Monday 23 June 2014

မြေပုံမြို့နယ် ကမ်းထောင်းကြီးတွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံး

Photo: မြေပုံမြို့နယ် ကမ်းထောင်းကြီးတွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံး
Monday, June 23, 2014

ရခိုင်ပြည်နယ် မြေပုံမြို့နယ် တွင် ယမန်နေ့ နေ့လည်က အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်းသတင်းရရှိသည်။

သေဆုံးသွားသူအမျိုးသမီးမှာ ကမ်းထောင်းကြီးကျေးရွာ၊ တောင်ပိုင်းရပ်တွင်နေထိုင်သူဒေါ်သိန်းသိန်းမူ အသက်(၃၉) နှစ်ဖြစ်ကြောင်းသိရသည်။ယင်းအမျိုးသမီးမှာမနေ့ကနေ့လည်(၂)နာရီအချိန်တွင် လင်ယောက်ျားဖြစ်သူနှင့်အတူ ကျားပတ်ပြင်ကွင်းရှိ လယ်ထဲသို့သွားစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်းကမ်းထောင်းကြီရွာမှ ကိုသန်းထွန်းက ပြောသည်။
“ ကျားပတ်ပြင်ကွင်းမှာရှိတဲ့လယ်ကွင်းကိုအသွားမှာဒီလိုမိုးကြိုးပစ်ခံရတာ၊ သူ့ယောက်ျားနန့် ယောက္ခမလည်း လယ်ကွင်းမှာရှိနေတယ်လို့ပြောတယ်။ သူတို့ကတော့ မိုးကြိုးစက်ကွင်းကလွတ်သွားတယ်”ဟုဆိုသည်။

ယင်းသို့မိုးကြိုးပစ်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး ကမ်းထောင်းကြီးရွာမှ လျှပ်စစ်မီးကြိုးတစ်ချို့ ပြတ်ကျသွားကြောင်းသိရသည်။

သေဆုံးသူအမျိုးသမီးတွင် သားသမီး (၄)ဦးကျန်ရစ်ခဲ့ပြီးသူမအား ယမန်နေ့ နေ့လည် က သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။

နိရဉ္စရာ
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ယမန်နေ့ နေ့လည်က အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးသွား ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူအမျိုးသမီးမှာ ကမ်းထောင်းကြီးကျေးရွာ၊ တောင်ပိုင်းရပ်တွင်နေထိုင်သူဒေါ်သိန်းသိန်းမူ အသက်(၃၉) နှစ်ဖြစ်ကြောင်းသိရသည်။ယင်းအမျိုးသမီးမှာမနေ့ကနေ့လည်(၂)နာရီအချိန်တွင် လင် ယောက်ျား ဖြစ်သူနှင့်အတူ ကျားပတ်ပြင်ကွင်းရှိ လယ်ထဲသို့သွားစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်း ဖြစ်ကြောင်းကမ်းထောင်းကြီရွာမှ ကိုသန်းထွန်းက ပြောသည်။

“ ကျားပတ်ပြင်ကွင်းမှာရှိတဲ့လယ်ကွင်းကိုအသွားမှာဒီလိုမိုးကြိုးပစ်ခံရတာ၊ သူ့ယောက်ျားနန့် ယောက္ခမ လည်း လယ်ကွင်းမှာရှိနေတယ်လို့ပြောတယ်။ သူတို့ကတော့ မိုးကြိုးစက်ကွင်းကလွတ်သွားတယ်”ဟုဆို သည်။

ယင်းသို့မိုးကြိုးပစ်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး ကမ်းထောင်းကြီးရွာမှ လျှပ်စစ်မီးကြိုးတစ်ချို့ ပြတ်ကျသွားကြောင်းသိရသည်။

သေဆုံးသူအမျိုးသမီးတွင် သားသမီး (၄)ဦးကျန်ရစ်ခဲ့ပြီးသူမအား ယမန်နေ့ နေ့လည် က သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

နိရဉ္စရာ

No comments:

Post a Comment