Friday 6 June 2014

အလှမယ် မေမြတ်နိုး ရန်ကုန်လေဆိပ်ကို ပြန်ရောက်

Photo: အလှမယ် မေမြတ်နိုး ရန်ကုန်လေဆိပ်ကို ပြန်ရောက်
Friday, June 6, 2014

Miss Asia Pacific World 2014 အလှမယ် မေမြတ်နိုးဟာ ဇွန်လ ၅ ရက် ည ၁၀ နာရီက ကိုရီးယား လေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။

အလှမယ်သရဖူနဲ့ ပြန်ရောက်လာတဲ့ မေမြတ်နိုးကို မိသားစု၊ မိတ်ဆွေ၊ ဖက်ရှင် မော်ဒယ် အသိုင်းအ၀ိုင်း၊ အိပ်မက်ဆုံရာက မိတ်ဆွေတွေနဲ့ ပရိသတ်အချို့ကြိုဆိုခဲ့ပါတယ်။

မြန်မာအလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014  ပြိုင်ပွဲမှာ အသက် ၁၈ နှစ်အရွယ် မေမြတ်နိုးဟာ လူကြိုက်အများဆုံးဆုကိုလည်း ကနေဦးက ရရှိထားပြီး မေလ ၃၁ ရက်နေ့ နောက်ဆုံးအဆင့်မှာ ကိုရီးယားအလှမယ်ကို ယှဉ်ပြိုင်အနိုင်ယူကာ Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူးသွားတာပါ။

အခုနောက်ပိုင်း မြန်မာအလှမယ်တွေ နိုင်ငံတကာပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်လာကြပြီး အများစုက အင်တာနက်မယ်ဆု၊ လူကြိုက်အများဆုံးဆု စတဲ့ မဲပေးစနစ်ဆုတွေ ရရှိခဲ့ကြချိန်မှာ မေမြတ်နိုးက ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ် သရဖူ ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။
ု
ကိုရီးယားရုပ်ရှင်အစည်းအရုံးရဲ့ အထူးအသင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ကျောင်းစာသင်ရင်းနဲ့ ပရဟိတတွေလည်း လုပ်သွားမယ်၊ အနုပညာလောကထဲကိုလည်း ၀င်ရောက်ဖို့ ရှိတယ်လို့ ဆိုးလ်မြို့မှာ ရှိတုန်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းစဉ် မေမြတ်နိုးက ပြောခဲ့ပါတယ်။

ဒီဗွီဘီ
Miss Asia Pacific World 2014 အလှမယ် မေမြတ်နိုးဟာ ဇွန်လ ၅ ရက် ည ၁၀ နာရီက ကိုရီးယား လေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။

အလှမယ်သရဖူနဲ့ ပြန်ရောက်လာတဲ့ မေမြတ်နိုးကို မိသားစု၊ မိတ်ဆွေ၊ ဖက်ရှင် မော်ဒယ် အသိုင်းအ၀ိုင်း၊ အိပ်မက်ဆုံရာက မိတ်ဆွေတွေနဲ့ ပရိသတ်အချို့ကြိုဆိုခဲ့ပါတယ်။

မြန်မာအလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014  ပြိုင်ပွဲမှာ အသက် ၁၈ နှစ် အရွယ် မေမြတ်နိုးဟာ လူကြိုက်အများဆုံးဆုကိုလည်း ကနေဦးက ရရှိထားပြီး မေလ ၃၁ ရက်နေ့ နောက်ဆုံး အဆင့်မှာ ကိုရီးယားအလှမယ်ကို ယှဉ်ပြိုင်အနိုင်ယူကာ Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူးသွားတာပါ။

အခုနောက်ပိုင်း မြန်မာအလှမယ်တွေ နိုင်ငံတကာပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်လာကြပြီး အများစုက အင်တာနက်မယ်ဆု၊ လူကြိုက်အများဆုံးဆု စတဲ့ မဲပေးစနစ်ဆုတွေ ရရှိခဲ့ကြချိန်မှာ မေမြတ်နိုးက ပထမဆုံး အကြိမ် နိုင်ငံတကာ အလှမယ် သရဖူ ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။

ကိုရီးယားရုပ်ရှင်အစည်းအရုံးရဲ့ အထူးအသင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ကျောင်းစာသင်ရင်းနဲ့ ပရဟိတတွေလည်း လုပ်သွားမယ်၊ အနုပညာလောကထဲကိုလည်း ၀င်ရောက်ဖို့ ရှိတယ်လို့ ဆိုးလ်မြို့မှာ ရှိတုန်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းစဉ် မေမြတ်နိုးက ပြောခဲ့ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment