Friday 6 June 2014

ဆီးရီးယားသမ္မတ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အသာဖြင့် အာဆတ် အနိုင်ရ

Photo: ဆီးရီးယားသမ္မတ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အသာဖြင့် အာဆတ် အနိုင်ရ
Friday, June 6, 2014

ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံ၌ ကျင်းပသည့် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘာရှားအယ်အာဆတ်ပင် မဲအပြတ်အသတ် အသာဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် နိုင်ငံတော်အာဏာကို အာဆတ်က ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားနိုင်သည်ကို ဖော်ပြလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲစုစုပေါင်း၏ ၈၈ ဒသမ ၇ ရာခိုင်နှုန်းကို အာဆတ် အနိုင်ရရှိခဲ့ကြောင်း ဆီးရီးယား ပါလီမန် ဥက္ကဋ္ဌ မိုဟာမတ်အယ်လာဟန်က ပြောကြားသည်။

“ဆီးရီးယား အာရပ်သမ္မတနိုင်ငံ သမ္မတအဖြစ် ဒေါက်တာဘာရှားဟာဖတ် အယ်အာဆတ်က မဲအများစု အသာနဲ့ အနိုင်ရရှိတယ်လို့ ကျွန်တော် ကြေညာပါတယ်” ဟု လာဟန်ကက ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားသည်။

“ဒမတ်စကတ်မြို့တော်၊ နိုင်ငံမြောက်ပိုင်းရှိ ကွာမီလီမြို့၊ တောင်ပိုင်းရှိ ဆူဝီဒါမြို့နှင့် အလတ်ပိုမြို့များတွင် အာဆတ်အပေါ် ထောက်ခံသူများက အောင်ပွဲခံ ပျော်မြူးနေသည့် ပုံများကို ဆီးရီးယားနိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ပြည်ပရှိ ဆီးရီးယား နိုင်ငံသားများ၊ ဒုက္ခသည်များ အပါအဝင် မဲပေးသူပေါင်း ၇၃ ရာခိုင်နှုန်းထိ ရှိကြောင်း ဆီးရီးယား အခြေခံဥပဒေ ခုံရုံးက ထုတ်ပြန်သည်။

အာဆတ်နှင့်အပြိုင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါလီမန် အမတ်ဟောင်း မဟာဟတ်ဂျားမှာ ထောက်ခံမဲ ၃ ဒသမ ၂ ရာခိုင်နှုန်း ရရှိပြီး ဝန်ကြီးဟောင်း ဟာဆန်အယ်နော်ရီက ထောက်ခံမဲ ၄ ဒသမ ၃ ရာခိုင်နှုန်းသာ ရရှိသည်။

လူပေါင်း ၁၆၀,၀၀၀ ကျော် သေဆုံးပြီး သန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ဆီးရီးယား ပြည်တွင်းစစ် ကာလတွင်း ကျင်းပသည့် ရွေးကောက်ပွဲသည် ယုံကြည်ခိုင်မာရမှု မရှိကြောင်း နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကို သူပုန်များက ထိန်းချုပ်ထားကြောင်း ဆီးရီးယား အတိုက်အခံများက ဝေဖန်သွားသည်။

“ဒီရွေးကောက်ပွဲက တရားမဝင်ပါဘူး။ ကြောက်မက်ဖွယ် ပဋိပက္ခကြီးကို ဖြေရှင်းနိုင်ရေး နိုင်ငံရေးရာ လမ်းကြောင်း ရှာဖွေရာမှာ အခက်အခဲ တွေ့စေမှာပါ” ဟု ဥရောပသမဂ္ဂအဖွဲ့က ထုတ်ပြန်သည်။

ဆီးရီးယား ရွေးကောက်ပွဲမှာ အမည်ခံ ရွေးကောက်ပွဲ ဖြစ်ပြီး အနစ်သာရ မရှိသည့် သုည ရွေးကောက်ပွဲသာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

အစ္စလာမ္မစ် သူပုန်အဖွဲ့များ ပူးပေါင်းထားသည့် ညွန့်ပေါင်းအဖွဲ့ချုပ်က “သွေးစွန်းသော ရွေးကောက်ပွဲ” ဖြစ်သည်ဟု ဝေဖန်လိုက်ကာ တရားဝင်မှု မရှိဟု မှတ်ချက်ပြုသည်။

သုံးနှစ်ကျော်ကြာ ဖြစ်ပွားနေသည့် ဆီးရီးယား ပြည်တွင်းစစ်တွင် သူပုန်များအပေါ် အစိုးရတပ်ဖွဲ့များက အောင်ပွဲရနေကြောင်း သမ္မတအာဆတ်၏ ရွေးကောက်ပွဲ အောင်ပွဲက သက်သေပြနေကြောင်း ဆီးရီးယား အစိုးရအရာရှိများက ပြောကြားသည်။

၂၀၀၇ ခုနစ်တွင် ကျင်းပခဲ့သည့် သမ္မတ အတည်ပြုရေး ပြည်သူ့ထောက်ခံပွဲတွင် သမ္မတ အာဆတ်က ၉၇ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲတွင် ၈၈ ဒသမ ၇ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့သည်။

The Voice Weekly
ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံ၌ ကျင်းပသည့် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘာရှားအယ်အာဆတ်ပင် မဲအပြတ်အသတ် အသာဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် နိုင်ငံတော်အာဏာကို အာဆတ်က ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားနိုင်သည်ကို ဖော်ပြလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။

ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲစုစုပေါင်း၏ ၈၈ ဒသမ ၇ ရာခိုင်နှုန်းကို အာဆတ် အနိုင်ရရှိခဲ့ကြောင်း ဆီးရီးယား ပါလီမန် ဥက္ကဋ္ဌ မိုဟာမတ်အယ်လာဟန်က ပြောကြားသည်။

“ဆီးရီးယား အာရပ်သမ္မတနိုင်ငံ သမ္မတအဖြစ် ဒေါက်တာဘာရှားဟာဖတ် အယ်အာဆတ်က မဲအများစု အသာနဲ့ အနိုင်ရရှိတယ်လို့ ကျွန်တော် ကြေညာပါတယ်” ဟု လာဟန်ကက ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားသည်။

“ဒမတ်စကတ်မြို့တော်၊ နိုင်ငံမြောက်ပိုင်းရှိ ကွာမီလီမြို့၊ တောင်ပိုင်းရှိ ဆူဝီဒါမြို့နှင့် အလတ်ပိုမြို့များတွင် အာဆတ် အပေါ် ထောက်ခံသူများက အောင်ပွဲခံ ပျော်မြူးနေသည့် ပုံများကို ဆီးရီးယားနိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ပြည်ပရှိ ဆီးရီးယား နိုင်ငံသားများ၊ ဒုက္ခသည်များ အပါအဝင် မဲပေးသူပေါင်း ၇၃ ရာခိုင်နှုန်းထိ ရှိကြောင်း ဆီးရီးယား အခြေခံဥပဒေ ခုံရုံးက ထုတ်ပြန်သည်။

အာဆတ်နှင့်အပြိုင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါလီမန် အမတ်ဟောင်း မဟာဟတ်ဂျားမှာ ထောက်ခံမဲ ၃ ဒသမ ၂ ရာခိုင်နှုန်း ရရှိပြီး ဝန်ကြီးဟောင်း ဟာဆန်အယ်နော်ရီက ထောက်ခံမဲ ၄ ဒသမ ၃ ရာခိုင်နှုန်းသာ ရရှိသည်။

လူပေါင်း ၁၆၀,၀၀၀ ကျော် သေဆုံးပြီး သန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ဆီးရီးယား ပြည်တွင်း စစ် ကာလတွင်း ကျင်းပသည့် ရွေးကောက်ပွဲသည် ယုံကြည်ခိုင်မာရမှု မရှိကြောင်း နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကို သူပုန်များက ထိန်းချုပ်ထားကြောင်း ဆီးရီးယား အတိုက်အခံများက ဝေဖန်သွား သည်။

“ဒီရွေးကောက်ပွဲက တရားမဝင်ပါဘူး။ ကြောက်မက်ဖွယ် ပဋိပက္ခကြီးကို ဖြေရှင်းနိုင်ရေး နိုင်ငံရေးရာ လမ်းကြောင်း ရှာဖွေရာမှာ အခက်အခဲ တွေ့စေမှာပါ” ဟု ဥရောပသမဂ္ဂအဖွဲ့က ထုတ်ပြန်သည်။

ဆီးရီးယား ရွေးကောက်ပွဲမှာ အမည်ခံ ရွေးကောက်ပွဲ ဖြစ်ပြီး အနစ်သာရ မရှိသည့် သုည ရွေးကောက်ပွဲသာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

အစ္စလာမ္မစ် သူပုန်အဖွဲ့များ ပူးပေါင်းထားသည့် ညွန့်ပေါင်းအဖွဲ့ချုပ်က “သွေးစွန်းသော ရွေးကောက်ပွဲ” ဖြစ် သည် ဟု ဝေဖန်လိုက်ကာ တရားဝင်မှု မရှိဟု မှတ်ချက်ပြုသည်။

သုံးနှစ်ကျော်ကြာ ဖြစ်ပွားနေသည့် ဆီးရီးယား ပြည်တွင်းစစ်တွင် သူပုန်များအပေါ် အစိုးရတပ်ဖွဲ့များက အောင် ပွဲရ နေကြောင်း သမ္မတအာဆတ်၏ ရွေးကောက်ပွဲ အောင်ပွဲက သက်သေပြနေကြောင်း ဆီးရီးယား အစိုးရအရာရှိများက ပြောကြားသည်။

၂၀၀၇ ခုနစ်တွင် ကျင်းပခဲ့သည့် သမ္မတ အတည်ပြုရေး ပြည်သူ့ထောက်ခံပွဲတွင် သမ္မတ အာဆတ်က ၉၇ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲတွင် ၈၈ ဒသမ ၇ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့သည်။

The Voice Weekly 

No comments:

Post a Comment