Friday 6 June 2014

တစ်နိုင်ငံလုံး ယာဉ်များအနက် ၂ ရာခိုင်နှုန်းသာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိ

Photo: တစ်နိုင်ငံလုံး ယာဉ်များအနက် ၂ ရာခိုင်နှုန်းသာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိ
Friday, June 6, 2014 

မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်စီးရေ ခြောက်သိန်းဝန်းကျင် ရှိသည့်အနက် ၂ ရာခိုင်နှုန်းကျော်သာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိကြောင်း မြန်မာအာမခံ လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။ 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန (က.ည.န) က တရားဝင် ထုတ်ပြန်ထားသည့် စာရင်းအရ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး မော်တော်ယာဉ် အစီးရေ ခြောက်သိန်းဝန်းကျင်ခန့် ရှိပြီး မြန်မာ့အာမခံလုပ်ငန်းတွင် ယာဉ်အစီးရေ ၈၆၀၀ ကျော်နှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီများတွင် ယာဉ်အစီးရေ ၆၀၀၀ ကျော်ခန့်သာ အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။ 

“အိမ်နီးချင်း နိုင်ငံတွေမှာ အာမခံ အပြည့်အဝ မထားရင် ယာဉ်မောင်းနှင်ခွင့် မရှိသလို လမ်းပေါ်လည်း တက်ခွင့်မရှိဘူး။ မော်တော်ယာဉ် တင်သွင်းတာက နှစ်အလိုက် မြင့်လာနေပေမယ့် ယာဉ်တွေအားလုံး အလုံးစုံ အာမခံ မထားတာကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။ 

အလုံးစုံအာမခံ မထားသဖြင့် မြန်မာနိုင်ငံအတွင်းရှိ မော်တော်ယာဉ်စီးရေ ၁၀၀ တွင် ၉၇ စီး ဝန်းကျင်မှာ အန္တရာယ် ရှိနိုင်ကြောင်း၊ ကိုယ်တိုင်လည်း အန္တရာယ် ရှိနိုင်သည့်အပြင် အခြားသူများလည်း ထိခိုက်နစ်နာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ထားရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်လုပ်လက်စား သမားတွေက အချိန်လည်း မပေးနိုင်သလို ငွေကုန်ကြေးကျလည်း အရမ်းမခံနိုင်တော့ သွားပြီး မထားဖြစ်ဘူး။ နောက်ပိုင်း အဆင်ပြေလာရင်တော့ သွားထားဖြစ်မှာပါ” ဟု ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်ပြီး အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ဆိုသည်။

ပြည်တွင်းရှိ စက်တပ်ယာဉ်များတွင် မဖြစ်မနေ ထားရှိရမည့် သူတစ်ပါး ထိခိုက်မှု အာမခံနှင့် အလုံးစုံ အာမခံဟူ၍ ရှိပြီး လက်ရှိတွင် အလုံးစုံအာမခံ ထားရှိသူမှာ နည်းပါးနေကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။

The Voice Weekly
မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်စီးရေ ခြောက်သိန်းဝန်းကျင် ရှိသည့်အနက် ၂ ရာခိုင်နှုန်းကျော်သာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိကြောင်း မြန်မာအာမခံ လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။ 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန (က.ည.န) က တရားဝင် ထုတ်ပြန်ထားသည့် စာရင်းအရ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး မော်တော်ယာဉ် အစီးရေ ခြောက်သိန်းဝန်းကျင်ခန့် ရှိပြီး မြန်မာ့အာမခံ လုပ်ငန်း တွင် ယာဉ်အစီးရေ ၈၆၀၀ ကျော်နှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီများတွင် ယာဉ်အစီးရေ ၆၀၀၀ ကျော် ခန့်သာ အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။ 

“အိမ်နီးချင်း နိုင်ငံတွေမှာ အာမခံ အပြည့်အဝ မထားရင် ယာဉ်မောင်းနှင်ခွင့် မရှိသလို လမ်းပေါ်လည်း တက်ခွင့် မရှိဘူး။ မော်တော်ယာဉ် တင်သွင်းတာက နှစ်အလိုက် မြင့်လာနေပေမယ့် ယာဉ်တွေအားလုံး အလုံးစုံ အာမခံ မထားတာကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။ 

အလုံးစုံအာမခံ မထားသဖြင့် မြန်မာနိုင်ငံအတွင်းရှိ မော်တော်ယာဉ်စီးရေ ၁၀၀ တွင် ၉၇ စီး ဝန်းကျင်မှာ အန္တရာယ် ရှိနိုင်ကြောင်း၊ ကိုယ်တိုင်လည်း အန္တရာယ် ရှိနိုင်သည့်အပြင် အခြားသူများလည်း ထိခိုက်နစ်နာ နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ထားရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်လုပ်လက်စား သမားတွေက အချိန်လည်း မပေး နိုင် သလို ငွေကုန်ကြေးကျလည်း အရမ်းမခံနိုင်တော့ သွားပြီး မထားဖြစ်ဘူး။ နောက်ပိုင်း အဆင်ပြေ လာရင် တော့ သွားထားဖြစ်မှာပါ” ဟု ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်ပြီး အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ဆိုသည်။

ပြည်တွင်းရှိ စက်တပ်ယာဉ်များတွင် မဖြစ်မနေ ထားရှိရမည့် သူတစ်ပါး ထိခိုက်မှု အာမခံနှင့် အလုံးစုံ အာမခံ ဟူ၍ ရှိပြီး လက်ရှိတွင် အလုံးစုံအာမခံ ထားရှိသူမှာ နည်းပါးနေကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment