
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းမှာ နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့ အတွက် ရွေးချယ် စီစစ်ရေး ကော်မတီဖွဲ့စည်းကာ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ မကြာမီကာလအတွင်းမှာ ခွင့်ပြုပေး တော့မယ့် နိုင်ငံခြားဘဏ်တွေကို ရွေးချယ်ဖို့အတွက် တော့ လက်ရှိပြည်တွင်းမှာ နိုင်ငံခြား ဘဏ် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားတဲ့ထဲက သင့်တော်တဲ့ ဘဏ်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။
ဖွင့်လှစ်ခွင့်ပြုရာမှာလည်း ဘဏ်ခွဲအနေနဲ့သာ ခွင့်ပြု သွားမှာဖြစ်ပြီး ဘဏ်ခွဲပေါင်း (၅)ခုမှ (၁၀)ခုအတွင်းသာ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိပြည်တွင်းဘဏ်လုပ်ငန်းများမှာ အကျိုး ဆုတ်ယုတ်မှုမရှိစေဖို့ အတွက်ကိုလည်း ဗဟိုဘဏ်မှ ဦးစီးပြီး နိုင်ငံခြားဘဏ်ခွဲများကို လုပ်ကိုင်ခွင့် ဧရိယာ သတ်မှတ် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်လှစ်ခွင့်ပေးလိုက် ပါက ပြည်တွင်းရဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုတွေမှာ နိုင်ငံတကာစနစ်တွေနဲ့အညီ ၀န်ဆောင်မှုများ ရရှိနိုင်မှာ ပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိပြည်တွင်းဘဏ်များအနေနဲ့တော့ နည်းပညာပိုင်း၊ အရင်းအနှီးပိုင်း၊ အတွေ့အကြုံ ပိုင်းနဲ့ လုပ်သားကျွမ်းကျင်သူများ ဆုံးရှုံးနိုင်မှုစတဲ့ အပိုင်းတွေမှာတော့ ထိခိုက်မှု အနည်းငယ်ရှိနိုင်တယ်လို့ ပြည်တွင်းဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်အရ သိရပါတယ်။ လက်ရှိမှာတော့ နိုင်ငံခြားဘဏ် ရွေးချယ်စီစစ်ရေး ကော်မတီအနေနဲ့ ရွေးချယ်ရေးလုပ်ငန်းစဉ် တွေကို နိုင်ငံတကာမှ ငွေရေးကြေးရေး အကြံပေး အဖွဲ့များနဲ့ အသေးစိတ်ညှိနှိုင်းသွားမှာဖြစ်ပြီး မကြာမီကာလအတွင်း ဖွင့်လှစ်ခွင့်ပြုသွားမှာ ဖြစ် တယ် လို့ သိရပါတယ်။
MRTV-4
No comments:
Post a Comment