Friday 6 June 2014

Pact ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်း ဆင်းရဲနွမ်းပါးမှု ထက်ဝက် လျှော့ချနိုင်မည်ဟုဆို

Photo: Pact ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်း ဆင်းရဲနွမ်းပါးမှု ထက်ဝက် လျှော့ချနိုင်မည်ဟုဆို
Friday, June 6, 2014

အမေရိကန်အခြေစိုက် Pact အသေးစား ငွေကြေးဝန်ဆောင်မှု လူမှုအဖွဲ့က မြန်မာနိုင်ငံအတွက် ဆောင်ရွက်မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းသည် လက်ရှိ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်နီးပါး လျှော့ချနိုင်မည် ဖြစ်ကြောင်း သမဝါယမ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်း နီးပါးမှာ ဆင်းရဲနွမ်းမှုနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံအတွက် အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း Pact က လာမည့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အသေးစားချေးငွေ အကူအညီဖြင့် ဆင်းရဲနွမ်းပါးမှု ထက်ဝက်လျှော့ချရန် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

UNDP က ရန်ပုံငွေနှင့် နည်းပညာ ပစ္စည်းအားလုံးကို ဇွန်လ ၄ ရက်နေ့တွင် Pact အဖွဲ့သို့ တရားဝင် လွှဲပြောင်းပေးခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်မည့် Pact ၏ လုပ်ငန်းစဉ်များကို ကမ္ဘာလုံးဆိုင်ရာ အသေးစား ငွေကြေးရန်ပုံငွေ (PGMF) က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့ UNDP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသေးစား ငွေချေးလုပ်ငန်းအတွက် အစီအစဉ် အသေးစိတ်ကိုမူ ဇွန်လ ၄ ရက်နေ့ သဘောတူလက်မှတ် ရေးထိုးပွဲတွင် ကြေညာခဲ့ခြင်း မရှိချေ။

တစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း လျှော့ချမည် ဆိုသော်လည်း အချို့ လူမှုအဖွဲ့အစည်းများ၏ အသေးစား ငွေချေးလုပ်ငန်း အများစုသည် နယ်မြို့များထိ မရောက်ရှိနိုင်ဘဲ ရန်ကုန်မြို့တော်နှင့် အနီးတစ်ဝိုက်တွင်သာ စတင်နိုင်ကြောင်း ငွေစုငွေချေး ပံ့ပိုးပေးနေသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံက စုံစမ်း သိရှိရသည်။

“နယ်မှာတော့ မစသေးဘူး။ ရန်ကုန်မှာပဲ လုပ်နေသေးတယ်။ ဒီလုပ်ဆောင်ချက်တွေက သူတို့အတွက် တကယ် အကျိုးရှိတယ်။ တကယ်လုပ်၊ မလုပ်လည်း လိုက်စစ်ဆေးတယ်” ဟု အသေးစားချေးငွေ ပံ့ပိုးနေသော မင်္ဂလာမြန်မာ လူမှုအဖွဲ့၏ ညှိနှိုင်းရေးမှူး ဒေါ်သူဇာဝင်းက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် UNDP ၏ အသေးစား ငွေချေးစီမံကိန်းကို ၁၉၉၇ ခုနှစ်တွင် စတင်ခဲ့ပြီး ပြင်သစ်၊ အမေရိကန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူမှုရေး အဖွဲ့အစည်းများနှင့် အိမ်ထောင်စု ခြောက်သိန်းကျော်ကို ပံ့ပိုးပေးခဲ့သည်။ 

The Voice Weekly
အမေရိကန်အခြေစိုက် Pact အသေးစား ငွေကြေးဝန်ဆောင်မှု လူမှုအဖွဲ့က မြန်မာနိုင်ငံအတွက် ဆောင်ရွက် မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းသည် လက်ရှိ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်နီးပါး လျှော့ချနိုင်မည် ဖြစ်ကြောင်း သမဝါယမ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်း နီးပါးမှာ ဆင်းရဲနွမ်းမှုနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံအတွက် အမေရိကန် အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း Pact က လာမည့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီ အစဉ် (UNDP) အသေးစားချေးငွေ အကူအညီဖြင့် ဆင်းရဲနွမ်းပါးမှု ထက်ဝက်လျှော့ချရန် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

UNDP က ရန်ပုံငွေနှင့် နည်းပညာ ပစ္စည်းအားလုံးကို ဇွန်လ ၄ ရက်နေ့တွင် Pact အဖွဲ့သို့ တရားဝင် လွှဲပြောင်းပေးခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်မည့် Pact ၏ လုပ်ငန်းစဉ်များကို ကမ္ဘာလုံးဆိုင်ရာ အသေးစား ငွေကြေးရန်ပုံငွေ (PGMF) က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့ UNDP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသေးစား ငွေချေးလုပ်ငန်းအတွက် အစီအစဉ် အသေးစိတ်ကိုမူ ဇွန်လ ၄ ရက်နေ့ သဘောတူလက်မှတ် ရေးထိုးပွဲတွင် ကြေညာခဲ့ခြင်း မရှိချေ။

တစ်နိုင်ငံလုံးဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းလျှော့ချမည်ဆိုသော်လည်း အချို့ လူမှုအဖွဲ့အစည်းများ၏ အသေးစား ငွေချေးလုပ်ငန်း အများစုသည် နယ်မြို့များထိ မရောက်ရှိနိုင်ဘဲ ရန်ကုန်မြို့တော်နှင့် အနီးတစ်ဝိုက်တွင်သာ စတင်နိုင်ကြောင်း ငွေစုငွေချေးပံ့ပိုးပေးနေသော အစိုးရမဟုတ်သော အဖွဲ့အစည်းများထံက စုံစမ်း သိရှိရသည်။

“နယ်မှာတော့ မစသေးဘူး။ ရန်ကုန်မှာပဲ လုပ်နေသေးတယ်။ ဒီလုပ်ဆောင်ချက်တွေက သူတို့အတွက် တကယ် အကျိုးရှိတယ်။ တကယ်လုပ်၊ မလုပ်လည်း လိုက်စစ်ဆေးတယ်” ဟု အသေးစားချေးငွေ ပံ့ပိုးနေသော မင်္ဂလာမြန်မာ လူမှုအဖွဲ့၏ ညှိနှိုင်းရေးမှူး ဒေါ်သူဇာဝင်းက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် UNDP ၏ အသေးစား ငွေချေးစီမံကိန်းကို ၁၉၉၇ ခုနှစ်တွင် စတင်ခဲ့ပြီး ပြင်သစ်၊ အမေရိ ကန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူမှုရေး အဖွဲ့အစည်းများနှင့် အိမ်ထောင်စု ခြောက် သိန်းကျော်ကို ပံ့ပိုးပေးခဲ့သည်။ 

The Voice Weekly 

No comments:

Post a Comment