Friday 6 June 2014

သြစီရောက်မြန်မာလေးဦး တိရိစ္ဆာန်ပစ်သတ်မှုနဲ့ တရားစွဲခံခဲ့ရ

Photo: သြစီရောက်မြန်မာလေးဦး တိရိစ္ဆာန်ပစ်သတ်မှုနဲ့ တရားစွဲခံခဲ့ရ
Friday, June 6, 2014 

 သြစတြေးလျနိုင်ငံမှာ ရောက်နေတဲ့ မြန်မာ ဒုက္ခသည် လေးဦးကို သြစတြေး လျနိုင်ငံရဲ့ ဘေးမဲ့ ပေးထားတဲ့ တိရိစ္ဆာန်တွေကို ပစ်သတ်မှုနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။

ချိုဝင်းအောင်၊ ဌေးအောင်၊ အယ်နေမူး နဲ့ မွီစေးထူး ဆိုသူ ဒုက္ခသည် ၄ ဦးရဲ့ ကားအတွင်းမှာ ကွာလာ အသေ ၃ ကောင်နဲ့ ရှဉ့်ကြွက် အသေ ၁၄ ကောင်ကို ရဲက တွေ့ရှိခဲ့ရတဲ့အတွက် တောင်ပိုင်း သြစတြေးလျပြည်နယ် မှာ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

ကွာလာ အကြီး ၂ ကောင်နဲ့ ကွာလာ ကလေးလေး ၁ ကောင် အပါအ၀င် ရှဉ့်ကြွက် ၁၄ ကောင်ကို ကားထဲမှာ တွေ့ရှိတုန်းက အရည်ခွံခွါထားတယ်လို့ ဆိုပါတယ်။

ထိုင်းနယ်စပ် ဒုက္ခသည် စခန်းမှာ တောလိုက်တာဟာ လူတိုင်းအတွက် သာမန်လုပ်ရပ်သာ ဖြစ်တာကြောင့် သြစတြေးလျနိုင်ငံမှာ အခုလို လုပ်မိကြတာ ဖြစ်ပြီး ဒါဟာ တရားဥပဒေချိုးဖောက်မှု ဆိုတာကို သူတို့တွေ မသိခဲ့ကြဘူးလို့ အဲဒီ တရားစွဲခံရတဲ့ သူတွေရဲ့ ရှေ့နေက လျှောက်လွှဲချက်ပေးပါတယ်။

သူတို့တွေဟာ ယဉ်ကျေးမှု ကွာခြားချက်ကြောင့် အမှုကျူးလွန်တာ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးခဲ့ပြီး နောက်နောင်မှာ အခုလို မလုပ်ကြဖို့ ရာဇ၀တ်တရားသူကြီးက သတိပေးလိုက်ပါတယ်။

အစိုးရက သတ်မှတ်ထားတဲ့ တောတွေကလွဲလို့ နိုင်ငံအထိမ်းအမှတ် ဌာနေ တိရိစ္ဆာန် သတ်ဖြတ်မှုကို သြစတြေးလျနိုင်ငံက တားမြစ်ထားတာ ဖြစ်ပါတယ်။

ABC Radio Australia

သြစတြေးလျနိုင်ငံက ဘေးမဲ့ပေးထားတဲ့ ကွာလာ (Koala) တိရိစ္တာန် တမျိုး (Credit: AAP)
သြစတြေးလျနိုင်ငံက ဘေးမဲ့ပေးထားတဲ့ ကွာလာ (Koala) တိရိစ္တာန် တမျိုး (Credit: AAP)
 သြစတြေးလျနိုင်ငံမှာ ​ရောက်နေတဲ့ ​မြန်မာ ဒုက္ခသည် လေးဦးကို ​သြစတြေး လျနိုင်ငံရဲ့ ​ဘေးမဲ့ ပေးထားတဲ့ ​တိရိစ္ဆာန်တွေကို ​ပစ်သတ်မှုနဲ့ ​တရားစွဲဆို ခံခဲ့ရပါတယ်။

ချိုဝင်းအောင်၊ ​ဌေးအောင်၊ ​အယ်နေမူး ​နဲ့ ​မွီစေးထူး ​ဆိုသူ ​ဒုက္ခသည် ​၄ ​ဦးရဲ့ ​ကားအတွင်းမှာ ​ကွာလာ ​အသေ ​၃ ​ကောင်နဲ့ ​ရှဉ့်ကြွက် ​အသေ ​၁၄ ​ကောင်ကို ​ရဲက ​တွေ့ရှိခဲ့ရတဲ့အတွက် ​တောင်ပိုင်း ​သြစတြေးလျပြည်နယ် ​မှာ ​တရားစွဲဆိုခံခဲ့ရတာ ​ဖြစ်ပါတယ်။

ကွာလာ ​အကြီး ​၂ ​ကောင်နဲ့ ​ကွာလာ ​ကလေးလေး ​၁ ​ကောင် ​အပါအ၀င် ​ရှဉ့်ကြွက် ​၁၄ ​ကောင်ကို ​ကားထဲမှာ ​တွေ့ရှိတုန်းက ​အရည်ခွံခွါထားတယ်လို့ ​ဆိုပါတယ်။

ထိုင်းနယ်စပ် ​ဒုက္ခသည် ​စခန်းမှာ ​တောလိုက်တာဟာ ​လူတိုင်းအတွက် ​သာမန်လုပ်ရပ်သာ ​ဖြစ်တာကြောင့် ​သြစတြေးလျနိုင်ငံမှာ ​အခုလို ​လုပ်မိကြတာ ​ဖြစ်ပြီး ​ဒါဟာ ​တရားဥပဒေချိုးဖောက်မှု ​ဆိုတာကို ​သူတို့တွေ ​မသိခဲ့ကြဘူးလို့ ​အဲဒီ ​တရားစွဲခံရတဲ့ ​သူတွေရဲ့ ​ရှေ့နေက ​လျှောက်လွှဲချက်ပေးပါတယ်။

သူတို့တွေဟာ ​ယဉ်ကျေးမှု ​ကွာခြားချက်ကြောင့် ​အမှုကျူးလွန်တာ ​ဖြစ်တဲ့အတွက် ​ပြစ်ဒဏ်ကနေ ​ကင်း လွတ်ခွင့် ပေးခဲ့ပြီး ​နောက်နောင်မှာ ​အခုလို ​မလုပ်ကြဖို့ ​ရာဇ၀တ်တရားသူကြီးက ​သတိပေးလိုက်ပါ တယ်။

အစိုးရက ​သတ်မှတ်ထားတဲ့ ​တောတွေကလွဲလို့ ​နိုင်ငံအထိမ်းအမှတ် ​ဌာနေ ​တိရိစ္ဆာန် ​သတ်ဖြတ်မှုကို ​သြစတြေး လျနိုင်ငံက ​တားမြစ်ထားတာ ​ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment