Monday 23 June 2014

မြန်မာအမျိုးသမီးများကို မျိုးချစ်စိတ်ဓာတ်ပေါ်ပေါက်လာရေး ဟောပြောပေးရန် နိုင်ငံတော်သြဝါဒါစရိယဆရာတော် တိုက်တွန်း

အမျိုးဘာသာ သာသ နာစောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းစဉ် များတွင် အထူးသဖြင့် မြန်မာနိုင်ငံရှိအမျိုး သမီးများကို မျိုးချစ်စိတ်ဓာတ်များ ပေါ်ပေါက် လာစေရေးအတွက် ဟောပြောညွှန်ပြပေး ရန် နိုင်ငံတော်သြ ဝါဒါ စရိယဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရ(မိုးကောင်းကျောင်း)က တိုက်တွန်းမိန့်ကြား လိုက်သည်။
ဇွန် ၂၁ ရက်တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ အောင်ဆန်းတော ရတပ်ဦးကျောင်း၌ ပြုလုပ်သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ကို ဖွဲ့စည်းတည်ထောင်သည့် တစ်နှစ်ပြည့် အခမ်း အနား နှစ်ပတ်လည် သံဃာ့ညီလာခံ တွင် မဘသအဖွဲ့၏ သြဝါဒါစရိယဆရာတော် ဖြစ်သော ဆရာတော် ဘဒ္ဒန္တ သုဓမ္မာစာရ (မိုးကောင်းကျောင်း)က မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ဆရာတော်က ''အဖွဲ့အနေနဲ့ အ ထူးသဖြင့် အမျိုးသမီးတွေကို မျိုးချစ်စိတ် ပေါ်ပေါက်အောင် ဟောကြားရေးနဲ့ ယဉ် ကျေးလိမ္မာလာအောင် ညွှန်ပြပေးရမယ်။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာကို ချစ်မြတ်နိုး တတ်အောင် သင်ပေးပါ။ ကလေးတွေရဲ့ နှလုံးသားထဲမှာ ဓမ္မကာယ ဘုရားတည်ပေး ပါ''ဟု ညီလာခံသို့ တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မဘသအဖွဲ့ဝင်ဆရာတော်၊ သံဃာတော် များကို သြဝါဒချွေခဲ့သည်။


အဆိုပါ သံဃာ့ညီလာခံကို ပြည် နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ မဘသ ဦးဆောင်ဆရာတော်များ၊ မြို့နယ်နှင့် တိုက် နယ်အသီးသီးမှ မဘသ ဦးဆောင်ဆရာတော် များနှင့် အနယ်နယ်အရပ်ရပ်မှ အမျိုးဘာ သာ သာသနာအတွက် စိတ်ပါဝင်စားသူများ နှင့် မီဒီယာသမားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော် ကြီးများ၏ သြဝါဒခံယူခြင်း၊ တစ်နှစ်တာ အတွင်း မဘသအဖွဲ့ကြီး၏ လုပ်ဆောင်ချက် များ၊ အပြန်အလှန်ဆွေးနွေးမှုများကို ပြုလုပ် ခဲ့ပြီး ညနေ ၅ နာရီတွင် ပြည်တွင်းပြည်ပ မီဒီယာများအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment