Friday 6 June 2014

မန္တလေးခရိုင်တွင် ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိ

မန္တလေးခရိုင်အတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ ငါးလတာကာလ၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိကြောင်း မန္တလေးတိုင်း ယာဉ်ထိန်းဒု-တပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။ 

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ မေလအထိ ယာဉ်တိုက်မှုဖြစ်စဉ် ၁၇၀ေ ကျာ် ဖြစ်ပွားခဲ့ရာ ၎င်းဖြစ်စဉ်များမှ သေဆုံးသူ ၈၀ နီးပါးနှင့် ဒဏ်ရာရသူ နှစ်ရာကျော်ရှိခဲ့သည်။ ၎င်းဖြစ်စဉ်များကြောင့် မန္တလေးခရိုင်တွင် နှစ်ရက်လျှင် ယာဉ်တိုက်မှုကြောင့် လမ်းမထက်တွင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိကြောင်းသိရသည်။ 

ကာလတူနှိုင်းယှဉ်ချက်များအရ ၂၀၁၃ ခုနှစ်ထက် သေဆုံးသူဦးရေမှာ အနည်းငယ်လျော့ကျသွားသော် လည်း ယာဉ်တိုက်မှုဖြစ်စဉ်များမှာ လျော့ကျသွားခြင်းမရှိပေ။ 

မန္တလေးခရိုင်အတွင်း ယာဉ်စီးရေများပြားလာသည့်အညီ တိုင်းကညနရုံးတွင် မှတ်ပုံတင်ထားသည့် ယာဉ်များ ၏ ငါးဆယ်ရာခိုင်နှုန်းကျော်သည် မန္တလေးမြို့၏ နေ့စဉ်အသုံးပြုစီးနင်းနေသည့် ယာဉ်များပင်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မန္တလေးတိုင်းအတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိ ယာဉ်ထိန်းရဲအရာရှိများကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း အတွက် နေ့နှင့်ညအချိန်နှစ်ပိုင်းခွဲကာ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သော်လည်း ယာဉ်အသုံးပြု မောင်းနှင်သူများ၏ စည်းကမ်းလိုက်နာလိုမှု အသိစိတ်နှင့် ဗဟုသုတသာ အဓိကကျကြောင်း မန္တလေးတိုင်း ယာဉ် ထိန်းဒု-တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment