Monday 23 June 2014

နိုင်ငံရေးလှုပ်ရှားသူများကို နိုင်ငံရေးပုဒ်မနှင့် မဖမ်းဘဲ အခြားပုဒ်မများနှင့် ဖမ်းဆီးမှု ရှိနေခြင်းက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် အဓိက အခက်အခဲဖြစ်နေဟု နိုင်/စစ်ကော်မတီဝင် ပြောကြား

Photo: နိုင်ငံရေးလှုပ်ရှားသူများကို နိုင်ငံရေးပုဒ်မနှင့် မဖမ်းဘဲ အခြားပုဒ်မများနှင့် ဖမ်းဆီးမှု ရှိနေခြင်းက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် အဓိက အခက်အခဲဖြစ်နေဟု နိုင်/စစ်ကော်မတီဝင် ပြောကြား
Monday, June 23, 2014

နိုင်ငံရေးလှုပ်ရှားသူများကို နိုင်ငံရေးပုဒ်မနှင့် မဖမ်းဘဲ အခြားပုဒ်မများနှင့် ဖမ်းဆီးမှု ရှိနေခြင်းက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် အဓိက အခက်အခဲဖြစ်နေဟု နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးအတွက် အစိုးရနှင့် လွှတ်တော်တို့ဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိသလောက် နည်းပါးသောကြောင့် ဥပဒေအဖြစ် အတည်ပြုနိုင်ရေး ကြန့်ကြာမှုများ ရှိနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်က ပြောကြားသည်။

ဦးရဲအောင်က “ကျွန်တော်တို့ နိုင်ငံမှာက ရှေ့ပိုင်း အာဏာရှင် အဆက်ဆက်က ဆောင်ရွက်ခဲ့တဲ့ ပုံသဏ္ဌာန်တွေရယ် အခုနောက်ပိုင်း တွေ့နေရတဲ့ ပုံသဏ္ဌာန်တွေမှာ တစ်ခါတလေ ကျလို့ရှိရင် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖမ်းဆီးတာ ဖြစ်ပေမယ့် သူတို့ကို တခြားနည်းလမ်းနဲ့ ဖမ်းဆီးတာမျိုးတွေ ပြုလုပ်တာမျိုးတွေ တွေ့နေရတာ ဖြစ်တယ်။ သူဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်။ နိုင်ငံရေးရည်ရွယ်ချက် အရပဲ ဖမ်းဆီးတာ ဖြစ်ပေမယ့် သူဟာ နိုင်ငံရေးပုဒ်မနဲ့ အဖမ်းမခံရဘူး။ နိုင်ငံရေးမှုနဲ့ အဖမ်းမခံရဘဲ အခြား ပုဒ်မမျိုးတွေနဲ့ အဖမ်းဆီးခံရတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့က တော်တော်ကို အခက်အခဲ တွေ့နေတာတွေ ရှိပါတယ်။ တော်တော် စဉ်းစားစရာတွေလည်း ရှိနေပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ ဥပဒေပုဒ်မတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ မရသလို အခြားစကားရပ်တွေနဲ့ ဖွင့်ဆိုတဲ့ အခါမှာလည်း အင်မတန် ကျယ်ဝန်းနေတာကို တွေ့နေရပါတယ်။ အဲဒါက ကျွန်တော်တို့နိုင်ငံမှာ လက်ရှိအစိုးရအနေနဲ့ ဆောင်ရွက်မှုပုံစံက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့ အဓိက ခက်ခဲနေတဲ့ စိန်ခေါ်မှုဖြစ်နေတာ တွေ့ရပါတယ်။ ဥပမာ ခင်ဗျားတို့ တွေ့မှာပါ။ မကွေးမှာ ဖြစ်သွားတဲ့ ကိုနေမျိုးကျော်တို့ ပုဒ်မ ၁၈ ကနေ ပြီးတော့ ပုဒ်မ ၂၇ အသံချဲ့စက် သုံးစွဲမှုဆိုပြီး ပြောင်းလဲပြီးတော့ တရားစွဲတယ်ဗျာ။ ဒါတွေက အသံချဲ့စက်သုံးတာက အဲဒီအထဲက အပိုင်းလေး တစ်ပိုင်းပဲ။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ” ဟု ဦးရဲအောင်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများအကြား ဆွေးနွေးညှိနှိုင်းရေး ဖွင့်ဆိုထားသော နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အကြမ်းရရှိထားပြီဖြစ်ပြီး အဆင့်မီသည့် အနေအထား ရောက်ရှိအောင် နိုင်ငံတကာမှ ပညာရှင်များ၏ အကြံဉာဏ်များ ရယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးအတွက် ဥပဒေပြုရေး ဆောင်ရွက်နေသည့် လွှတ်တော်နှင့် နိုင်ငံရေးပါတီများ၏ ပါဝင်ဆောင်ရွက်မှု လိုအပ်သည်ဟု ဦးဘိုကြည်က ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ စာရင်းကောက်ယူခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘ၀ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ကုစားပေးမှုများကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့အစည်းများက တတ်နိုင်သမျှ ဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း အစိုးရမှ ဆောင်ရွက်ပေးခြင်းမျိုး မရှိသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘ၀ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသည်။

၂၀၁၃ ခုနှစ် မတ်လအတွင်းက နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်း၍ အချက်သုံးချက်ဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာ (၁) မည်သူမဆို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံသားများ နစ်နာဆုံးရှုံးနေသည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဌာန် အမျိုးမျိုးကို ဆောင်ရွက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ (၂) အထက်ပါ ဆောင်ရွက်မှုများဖြင့် ဆက်စပ်၍ စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ (၃) အစိုးရ တစ်ရပ်ရပ်၏ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်က နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရသူများဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။

Eleven Media Group

နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်း၍ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပြုလုပ်သည့် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲအား ၂၀၁၃ ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့စဉ်
နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်း၍ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပြုလုပ်သည့် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲအား ၂၀၁၃ ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့စဉ်
နိုင်ငံရေးလှုပ်ရှားသူများကို နိုင်ငံရေးပုဒ်မနှင့် မဖမ်းဘဲ အခြားပုဒ်မများနှင့် ဖမ်းဆီးမှု ရှိနေခြင်းက နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် အဓိက အခက်အခဲဖြစ်နေဟု နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော် မတီ အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးအတွက် အစိုးရနှင့် လွှတ်တော်တို့ဘက်မှ ပူးပေါင်း ဆောင်ရွက်မှု မရှိသလောက် နည်းပါးသောကြောင့် ဥပဒေအဖြစ် အတည်ပြုနိုင်ရေး ကြန့်ကြာမှုများ ရှိနိုင် သည်ဟု နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်က ပြောကြားသည်။

ဦးရဲအောင်က “ကျွန်တော်တို့ နိုင်ငံမှာက ရှေ့ပိုင်း အာဏာရှင် အဆက်ဆက်က ဆောင်ရွက်ခဲ့တဲ့ ပုံသဏ္ဌာန် တွေရယ် အခုနောက်ပိုင်း တွေ့နေရတဲ့ ပုံသဏ္ဌာန်တွေမှာ တစ်ခါတလေ ကျလို့ရှိရင် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖမ်းဆီးတာ ဖြစ်ပေမယ့် သူတို့ကို တခြားနည်းလမ်းနဲ့ ဖမ်းဆီးတာမျိုးတွေ ပြုလုပ်တာမျိုးတွေ တွေ့နေရတာ ဖြစ်တယ်။ သူဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်။ နိုင်ငံရေးရည်ရွယ်ချက် အရပဲ ဖမ်းဆီးတာ ဖြစ်ပေမယ့် သူဟာ နိုင်ငံရေးပုဒ်မနဲ့ အဖမ်းမခံရဘူး။ နိုင်ငံရေးမှုနဲ့ အဖမ်းမခံရဘဲ အခြား ပုဒ်မမျိုးတွေနဲ့ အဖမ်းဆီးခံရတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့က တော်တော်ကို အခက်အခဲ တွေ့နေတာတွေ ရှိပါတယ်။ တော်တော် စဉ်းစားစရာတွေလည်း ရှိနေပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ ဥပဒေပုဒ်မတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ မရသလို အခြားစကားရပ်တွေနဲ့ ဖွင့်ဆိုတဲ့ အခါမှာ လည်း အင်မတန် ကျယ်ဝန်းနေတာကို တွေ့နေရပါတယ်။ အဲဒါက ကျွန်တော်တို့နိုင်ငံမှာ လက်ရှိအစိုးရ အနေနဲ့ ဆောင်ရွက်မှုပုံစံက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့ အဓိက ခက်ခဲနေတဲ့ စိန်ခေါ်မှုဖြစ်နေ တာ တွေ့ရပါတယ်။ ဥပမာ ခင်ဗျားတို့ တွေ့မှာပါ။ မကွေးမှာ ဖြစ်သွားတဲ့ ကိုနေမျိုးကျော်တို့ ပုဒ်မ ၁၈ ကနေ ပြီးတော့ ပုဒ်မ ၂၇ အသံချဲ့စက် သုံးစွဲမှုဆိုပြီး ပြောင်းလဲပြီးတော့ တရားစွဲတယ်ဗျာ။ ဒါတွေက အသံချဲ့စက်သုံး တာက အဲဒီအထဲက အပိုင်းလေး တစ်ပိုင်းပဲ။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ” ဟု ဦးရဲအောင်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများအကြား ဆွေးနွေးညှိနှိုင်းရေး ဖွင့်ဆိုထားသော နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အကြမ်းရရှိထားပြီဖြစ်ပြီး အဆင့်မီသည့် အနေအထား ရောက်ရှိအောင် နိုင်ငံတကာမှ ပညာရှင်များ၏ အကြံဉာဏ်များ ရယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးအတွက် ဥပဒေပြုရေး ဆောင်ရွက်နေသည့် လွှတ်တော်နှင့် နိုင်ငံရေးပါတီများ၏ ပါဝင်ဆောင်ရွက်မှု လိုအပ်သည်ဟု ဦးဘိုကြည်က ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ စာရင်းကောက်ယူခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘ၀ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ကုစားပေးမှုများကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့အစည်းများက တတ်နိုင်သမျှ ဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း အစိုးရမှ ဆောင်ရွက်ပေးခြင်းမျိုး မရှိသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘ၀ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသည်။

၂၀၁၃ ခုနှစ် မတ်လအတွင်းက နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်း၍ အချက်သုံးချက်ဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာ (၁) မည်သူမဆို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်း စေမည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံသားများ နစ်နာဆုံးရှုံးနေသည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဌာန် အမျိုးမျိုးကို ဆောင်ရွက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ (၂) အထက်ပါ ဆောင်ရွက်မှုများဖြင့် ဆက်စပ်၍ စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ (၃) အစိုးရ တစ်ရပ်ရပ်၏ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်က နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရသူ များဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment