ပျက်စီးသည့် အခြေအနေများနှင့် လူမှုဘဝ ထိခိုက်နစ်နာရမှုများကို ဖော်ပြသည့် ဓာတ်ပုံပြပွဲ ဖြစ်ပြီး ဒေသခံများကိုယ်တိုင် ရိုက်ကူးထားသည့် လက်ရာဓာတ်ပုံ မှတ်တမ်းများ ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးစိုးဝင်းငြိမ်းက ပြောကြားသည်။

“ပြပွဲနေ့ကျရင် ပိုက်လိုင်းတစ်လျှောက် ဒေသခံတွေက အဲဒီမှာ ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်မှု အခြေအနေတွေကိုပါ ရှင်းလင်းသွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းဓာတ်ပုံ မှတ်တမ်းစာအုပ်ကို အုပ်ရေ ၂၀၀၀ ရိုက်နှိပ်ထားကာ တစ်အုပ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဖြစ်ပြီး ဓာတ်ပုံပြပွဲကို မင်းဘူးမြို့နှင့် သီပေါမြို့တို့တွင်လည်း ထပ်မံပြသမည် ဖြစ်ကြောင်း ဒေါ်ဝေဝေလွင်က ဆက်လက်ပြောဆိုသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံအတွင်းသို့ သွယ်တန်းထားကာ ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်ပြီး ဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်လျားကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

The Voice Weekly
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို ထင်ဟပ်ပြသသည့် ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော်တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ ပဒေသာမိုး အရပ်ဘက် လူမှုအဖွဲ့အစည်းမှ အမှုဆောင် ဒေါ်ဝေဝေလွင်က ပြောကြားသည်။

အဆိုပါ ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော် အမှတ် ၁၃၄၊ ၃၅ လမ်း (အလယ်ဘလောက်) ရှိ River Ayeyarwaddy Gallery တွင် ပြသမည် ဖြစ်ပြီး မလုံခြုံသော သဘာဝအမွေဟု အမည်ပေးထားကာ ပိုက်လိုင်း စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာရသည့် အခြေအနေများကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံပေါင်း ၁၀၀ ကျော်ကို ပြသမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပိုက်လိုင်းတစ်လျှောက် မြေဖို့ပြီး အခြေအနေနဲ့ မဖို့ခင် ဖြစ်ပျက်တဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ တွေ ပါ။ ဒါ့အပြင် ပြပွဲလာတဲ့သူတွေကို မှတ်တမ်းစာအုပ် လက်ဆောင်ပေးသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဒေါ်ဝေဝေလွင်က ဆိုသည်။“

အမ်း၊ ဂုတ်ကြီး၊ မင်းဘူး၊ ပြင်ဦးလွင်၊ နောင်ချိုနှင့် သီပေါ အစရှိသည့် ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ် လျှောက် ရှိ ဒေသများ၌ ကြုံတွေ့နေရသည့် မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ သီးနှံစိုက်ခင်းများ ပျက်စီးသည့် အခြေအနေများနှင့် လူမှုဘဝ ထိခိုက်နစ်နာရမှုများကို ဖော်ပြသည့် ဓာတ်ပုံပြပွဲ ဖြစ်ပြီး ဒေသခံများကိုယ်တိုင် ရိုက်ကူးထားသည့် လက်ရာဓာတ်ပုံ မှတ်တမ်းများ ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးစိုးဝင်းငြိမ်းက ပြောကြားသည်။

“ပြပွဲနေ့ကျရင် ပိုက်လိုင်းတစ်လျှောက် ဒေသခံတွေက အဲဒီမှာ ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်မှု အခြေအနေတွေကိုပါ ရှင်းလင်းသွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းဓာတ်ပုံ မှတ်တမ်းစာအုပ်ကို အုပ်ရေ ၂၀၀၀ ရိုက်နှိပ်ထားကာ တစ်အုပ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဖြစ်ပြီး ဓာတ်ပုံပြပွဲကို မင်းဘူးမြို့နှင့် သီပေါမြို့တို့တွင်လည်း ထပ်မံပြသမည် ဖြစ်ကြောင်း ဒေါ်ဝေဝေလွင်က ဆက်လက်ပြောဆိုသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံအတွင်းသို့ သွယ်တန်းထားကာ ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်ပြီး ဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်လျားကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

The Voice Weekly 

No comments:

Post a Comment