Friday 6 June 2014

ရဲများကို ပစ်ခတ် သတ်ဖြတ်သူ လွတ်မြောက် နေသဖြင့် ကနေဒါနိုင်ငံ မွန်တန်မြို့တွင် လုံခြုံရေး အတင်းကျပ် ဆုံးချထား

Photo: ရဲများကို ပစ်ခတ် သတ်ဖြတ်သူ လွတ်မြောက် နေသဖြင့် ကနေဒါနိုင်ငံ မွန်တန်မြို့တွင် လုံခြုံရေး အတင်းကျပ် ဆုံးချထား
Friday, June 6, 2014  

ကနေဒါနိုင်ငံ မွန်တန်မြို့တွင် ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းတွင် ရဲငါးဦးကို ပစ်ခတ် တိုက်ခိုက်သွားသူ တစ်ဦး ထွက်ပြေး လွတ်မြောက်နေသဖြင့် ကနေဒါ ရဲတပ်ဖွဲ့သည် အပူတပြင်း ရှာဖွေလျက်ရှိကာ မွန်တန်မြို့တစ်ဝန်း လုံခြုံရေးများ အထူး တင်းကျပ် ထားကြောင်း သိရသည်။ ရဲသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

အသက် ၂၄ နှစ် အရွယ် ဂျက်စတင်းဘော့ ဆိုသူသည် ပစ်ခတ်မှု ကျူးလွန်သူ ဖြစ်နိုင်ကြောင်း ရဲက ကနဦး ကောက်ချက် ချထားပြီး ဂျက်စတင်း ဘော့ကို ကြာသပတေးနေ့ မနက်ပိုင်းတွင် ကြိမ်ဖန်များစွာ တွေ့လိုက်ရသော် လည်း မဖမ်းမိဘဲ လွတ်သွားကြောင်း ရဲကပြောသည်။ မြို့ခံများ အိမ်ထဲမှာ သာနေရန်၊ အိမ်တံခါးများ သော့ခတ်ထားရန် မြို့အုပ်ချုပ်ရေး အဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

ဒဏ်ရာ ရသွားသော ကနေဒါ တော်ဝင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဆေးရုံတင် ကုသထားရပြီး အခြေအနေ မသိရသေး။

““ပစ်အားပြင်းတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ တစ်ကိုယ်တော် သေနတ်သမား တစ်ဦး မြို့ထဲမှာ လွတ်နေပါတယ်။ သူဘယ်မှာ ခိုအောင်းနေလဲ အတိအကျ မသိသေးပါဘူး။ မြို့ခံတွေ သတိရှိကြဖို့ တိုက်တွန်းပါတယ်”” ဟု ရဲတပ်ဖွဲ့ အရာရှိ ရော်ဂျာ ဘရောင်းက ပြောသည်။

““သံသယ တရားခံ လူငယ်ဟာ ဘာကြောင့် ခုလို ပစ်ခတ် တိုက်ခိုက်မှု ပြုတယ်ဆိုတာကျွန်တော် တို့ စုံစမ်းနေပါတယ်””ဟု မွန်တန်မြို့ ရဲတပ်ဖွဲ့ ရဲအုပ်မာလင်း စနိုးမန်းက ပြောသည်။

မွန်တန်မြို့ တည်ရှိရာ နယူးဘရန်းဝစ် ပြည်နယ် ၀န်ကြီးချုပ် ဒေးဗစ် အောဝါ့ဒ်ကလည်း ပစ်ခတ်မှုတွင် ထိခိုက် နစ်နာခဲ့ရသူ အားလုံးအတွက် အထူး စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန် ပြောကြားလိုက်သည်။

မွန်တန်မြို့ အနောက် မြောက်ဘက်တွင် ဗုဒ္ဓဟူး နေ့ည ဒေသ စံတော်ချိန်(၈)နာရီတွင် ပထမဆုံး ပစ်ခတ်သံများ ကြားရပြီးနောက် ငြိမ်သွားကာ ည (၁၀) နာရီခန့်တွင် ဒုတိယမြောက် ပစ်ခတ်သံများ ထပ်ကြားရကြောင်း မြို့ခံများက ပြောသည်။ ရဲတပ် ဖွဲ့သည် ဗုဒ္ဓဟူးနေ့ တစ်ညလုံးနှင့် ကြာသပတေး တစ်နေ့လုံး ရှာဖွေနေသည့်တိုင် သံသယ တရားခံကို တွေ့ရှိခြင်း မရှိသေး။ ကျောင်းများ ပိတ်ထားလိုက် သလို ဘတ်စ်ကားများ လည်းပြေးဆွဲခြင်း မရှိကြောင်း သိရသည်။ မွန်တန်မြို့ အဓိက လမ်းမကြီးများကို လည်း လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ထားကာ စစ်ဆေးလျက် ရှိသည်။

Messenger News Journal
ကနေဒါနိုင်ငံ မွန်တန်မြို့တွင် ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းတွင် ရဲငါးဦးကို ပစ်ခတ် တိုက်ခိုက်သွားသူ တစ်ဦး ထွက်ပြေး လွတ်မြောက်နေသဖြင့် ကနေဒါ ရဲတပ်ဖွဲ့သည် အပူတပြင်း ရှာဖွေလျက်ရှိကာ မွန်တန်မြို့တစ်ဝန်း လုံခြုံရေးများ အထူး တင်းကျပ် ထားကြောင်း သိရသည်။ ရဲသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

အသက် ၂၄ နှစ် အရွယ် ဂျက်စတင်းဘော့ ဆိုသူသည် ပစ်ခတ်မှု ကျူးလွန်သူ ဖြစ်နိုင်ကြောင်း ရဲက ကနဦး ကောက်ချက် ချထားပြီး ဂျက်စတင်း ဘော့ကို ကြာသပတေးနေ့ မနက်ပိုင်းတွင် ကြိမ်ဖန်များစွာ တွေ့လိုက်ရသော် လည်း မဖမ်းမိဘဲ လွတ်သွားကြောင်း ရဲကပြောသည်။ မြို့ခံများ အိမ်ထဲမှာ သာနေရန်၊ အိမ်တံခါးများ သော့ခတ်ထားရန် မြို့အုပ်ချုပ်ရေး အဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

ဒဏ်ရာ ရသွားသော ကနေဒါ တော်ဝင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဆေးရုံတင် ကုသထားရပြီး အခြေအနေ မသိရ သေး။

““ပစ်အားပြင်းတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ တစ်ကိုယ်တော် သေနတ်သမားတစ်ဦး မြို့ထဲမှာ လွတ်နေပါတယ်။ သူဘယ်မှာ ခိုအောင်းနေလဲ အတိအကျ မသိသေးပါဘူး။ မြို့ခံတွေ သတိရှိကြဖို့ တိုက်တွန်း ပါတယ်”” ဟု ရဲတပ်ဖွဲ့ အရာရှိ ရော်ဂျာ ဘရောင်းက ပြောသည်။

““သံသယ တရားခံ လူငယ်ဟာ ဘာကြောင့် ခုလို ပစ်ခတ် တိုက်ခိုက်မှု ပြုတယ်ဆိုတာကျွန်တော် တို့ စုံစမ်းနေ ပါတယ်””ဟု မွန်တန်မြို့ ရဲတပ်ဖွဲ့ ရဲအုပ်မာလင်း စနိုးမန်းက ပြောသည်။

မွန်တန်မြို့ တည်ရှိရာ နယူးဘရန်းဝစ် ပြည်နယ် ၀န်ကြီးချုပ် ဒေးဗစ် အောဝါ့ဒ်ကလည်း ပစ်ခတ်မှုတွင် ထိခိုက် နစ်နာခဲ့ရသူ အားလုံးအတွက် အထူး စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန် ပြောကြားလိုက်သည်။

မွန်တန်မြို့ အနောက် မြောက်ဘက်တွင် ဗုဒ္ဓဟူး နေ့ည ဒေသ စံတော်ချိန်(၈)နာရီတွင် ပထမဆုံး ပစ်ခတ်သံ များ ကြားရပြီးနောက် ငြိမ်သွားကာ ည (၁၀) နာရီခန့်တွင် ဒုတိယမြောက် ပစ်ခတ်သံများ ထပ်ကြားရကြောင်း မြို့ခံများကပြောသည်။ ရဲတပ်ဖွဲ့သည် ဗုဒ္ဓဟူးနေ့ တစ်ညလုံးနှင့် ကြာသပတေး တစ်နေ့လုံး ရှာဖွေနေသည့် တိုင် သံသယ တရားခံကို တွေ့ရှိခြင်း မရှိသေး။ ကျောင်းများ ပိတ်ထားလိုက် သလို ဘတ်စ်ကားများ လည်း ပြေး ဆွဲခြင်း မရှိကြောင်း သိရသည်။ မွန်တန်မြို့ အဓိက လမ်းမကြီးများကို လည်း လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ ထားကာ စစ်ဆေးလျက် ရှိသည်။

Messenger News Journal

No comments:

Post a Comment