Friday 6 June 2014

ရေပြာပြာဝယ် မောသမျှ ပြေစေမယ်

Photo: ရေပြာပြာဝယ် မောသမျှ ပြေစေမယ်
Friday, June 6, 2014

ဒီတစ်ပတ်အားလပ်ရက်မှာ သွားလာလည်ပတ်ဖို့သဘာဝအလှ
ရှုခင်းတွေ တစ်ဝကြီး ခံစားရမယ့် နေရာလေးတစ်ခုကိုညွှန်းချင်ပါတယ်။ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာ
နေထိုင်သူတွေအတွက်ကတော့ မဆန်းပေမယ့် နယ်ဝေးကနေ
မန္တလေးမြို့ကိုရောက်လာမယ့်သူတွေ မသွားမဖြစ်သွားရောက်ဖို့ ဒီးဒုတ်ရေပြာအိုင်ကို ညွှန်းလိုက်ပါရစေ။

ဒီးဒုတ်ရေပြာအိုင်က မန္တလေးမြို့ရဲ့ အရှေ့ဘက် မန္တလေး-ပြင်ဦးလွင်လမ်း (၁၆)မိုင်ဂိတ် အကျော် ရဲရွာရေအားလျှပ်စစ် စက်ရုံကိုသွားရာလမ်းတစ်လျှောက်ကနေသွားရမှာပါ။ အဲဒီလမ်းကနေဝင်လိုက်ပြီဆိုတာနဲ့ မြင့်မားစိမ်းစိုနေတဲ့ တောင်တန်းကြီးတွေက သင်တို့ ကိုဝန်းရံနေတာကိုမြင်တွေ့ရမှာ ပါ။

ခပ်ကြမ်းကြမ်းစီးဆင်းနေတဲ့ ဒုဋ္ဌဝတီမြစ်ကြီးရယ်၊ မြစ်ဘေး တစ်လျှောက် စိုက်ပျိုးထားတဲ့သီး နှံစိုက်ခင်းတွေကိုလည်း မျက်စိ ပသာဒဖြစ်ဖွယ် ရှုစားရဦးမှာပါ။ အဲဒီလိုအလှအပတွေ ခံစားရင်း ၁၅ မိုင်ကျော်ကျော်လောက်မှာ တော့ ဒီးဒုတ်ရေပြာအိုင်ကိုရောက် ရှိမှာဖြစ်ပါတယ်။ ဒီးဒုတ်ရေပြာအိုင် ရောက်ပြီဆိုတာနဲ့ပြာလဲ့လဲ့ ရေထဲမှာ ဝင်ရောက်ဆော့ကစားရင်း အနားယူလို့ရပါပြီ။ ဒီးဒုတ်ရေပြာအိုင်ဟာ ဒီးဒုတ်ရေတံခွန်က ကျလာတဲ့ ရေပြာတွေပါ။ ဒီးဒုတ်ရေတံခွန်ဟာ မြင့်မားလှတဲ့တောင်ပေါ်ကနေ ပတ်ခွေစီးဆင်းနေ တာမို့ ဒီးဒုတ်ရေ ပြာအိုင်လေးတွေကလည်း မရေမတွက်နိုင်အောင်အထပ်လိုက် အထပ်လိုက် တည်ရှိနေပါသေးတယ်။ ဒါကြောင့် အောက်ခြေရေပြာအိုင်တင်အားမရသေးဘူးဆိုရင် ထပ်တက်လို့ရပါသေးတယ်။ အပေါ်ရောက်လေရေတွေက ပိုပြီးပြာလဲ့ကြည်လင်ပါတယ်။ ရေတံခွန် ၁၀ ထပ်အထိ အပန်းဖြေစခန်းလေးတွေဖွင့်လှစ်ထားပါတယ်။ 

ကျင့်သားမရှိသေးသူတွေအတွက် ချွေးတတောက်တောက်ကျစေနိုင်ပါတယ်။ ဒါပေမဲ့ အပေါ် ရောက်လေ ဒီးဒုတ်ရေတံခွန်ရဲ့ အလှက ပိုမိုတောက်ပလာလေမို့ အမောအပန်းပြေပျောက်သွားစေမှာ အမှန်ပါ။ ရေတံခွန် အထပ်တွေဆီသွားရင်း မောပန်းလာရင် ဒေသခံတွေ ရောင်းချနေတဲ့ အအေးတို့၊ ရေသန့်ဘူးတို့ ဝယ်ယူအားပေးရင်း သူတို့ရဲ့ လူနေမှုဘဝတွေကို လေ့လာနိုင်ပါတယ်။ အရမ်းမောပန်းလာလို့ ခန္ဓာကိုယ်ကိုလဲလျောင်းချင်တယ်ဆိုရင် အရိပ် အာဝါသကောင်းလှတဲ့ သစ်ပင် တွေအောက်က ဝါးကွပ်ပျစ်လေး တွေက အဆင်သင့်စောင့်ကြိုနေ ပါတယ်။

ဓာတ်ပုံ− ညီညီဇော်
7Day Daily
ဒီတစ်ပတ်အားလပ်ရက်မှာ သွားလာလည်ပတ်ဖို့သဘာဝအလှ ရှုခင်းတွေ တစ်ဝကြီး ခံစားရမယ့် နေရာလေး တစ်ခု ကို ညွှန်းချင်ပါတယ်။ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာ နေထိုင် သူတွေ အတွက်ကတော့ မဆန်းပေမယ့် နယ်ဝေးကနေ မန္တလေးမြို့ကိုရောက်လာမယ့်သူတွေ မသွားမဖြစ်သွားရောက်ဖို့ ဒီးဒုတ်ရေပြာအိုင်ကို ညွှန်း လိုက် ပါရစေ။

ဒီးဒုတ်ရေပြာအိုင်က မန္တလေးမြို့ရဲ့ အရှေ့ဘက် မန္တလေး-ပြင်ဦးလွင်လမ်း (၁၆)မိုင်ဂိတ် အကျော် ရဲရွာ ရေအားလျှပ်စစ် စက်ရုံကိုသွားရာလမ်းတစ်လျှောက်ကနေသွားရမှာပါ။ အဲဒီလမ်းကနေဝင်လိုက်ပြီဆိုတာနဲ့ မြင့်မားစိမ်းစိုနေတဲ့ တောင်တန်းကြီးတွေက သင်တို့ ကိုဝန်းရံနေတာကိုမြင်တွေ့ရမှာ ပါ။

ခပ်ကြမ်းကြမ်းစီးဆင်းနေတဲ့ ဒုဋ္ဌဝတီမြစ်ကြီးရယ်၊ မြစ်ဘေး တစ်လျှောက် စိုက်ပျိုးထားတဲ့သီး နှံစိုက်ခင်း တွေကိုလည်း မျက်စိ ပသာဒဖြစ်ဖွယ် ရှုစားရဦးမှာပါ။ အဲဒီလိုအလှအပတွေ ခံစားရင်း ၁၅ မိုင်ကျော်ကျော် လောက်မှာ တော့ ဒီးဒုတ်ရေပြာအိုင်ကိုရောက် ရှိမှာဖြစ်ပါတယ်။ ဒီးဒုတ်ရေပြာအိုင် ရောက်ပြီဆိုတာနဲ့ပြာ လဲ့လဲ့ ရေထဲမှာ ဝင်ရောက်ဆော့ကစားရင်း အနားယူလို့ရပါပြီ။ ဒီးဒုတ်ရေပြာအိုင်ဟာ ဒီးဒုတ်ရေတံခွန်က ကျလာတဲ့ ရေပြာတွေပါ။ ဒီးဒုတ်ရေတံခွန်ဟာ မြင့်မားလှတဲ့တောင်ပေါ်ကနေ ပတ်ခွေစီးဆင်းနေ တာမို့ ဒီးဒုတ်ရေ ပြာအိုင်လေးတွေကလည်း မရေမတွက်နိုင်အောင်အထပ်လိုက် အထပ်လိုက် တည်ရှိနေပါ သေးတယ်။ ဒါကြောင့် အောက်ခြေရေပြာအိုင်တင်အားမရသေးဘူးဆိုရင် ထပ်တက်လို့ရပါသေးတယ်။ အပေါ် ရောက်လေရေတွေက ပိုပြီးပြာလဲ့ကြည်လင်ပါတယ်။ ရေတံခွန် ၁၀ ထပ်အထိ အပန်းဖြေစခန်းလေး တွေဖွင့်လှစ်ထားပါတယ်။ 

ကျင့်သားမရှိသေးသူတွေအတွက် ချွေးတတောက်တောက်ကျစေနိုင်ပါတယ်။ ဒါပေမဲ့ အပေါ် ရောက်လေ ဒီးဒုတ်ရေတံခွန်ရဲ့ အလှက ပိုမိုတောက်ပလာလေမို့ အမောအပန်းပြေပျောက်သွားစေမှာ အမှန်ပါ။ ရေတံခွန် အထပ်တွေဆီသွားရင်း မောပန်းလာရင် ဒေသခံတွေ ရောင်းချနေတဲ့ အအေးတို့၊ ရေသန့်ဘူးတို့ ဝယ်ယူ အားပေးရင်း သူတို့ရဲ့ လူနေမှုဘဝတွေကို လေ့လာနိုင်ပါတယ်။ အရမ်းမောပန်းလာလို့ ခန္ဓာကိုယ်ကိုလဲ လျောင်းချင်တယ်ဆိုရင် အရိပ် အာဝါသကောင်းလှတဲ့ သစ်ပင် တွေအောက်က ဝါးကွပ်ပျစ်လေး တွေက အဆင်သင့်စောင့်ကြိုနေ ပါတယ်။

ဓာတ်ပုံ− ညီညီဇော်
7Day Daily

No comments:

Post a Comment