Friday 6 June 2014

ဘရာဇီးကို ကမ္ဘာ့တတိယ အကောင်းဆုံးဘောလုံးအသင်းအဖြစ် ဖီဖာက တိုးမြှင့်

 Photo: ဘရာဇီးကို ကမ္ဘာ့တတိယ အကောင်းဆုံးဘောလုံးအသင်းအဖြစ် ဖီဖာက တိုးမြှင့်
Friday, June 6, 2014 
 
ကမ္ဘာ့ဘောလုံးပြိုင်ပွဲ မစတင်ခင် ၁ ပတ်လောက်အလိုမှာ အိမ်ရှင် ဘရာဇီးအသင်းဟာ  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ အဆင့်သတ်မှတ်ချက်အရ  တတိယ အကောင်းဆုံး အသင်းနေရာကို မြင့်တက်သွားခဲ့ပါတယ်။

Brazil-National-Team-for-2014-World-Cupဇွန် ၅ ရက်နေ့က   အသစ် ထုတ်ပြန်တဲ့ ဖီဖာအဆင့်သတ်မှတ်ချက် အရ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းက ပထမနေရာမှာ ဆက်ရှိနေပြီး ဂျာမနီက ဒုတိယနဲ့ အရင်က စတုတ္ထနေရာမှာ ရှိနေတဲ့ ဘရာဇီးက  တတိယနေရာကို တဆင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းကတော့  တတိယနေရာကနေ စတုတ္ထနေရာကို  လျော့ကျသွားပြီး  အာဂျင်တီးနားကတော့ ၂ ဆင့် တိုးလာကာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

အဲဒီနောက် ဆွစ်ဇာလန်၊ ဥရုဂွေး၊ ကိုလံဘီယာနဲ့ အီတလီအသင်းတို့ အစဉ်လိုက်ရှိနေပြီး  အင်္ဂလန်အသင်းကတော့ အရင်ကထက် တဆင့်တိုးလာပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ဒီဗွီဘီ
ကမ္ဘာ့ဘောလုံးပြိုင်ပွဲ မစတင်ခင် ၁ ပတ်လောက်အလိုမှာ အိမ်ရှင် ဘရာဇီးအသင်းဟာ  ကမ္ဘာ့ ဘောလုံး အဖွဲ့ ချုပ် (ဖီဖာ)ရဲ့ အဆင့်သတ်မှတ်ချက်အရ  တတိယ အကောင်းဆုံး အသင်းနေရာကို မြင့်တက်သွားခဲ့ ပါတယ်။

Brazil-National-Team-for-2014-World-Cupဇွန် ၅ ရက်နေ့က   အသစ် ထုတ်ပြန်တဲ့ ဖီဖာအဆင့် သတ်မှတ် ချက် အရ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းက ပထမနေရာမှာ ဆက်ရှိနေပြီး ဂျာမနီက ဒုတိယနဲ့ အရင်က စတုတ္ထနေရာမှာ ရှိနေတဲ့ ဘရာဇီးက  တတိယနေရာကို တဆင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းကတော့  တတိယနေရာကနေ စတုတ္ထနေရာကို  လျော့ကျသွားပြီး  အာ ဂျင် တီးနား ကတော့ ၂ ဆင့် တိုးလာကာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

အဲဒီနောက် ဆွစ်ဇာလန်၊ ဥရုဂွေး၊ ကိုလံဘီယာနဲ့ အီတလီအသင်းတို့ အစဉ်လိုက်ရှိနေပြီး  အင်္ဂလန် အသင်းကတော့ အရင်ကထက် တဆင့်တိုးလာပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment