Monday 23 June 2014

ဗိုလ်ချုပ်မောင်မောင်အုန်းအပေါ် အပြုသဘောဆောင်သည့် မျှော်လင့်ခြင်းများထားရှိကြောင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ပြောကြား

ရခိုင်ပြည်နယ်အရေးသည် စစ်ရေးအရသော်လည်းကောင်း၊ ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊ အလွန် အရေးကြီးနေသည့်အချိန်တွင် ရခိုင်ပြည်နယ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရသည့် ဗိုလ် ချုပ်မောင်မောင်အုန်းအား အပြုသဘော ဆောင်သည့် မျှော်လင့်ခြင်းများ မိမိတို့အ နေဖြင့် ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။ အဆိုပါ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် ဗိုလ်ချုပ်မောင်မောင်အုန်းသည် နယ်စပ်ရေး ရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်လုံခြုံရေးအတွက် စိတ်ချ ယုံကြည်ခြင်းဖြစ်နိုင်ကြောင်း ယင်းက သုံးသပ်ပြောသည်။တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦး အစားထိုးခန့်အပ် ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၂ဝ ရက်က ပြုလုပ်ခဲ့ သည်။''သူက ရခိုင်တွေအပေါ်စေတနာတော်တော်ထားတယ်။ ရခိုင်တစ်ဦးလိုလဲခံစားပေးတယ်။ ကျောက်ဖြူ ညီလာခံကိုလဲ လာရောက်ခဲ့တယ်။ ရခိုင်ပြည်နယ်ကိုလဲသံယောဇဉ်ထားတယ်။ ဟိုဘက် ဒီဘက်မျှအောင်လဲ စဉ်းစားပေးတယ်။ ရခိုင် ပြည်နယ်အတွက် အရေးကြီးနေတဲ့အချိန် မှာ ဒီလို capacity မြင့်တဲ့သူတစ်ဦးကို အ ချိန်ကိုက် ခန့်အပ်လိုက်တဲ့အတွက် ရခိုင် ပြည်နယ်အရေးဟာ အကောင်းဆုံးအခြေ အနေကို ရောက်ရှိလာမယ်လို့ ယုံကြည်ရ တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီ ဗိုလ်ချုပ်နဲ့ အလုပ် သုံးခါလောက် အတူလုပ် ဖူးတယ်''ဟု ဦးဇော်အေးမောင်က ဆက် ပြောသည်။

ယင်းသို့ ရခိုင်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် အစားထိုးခန့်အပ်ခြင်း နှင့်ပတ်သက်၍ မည်သူဖြစ်ဖြစ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ လုပ်ပိုင်ခွင့်နှင့် အ ခွင့်အာဏာဟာ အရေးကြီးဆုံးဖြစ်ပြီး ယင်း အခွင့်အာဏာကို အခြေခံပြီး ရခိုင်ပြည်သူ လူထုအကျိုးကို မည်မျှလုပ်နိုင်သည်ကို အ ဓိကထားမျှော်လင့် ကြောင်း ရခိုင်အမျိုးသား ကွန်ရက်မှ ကိုတင်ထူးအောင်ကပြောသည်။''ရခိုင်ပြည်နယ်ကို ရောက်ရင် ရောက်လာတဲ့သူတိုင်းကို ကျွန်တော်တို့ အဓိ က မျှော်လင့်တာကတော့ ရခိုင်ပြည်သူလူ ထုအကျိုးကို အဓိကထား ဆောင်ရွက်ပြီးတော့ တစ်ဖက်က ဒီမိုကရေစီအကျိုးကို ရော ရိုးသားစွာနဲ့ ပြည်သူ့အကျိုးစီးပွားကို အခြေခံပြီးတော့ ပွင့်လင်းမြင်သာစွာ ဆောင် ရွက်သွားဖို့ကို ကျွန်တော်တို့ အဓိက မျှော် လင့်ပါတယ်''ဟု ယင်းကဆိုသည်။ဆက်စပ်သတင်းအရ ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ခန့်အပ်မည်ဟု သတင်းများထွက် ပေါ်နေရှိသည်။
အောင်ကိုကို ၊ Flower News Journal အတွဲ (၁၀) အမှတ် (၂၄)
Yangon Media Group

No comments:

Post a Comment