Friday 6 June 2014

ကျေးလက်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

တိုင်းနှင့်ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ကျေးလက်အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်အေးက လွှတ်တော်သို့ လာရောက်စဉ် ဇွန် ၅ တွင် မဇ္ဈိမကို ပြောသည်။

“ကျေးလက်အိမ်ရာ စီမံကိန်းပေါ့၊ စီစဉ်ဆောင်ရွက်နေတယ်။ အဓိကတော့ဝန်ထမ်းတွေကို ဦးစားပေးမယ်။ ကျန်းမာရေးဝန်ထမ်းတွေလိုမျိုးပေါ့ ” ဟု ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ပြောသည်။ 

လက်ရှိအနေအထားမှာ ဆောင်ရွက်ပေးရန်စီစဉ်သည့် ကာလဖြစ်သည့်အတွက် မည်သို့ဆောက်လုပ်ပေး မည်ကို မပြောနိုင်သေးပေ။ အဓိက ဖွံ့ဖြိုးမှုနည်းသည့်ကျေးရွာများတွင် တည်ဆောက်ပေးနိုင်ရန် မျှော်မှန်း ထားပြီး ဘတ်ဂျက်ရရှိမှုအပေါ်မူတည် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ကျေးလက်အိမ်ရာများဆောက်ပေးထားမှုများရှိသော်လည်း လုံလောက်မှုလုံးဝ မရှိသည့်အတွက် လိုအပ် သည့် နေရာ များတွင် သီးသန့်ဆောင်ရွက်ပေးနိုင်မည်ဟု ဆိုသည်။ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း ကျေးရွာတစ်ခုလျှင် ကျပ် သိန်း ၃၀၀ ပေးသော်လည်း နည်းပါးလျက်ရှိသည်ဟု ဒု-၀န်ကြီးက ဆက်ပြော သည်။ 

ကျေးလက်ဒေသဖွံ့ဖြိုးရေးမှာ ရန်ပုံငွေခွဲသည့်အခါတွင် ကျေးလက်အိမ်ရာဆောက်လုပ်ပေးရန် သီးသန့် ခွဲပေးမှု များပါသော်လည်း ရရှိမှုနည်းပါးသည်ဟုဆိုသည်။ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားလျှင် တည်ဆောက်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ပေးနိုင်ရန် ပေါ်လစီအရ စီမံချက်ဖြင့် ချက်ချင်း ဆောင်ရွက် လျက်ရှိသည် ဟုဆိုသည်။ 

“လာမယ့်နှစ်မှာ ဆောက်လုပ်ဖို့ရှိတယ်။ သူဘတ်ဂျက်ပေါ် မူတည်တယ်” ဟု ဒုတိယ၀န်ကြီး ဦးခင်မောင်အေး က မဇ္ဈိမကို ပြောသည်။ 

အချို့မြို့နယ်များရှိ ကျေးလက်ဒေသများတွင် အမှန်တကယ် နေထိုင်မည့် အဆောက်အအုံဆောက်လုပ်ရန် အခက်အခဲ များရှိပါက ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စာစီပြီးမွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ကူညီဆောင်ရွက်ပေးရန် တောင်းခံနိုင်သည်ဟု ဆိုသည်။

Mizzima - News in Burmese 

No comments:

Post a Comment