Monday 23 June 2014

ဦးအောင်မင်း၏ တပ်မတော်သားများအပေါ် စော်ကားပြောဆိုမှုသည် ‘တောင်းပန်ပါတယ်’ စကားတစ်ခွန်းဖြင့် တာဝန်ကျေပြီဟု မဆိုနိုင်

ယနေ့ မြန်မာ့နိုင်ငံရေးနဲ့ မီဒီယာလောကမှာ တောင်းပန်တာတွေ ခေတ်စားလာသလို တောင်းပန်လိုက်တာနဲ့ တာဝန်ကျေသွားတဲ့ ကိစ္စကလည်း အလေ့အထဖြစ်လာပါတယ်။ တစ်စုံတစ်ယောက်က လက်လွတ်စပယ် ပြုမူပြောဆိုလိုက်၊ ကန့်ကွက်ခံရချိန် တောင်းပန်လိုက် ဖြစ်စဉ်အများအပြားရှိပေမယ့် အချို့အပြုအမူ အပြောအဆိုများက ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျေနပ်ရမယ့် ကိစ္စမဟုတ်ဘူး ဆိုတာ ကိုတော့ ကာယကံရှင်တွေက သတိပြုမိဟန် မရှိပါဘူး။ ဥပမာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောခဲ့တဲ့ တိုက်ပွဲမှာစွန့်လွတ်စွန့်စားခဲ့သူတွေကို မချီးမြောက်ဖို့နဲ့ အသက်စွန့်သွားတဲ့ ရဲဘော် တွေအတွက် သစ္စာစောင့်ဖို့ မလိုဘူးဆိုတဲ့ စကားမျိုးတွေပါ။
Photo: ဦးအောင်မင်း၏ တပ်မတော်သားများအပေါ် စော်ကားပြောဆိုမှုသည်
‘တောင်းပန်ပါတယ်’ စကားတစ်ခွန်းဖြင့် တာဝန်ကျေပြီဟု မဆိုနိုင်
Monday, June 23, 2014

ယနေ့ မြန်မာ့နိုင်ငံရေးနဲ့ မီဒီယာလောကမှာ တောင်းပန်တာတွေ ခေတ်စားလာသလို တောင်းပန်လိုက်တာနဲ့ တာဝန်ကျေသွားတဲ့ ကိစ္စကလည်း အလေ့အထဖြစ်လာပါတယ်။ တစ်စုံတစ်ယောက်က လက်လွတ်စပယ် ပြုမူပြောဆိုလိုက်၊ ကန့်ကွက်ခံရချိန် တောင်းပန်လိုက် ဖြစ်စဉ်အများအပြားရှိပေမယ့် အချို့အပြုအမူ အပြောအဆိုများက ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျေနပ်ရမယ့် ကိစ္စမဟုတ်ဘူး ဆိုတာကိုတော့ ကာယကံရှင်တွေက သတိပြုမိဟန် မရှိပါဘူး။ ဥပမာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောခဲ့တဲ့ တိုက်ပွဲမှာ စွန့်လွတ်စွန့်စားခဲ့သူတွေကို မချီးမြောက်ဖို့နဲ့ အသက်စွန့်သွားတဲ့ ရဲဘော်တွေအတွက် သစ္စာစောင့်ဖို့ မလိုဘူးဆိုတဲ့ စကားမျိုးတွေပါ။
ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းရဲ့ စကားကြောင့် လက်ရှိ တပ်မတော်သားများ၊ မိသားစုဝင်များ သာမက စစ်မှုထမ်းဟောင်းများပါ စိတ်ဆိုးခဲ့ကြရပါတယ်။ စိတ်ဆိုးတယ်ဆိုတာထက် နာကျည်းစိတ်ပျက် တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဇွန်လ ၇ ရက်နေ့မှာ အခုလိုပြောဆိုလိုက်တဲ့ ဦးအောင်မင်းဟာ ၁၀ ရက်အကြာ ဇွန်လ ၁၇ ရက်နေ့မှာ ဦးအောင်မင်းက ကာကွယ်ရေးဦးစီးချုပ်ဆီကို သွားပြီးတောင်းပန်ခဲ့ပြီး၊ ၂၁ ရက်နေ့ ရက်စွဲဖြင့် တောင်းပန်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် အဆိုပါ တောင်းပန်စာသည် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းများရဲ့ နာကျည်းချက်များကို ကုစားနိုင်မည် မဟုတ်ပေ။
ဒါ့အပြင် ဦးအောင်မင်းက ၎င်းကိုယ်တိုင် သူရဲကောင်းမှတ်တမ်းဝင်တစ်ဦးဖြစ်ပြီး တပ်မတော်အပေါ် သစ္စာဖောက်မည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးရစေချင်သောကြောင့်၊ တပ်မတော်သား မိသားစုဝင်များကို စာနာသောကြောင့်၊ စစ်သားတွေကို အကျိုးအပြတ်တွေ မဖြစ်စေချင်သောကြောင့်၊ မုဆိုးမများ မဖြစ်စေချင်သောကြောင့် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့ပါတယ်။
ဦးအောင်မင်း တောင်းပန်ပြီး အကြောင်းပြချက်ပေးမှ ပိုပြီးဒေါသထွက်စရာကောင်းနေပြန်သည်။ ဗိုလ်ချုပ်ဟောင်းတစ်ဦးက စစ်သားမိသားစုတွေကို စာနာတယ်ဆိုပြီး ဝန်ကြီးဖြစ်သွားကတည်းက တပ်ကို ပြန်ကြည့်ခဲ့တာမျိုး တစ်ခါမှမရှိခဲ့ပါဘူး။ သေဆုံးသူမိသားစုဝင်တွေနဲ့ ဒဏ်ရာရ စစ်သည်တွေကို ကြည့်ရှုစောင့်ရှောက်ခဲ့တာမရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ပေါင်းကာ စစ်တပ်က ရဲဘော်ရဲဘက်ချင်း သစ္စာစောင့်သိနေလို့ တိုက်ပွဲများဖြစ်ပွားနေရသလိုလို၊ သူရဘွဲ့တွေ နဲ့ သူရဲကောင်းမှတ်တမ်းဝင် လက်မှတ်တွေ ပေးနေလို့ပဲ တိုက်ပွဲဖြစ်နေရသလိုလို ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ‘တောင်းပန်ပါတယ်’ဆိုတဲ့ စကားတစ်ခွန်းဖြင့် နှစ်သိမ့်ခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ တပ်မတော် တည်တံ့နေသမျှ ကာလပတ်လုံး ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းရဲ့ တပ်မတော်သားတွေ စိတ်ထဲကို နာကျင်စေခဲ့တဲ့ စကားတွေကတော့ သမိုင်းမှာ ကျန်ခဲ့တော့မှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းရဲ့ စကားကြောင့် လက်ရှိ တပ်မတော်သားများ၊ မိသားစုဝင်များ သာမက စစ်မှုထမ်းဟောင်းများပါ စိတ်ဆိုးခဲ့ကြရပါတယ်။ စိတ်ဆိုးတယ်ဆိုတာထက် နာကျည်းစိတ်ပျက် တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဇွန်လ ၇ ရက်နေ့မှာ အခုလိုပြောဆိုလိုက်တဲ့ ဦးအောင်မင်းဟာ ၁၀ ရက်အကြာ ဇွန်လ ၁၇ ရက်နေ့မှာ ဦးအောင်မင်းက ကာကွယ်ရေးဦးစီးချုပ်ဆီကို သွားပြီးတောင်းပန်ခဲ့ပြီး၊ ၂၁ ရက်နေ့ ရက်စွဲဖြင့် တောင်းပန်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် အဆိုပါ တောင်းပန်စာသည် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းများရဲ့ နာကျည်းချက်များကို ကုစားနိုင်မည် မဟုတ်ပေ။
ဒါ့အပြင် ဦးအောင်မင်းက ၎င်းကိုယ်တိုင် သူရဲကောင်းမှတ်တမ်းဝင်တစ်ဦးဖြစ်ပြီး တပ်မတော်အပေါ် သစ္စာဖောက်မည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးရစေချင်သောကြောင့်၊ တပ်မတော်သား မိသားစုဝင်များကို စာနာသောကြောင့်၊ စစ်သားတွေကို အကျိုးအပြတ်တွေ မဖြစ်စေချင်သောကြောင့်၊ မုဆိုးမများ မဖြစ်စေချင် သောကြောင့် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့ပါတယ်။
ဦးအောင်မင်း တောင်းပန်ပြီး အကြောင်းပြချက်ပေးမှ ပိုပြီးဒေါသထွက်စရာကောင်းနေပြန်သည်။ ဗိုလ်ချုပ် ဟောင်းတစ်ဦးက စစ်သားမိသားစုတွေကို စာနာတယ်ဆိုပြီး ဝန်ကြီးဖြစ်သွားကတည်းက တပ်ကို ပြန်ကြည့်ခဲ့ တာမျိုး တစ်ခါမှမရှိခဲ့ပါဘူး။ သေဆုံးသူမိသားစုဝင်တွေနဲ့ ဒဏ်ရာရစစ်သည်တွေကို ကြည့်ရှု စောင့်ရှောက် ခဲ့တာမရှိပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ပေါင်းကာ စစ်တပ်က ရဲဘော် ရဲဘက်ချင်း သစ္စာစောင့်သိနေလို့ တိုက်ပွဲများဖြစ်ပွားနေရသလိုလို၊ သူရဘွဲ့တွေနဲ့ သူရဲကောင်း မှတ်တမ်းဝင် လက်မှတ် တွေပေးနေလို့ပဲ တိုက်ပွဲဖြစ်နေရသလိုလို ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကား တစ်ခွန်းဖြင့် နှစ်သိမ့်ခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ တပ်မတော် တည်တံ့နေသမျှ ကာလပတ်လုံး ဗိုလ်ချုပ် ဟောင်း ဦးအောင်မင်းရဲ့ တပ်မတော်သားတွေ စိတ်ထဲကို နာကျင်စေခဲ့တဲ့ စကားတွေကတော့ သမိုင်းမှာ ကျန်ခဲ့တော့မှာဖြစ်ပါတယ်။ ။ 

ထွန်းဝင်း

No comments:

Post a Comment