Friday 6 June 2014

Facebook Fanpage များတွင် Like လုပ်သူ များပြားလာစေရန် ငွေကြေးဖြင့်လုပ်ဆောင်မှု ပိုမိုများပြားလာကြောင်း သိရ

Facebook Fan Page များတွင် ကြည့်ရှုသူများလာစေရန်နှင့် Like လုပ်သူများလာစေရန်အတွက် ငွေ ကြေးဖြင့် သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်းများဖြင့် သော်လည်ကောင်း လုပ်ဆောင်မှုများ ပိုမို များပြား လာကြောင်း အိုင်တီကုမ္ပဏီ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ 

"ဒီလိုမျိုးတွေ ပြုလုပ်နေတာတော့ ကြာပါပြီ။ အများဆုံး လုပ်တာကတော့ ကြော်ငြာကုမ္ပဏီတွေပါပဲ။ သူတို့က ကြော်ငြာအားကောင်းမှ သူတို့ရဲ့ထုတ်ကုန်တွေကိုလူသိမှာ။ ဒါကျတော့ အွန်လိုင်းကြော်ငြာပေါ့။ အခုနောက် ပိုင်း မှာဆိုရင် နိုင်ငံခြားကြော်ငြာ ကုမ္ပဏီတွေလည်း အများဆုံး လုပ်လာကြတယ်။ ပြီးတော့ မီဒီယာ အသေးစား တွေ ဆိုရင်လည်း လုပ်ကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့တင်ဆက်တဲ့ သတင်းတွေကို လူတွေပိုပြီးတော့ သိလာမယ်။ ဒါကြောင့် တော်တော်များများက နောက်ပိုင်းမှာ လုပ်လာကြတယ်။ ဒါက Facebook မှာ ပိုက်ဆံပေးပြီး လုပ်ခိုင်းတယ် မခိုင်းဘူးဆိုတာက ကြည့်ရင်သိပါတယ်။ တချို့ကျတော့လည်း like လုပ်ရင် လက်ဆောင်တွေပေးမယ်။ ဖုန်းတွေမဲနှိုက်ပေးမယ်ဆိုပြီး ဆွဲဆောင်ကြတယ်။ ဒါကလည်း ပိုက်ဆံပေးရင် ကိုယ်ကြိုက်တဲ့ပုံစံကို လုပ်ခိုင်းလို့ရတယ်။ ပိုက်ဆံများများပေးရင် like လုပ်တဲ့သူများလာ မယ်။ ကြည့်တဲ့သူများလာမယ်။ ကြော်ငြာအား ကောင်းတာပေါ့" ဟု Myanmar soft-gate Technology မှ မန်နေဂျင်းဒါရိုက်တာ ကိုရန်နောင်စိုးက ပြောကြားသည်။ 

Facebook fanpage များတွင် အသုံးပြုသူ များလာစေရန်အတွက် ငွေကြေးဖြင့် လုပ်ဆောင်ရာတွင် super, sunsilk, Pound's, Nivea များအပါအ၀င် နောက်ပိုင်းတွင် နိုင်ငံခြားကြော်ငြာ ကုမ္ပဏီများနှင့် အခြား လုပ်ငန်းရှင် များမှာလည်း ယင်းတို့၏ ထုတ်ကုန်များကို လူသိများစေရန်အတွက် ပြုလုပ်လာကြပြီး စုစုပေါင်း ကုမ္ပဏီ ၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံရှိ အချို့မီဒီယာများလည်း ပါဝင်ကြောင်း သိရသည်။ 

"ဒီလိုမျိုးလုပ်တယ်ဆိုတာ ကြော်ငြာထုတ်ကုန်ဆိုရင်လည်း ဘယ်လောက်ကြော်ငြာ ကြော်ငြာ ပစ္စည်းကောင်း မှ လူတွေသုံးကြမှာ။ ဒီလိုမျိုးတွေ ကြော်ငြာတာထက် ကိုယ့်ပစ္စည်းတွေကို ပိုပြီးကောင်းအောင် ထုတ်ရင် တော့ သုံး တဲ့ သူ များလာမှာပေါ့" ဟု Facebook အသုံးပြုသူ အိုင်တီကျွမ်းကျင်သူ ကိုချမ်းမင်းက ပြောကြား သည်။ 

ယင်းသို့ငွေကြေးဖြင့် လုပ်ဆောင်ရာတွင် ကြော်ငြာကုမ္ပဏီများအပြင် မြန်မာနိုင်ငံရှိ မီဒီယာအချို့လည်း ပါဝင် လာကြောင်း သိရသည်။ 

"လွန်ခဲ့တဲ့ ငါးလလောက်က 7Day News Journal Facebook Page ထက်Eleven Media Group Facebook Page က like အရေအတွက် ငါးသောင်းကျော်လောက် ပိုများပါတယ်။ ဒီနောက်ပိုင်းမှာ 7Day က Facebook Promotion လုပ်လာပါတယ်။ အဲဒီမှာ လပိုင်းအတွင်း ကျွန်တော်တို့ထက် ၁၈၀၀၀၀ လောက် ပိုများသွားပါတယ်။ အခု ကျွန်တော်တို့လည်း တစ်လဒေါ်လာ ၃၅၀ Facebook ကိုပေးပြီး Promotion လုပ်နေပါတယ်။ အရင်က ပုံမှန်သတင်း အခြေအနေမှာ တစ်လကို လူ ၃၀၀၀၀ ကျော်လောက် like လုပ်တဲ့ အခြေအနေကနေ အခုလူတစ်သိန်း ကျော်လောက် Like လုပ်လာကြပါတယ်။ BBC Burmese သစ်ထူးလွင်၊ ရိုးရာလေးတို့ Facebook Promotion လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အစိုးရ Lobby Page ဖြစ်တဲ့ နည်းစနစ်ကျကျ အတွေးအခေါ် Facebook Page လည်း Facebook Promotion ကို လုပ်ထားတာ တွေ့ရပြီး သူတို့ Facebook မှာ Like ရတဲ့နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် ၁ နှစ်မှာ ဒေါ်လာသောင်းချီပေးရမယ်လို့ ခန့်မှန်းပါတယ်" ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment