Friday 6 June 2014

ကွန်တိန်နာယာဉ်မှောက်သော်လည်း ကံကောင်း၍ ထိခိုက်ဒဏ်ရာရသူမရှိ

Photo: ကွန်တိန်နာယာဉ်မှောက်သော်လည်း ကံကောင်း၍ ထိခိုက်ဒဏ်ရာရသူမရှိ
Friday, June 6, 2014 

ပေ ၄၀ရှည် ကွန်တိန်နာ ပုံးတင်လာသော ကားကြီးတစ်စီး  လမ်းအကွေ့တွင် အရှိန်လွန်တိမ်းမှောက်သွားကြောင်း သတင်း ရရှိသည်။

ဗိုလ်တထောင်မြို့နယ်၊ မ ဟာဗန္ဓုလလမ်းမကြီးနှင့်ဗိုလ်တ ထောင်ဘုရားလမ်းဆုံတွင် ပေ၄၀ အရှည်ရှိ ကွန်တိန်နာပုံးတင်လာသည့် ၂၄ ဘီး ကွန်တိန်နာတင်ကားကြီးတစ်စီးသည် ဇွန်လ၅ရက် မွန်းလွဲအချိန်က လက်ယာဘက်သို့စောင်းကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် လူတစ်ဦးမှ ထိခိုက်ဒဏ်ရာမရရှိ သော်လည်းခေတ္တလမ်းပိတ်ဆို့ ကာ သက်ဆိုင်ရာယာဉ်ထိန်းများ နှင့် နယ်မြေရဲများက လာရောက် ရှင်းလင်းခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူကပြောသည်။

‘‘ကွေ့တဲ့အချိန်မှာ အရှိန်မ ထိန်းနိုင်ဘဲဖြစ်သွားတာပါ။ ကျွန် တော်တို့က ကွန်တိန်နာယာဉ်တွေ ကို ပညာပေးဟောပြောပွဲတွေ လုပ်ပေးလေ့ရှိပါတယ်။ စက်ချို့ ယွင်းတာမျိုးမဖြစ်ရအောင်နဲ့ ယာဉ်မောင်းတွေ သတိဝီရိယရှိ အောင်ပါ’’ဟု တာဝန်ရှိသူယာဉ်မှု စစ်ရဲအရာရှိကပြောသည်။

ထို့ကြောင့် ကွန်တိန်နာ ယာဉ်မောင်းကို ယာဉ်ပြစ်မှုဆိုင် ရာပုဒ်မ ၂၇၉ဖြင့်အရေးယူထား ကြောင်း ဗိုလ်တထောင်မြို့မရဲစ ခန်းမှ သတင်းရရှိသည်။

7 Day News Daily
ပေ ၄၀ရှည် ကွန်တိန်နာ ပုံးတင်လာသော ကားကြီးတစ်စီး  လမ်းအကွေ့တွင် အရှိန်လွန်တိမ်းမှောက် သွား ကြောင်း သတင်း ရရှိသည်။

ဗိုလ်တထောင်မြို့နယ်၊ မ ဟာဗန္ဓုလလမ်းမကြီးနှင့်ဗိုလ်တ ထောင်ဘုရားလမ်းဆုံတွင် ပေ၄၀ အရှည်ရှိ ကွန်တိန်နာပုံးတင်လာသည့် ၂၄ ဘီး ကွန်တိန်နာတင်ကားကြီးတစ်စီးသည် ဇွန်လ၅ရက် မွန်းလွဲအချိန်က လက်ယာဘက်သို့စောင်းကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် လူတစ်ဦးမှ ထိခိုက်ဒဏ်ရာမရရှိ သော်လည်းခေတ္တလမ်းပိတ်ဆို့ ကာ သက်ဆိုင်ရာယာဉ်ထိန်းများ နှင့် နယ်မြေရဲများက လာရောက် ရှင်းလင်းခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူက ပြောသည်။

‘‘ကွေ့တဲ့အချိန်မှာ အရှိန်မ ထိန်းနိုင်ဘဲဖြစ်သွားတာပါ။ ကျွန် တော်တို့က ကွန်တိန်နာယာဉ်တွေ ကို ပညာပေး ဟောပြောပွဲတွေ လုပ်ပေးလေ့ရှိပါတယ်။ စက်ချို့ ယွင်းတာမျိုးမဖြစ်ရအောင်နဲ့ ယာဉ်မောင်းတွေ သတိဝီရိယ ရှိ အောင်ပါ’’ဟု တာဝန်ရှိသူယာဉ်မှု စစ်ရဲအရာရှိကပြောသည်။

ထို့ကြောင့် ကွန်တိန်နာ ယာဉ်မောင်းကို ယာဉ်ပြစ်မှုဆိုင် ရာပုဒ်မ ၂၇၉ဖြင့်အရေးယူထား ကြောင်း ဗိုလ်တထောင်မြို့မရဲစ ခန်းမှ သတင်းရရှိသည်။

7 Day News Daily

No comments:

Post a Comment