Friday 6 June 2014

သေဆုံးမှုမြင့်တက်လာနေသည့် ဆော်ဒီအာရေးဗျနိုင်ငံက MERS ဗိုင်းရက်စ်ပိုးကူးစက်မှု

Photo: သေဆုံးမှုမြင့်တက်လာနေသည့် ဆော်ဒီအာရေးဗျနိုင်ငံက MERS ဗိုင်းရက်စ်ပိုးကူးစက်မှု
Friday, June 6, 2014 

ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေတဲ့ MERS ဗိုင်းရက်စ်ပိုး ကူးစက် မှုကြောင့် သေဆုံးသူအရေအတွက်ဟာ နှစ်ရာကျော်ရှိသွားပြီဖြစ်တယ်လို့
သိရပါတယ်။ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေတဲ့  MERS ဗိုင်းရက်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ (၂၈၂)ဦး ရှိသွားပြီဖြစ်တယ်လို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဗိုင်းရက်စ်ပိုးကူးစက်ခံရမှုဖြစ်စဉ်ဟာ (၆၆၈)ခုရှိသွားပြီဖြစ်တယ် လို့ဆော်ဒီအာရေးဗျ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ အခုနောက်ဆုံးထုတ်ပြန်မှုမတိုင်ခင်က ဗိုင်းရက်စ်ပိုး ကူးစက်ခံရမှုဟာ (၅၇၅)မှုရှိခဲ့ပါတယ်။ ဆော်ဒီကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တာရစ်မာဒါနီကတော့ ဗိုင်းရက်စ်ပိုးကူးစက်ခံရမှု နောက်ဆုံး ထုတ်ပြန်ပြီးတဲ့နောက်မှာ ရောဂါကူးစက်ခံရမှုတွေမြင့်တက်နေတယ် လို့လည်း ပြောကြားထားပါတယ်။
 
လတ်တလောမှာတော့ ရောဂါကူး စက်ခံရသူ(၅၃)ယောက်ဟာ ဆေးကုသမှုခံယူနေတယ်လို့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ အရှေ့အလယ်ပိုင်းရောဂါ MERS ဗိုင်းရက်စ်ပိုးဟာ သာမန်အအေးမိရောဂါနဲ့ ဖြစ်ပွားပုံချင်းဆင်တူပေမယ့်  MERS  ဗိုင်းရက်စ်ပိုးကူးစက်ခံရပါက ကျောက်ကပ်ဆုံးရှုံးနိုင်ပြီး အဆုတ်ရောင်ရောဂါလည်း ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

MRTV-4






ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေတဲ့ MERS ဗိုင်းရက်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက် ဟာ နှစ်ရာကျော်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေ တဲ့  MERS ဗိုင်းရက်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ (၂၈၂)ဦး ရှိသွားပြီဖြစ်တယ်လို့ ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
 ဒါ့အပြင် ဗိုင်းရက်စ်ပိုးကူးစက်ခံရမှုဖြစ်စဉ်ဟာ (၆၆၈)ခုရှိသွားပြီဖြစ်တယ် လို့ဆော်ဒီအာရေးဗျ အာဏာပိုင် တွေက ပြောကြားထားပါတယ်။ အခုနောက်ဆုံးထုတ်ပြန်မှုမတိုင်ခင်က ဗိုင်းရက်စ်ပိုး ကူးစက်ခံရမှုဟာ (၅၇၅)မှု ရှိခဲ့ပါတယ်။ ဆော်ဒီကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တာရစ်မာဒါနီကတော့ ဗိုင်းရက်စ်ပိုးကူးစက်ခံရမှု နောက်ဆုံး ထုတ်ပြန်ပြီးတဲ့နောက်မှာ ရောဂါကူးစက်ခံရမှုတွေမြင့်တက်နေတယ် လို့လည်း ပြောကြားထားပါတယ်။

လတ်တလောမှာတော့ ရောဂါကူး စက်ခံရသူ(၅၃)ယောက်ဟာ ဆေးကုသမှုခံယူနေတယ်လို့ ကျန်းမာရေး ၀န်ကြီး ဋ္ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ အရှေ့အလယ်ပိုင်းရောဂါ MERS ဗိုင်းရက်စ်ပိုးဟာ သာမန်အအေးမိရောဂါနဲ့ ဖြစ်ပွားပုံချင်းဆင်တူပေမယ့်  MERS  ဗိုင်းရက်စ်ပိုး ကူးစက်ခံရပါက ကျောက်ကပ်ဆုံးရှုံးနိုင်ပြီး အဆုတ်ရောင်ရောဂါလည်း ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment