Monday 23 June 2014

မြန်မာ လွှတ်တော်အမတ်တွေ ဘာလို့ တရုတ်သွားတာလဲ

Photo: မြန်မာ လွှတ်တော်အမတ်တွေ ဘာလို့ တရုတ်သွားတာလဲ
Monday, June 23, 2014

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း ဦးဆောင်တဲ့ မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေ ဇွန်လ ၂၂ရက်နေ့က တရုတ်နိုင်ငံကို စတင် ထွက်ခွါသွားပါပြီ။

တရုတ်နဲ့ အာဆီယံနိုင်ငံ တွေကြားမှာ ဖြစ်ပွားနေတဲ့ တောင်တရုတ် ရေပိုင်နက် ပြဿနာ ဆွေးနွေးဖို့ မြန်မာနိုင်ငံက လွှတ်တော် အမတ်တချို့ တရုတ်နိုင်ငံ သွားတာပါလို့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးရဲထွန်းက ပြောပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေး၊ တရုတ်နိုင်ငံရဲ့ မြို့ပြနဲ့ ကျေးလက် ဖွံဖြိုးရေးဆိုင်ရာ၊ တရုတ်နိုင်ငံမှာ ရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ မူဝါဒရေးရာ တွေကိုပါ ဆွေးနွေးမယ်လို့ သူကဆိုပါတယ်။
“ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်တွေနဲ့လည်း တွေ့ပြီး ဒီပြဿနာတွေကို ဆွေးနွေးမှာပါ” လို့ သူက ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတကာ ချစ်ကြည်ရေးအသင်းက ဖိတ်ကြားတာဖြစ်ပါတယ်။ ခရီးစဉ်က တစ်ပတ်လောက် ကြာမြင့်မှာဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင်အဖြစ် ဦးရဲထွန်း၊ အဖွဲ့ဝင်တွေအဖြစ် ဦးခင်မောင်၊ ဦးမိုးဇော်ဟိန်း၊ ဦးကျင်ဝမ်းနဲ့ ဒေါ်ဒွဲဘူတို့ လိုက်ပါသွားပြီးတော့ ဘေဂျင်း၊ ချန်ဒူးနှင့် ကူမင်းမြို့တွေကို သွားကြမှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ် အရေးဟာ အာဆီယံ ဥက္ကဋ္ဌ အဆက်ဆက် ခေါင်းရှောင် ထားပေမယ့် မြန်မာက အာဆီယံ ဥက္ကဋ္ဌတာဝန် ယူတဲ့အချိန်မှာ ဒီပြဿနာ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း ဦးဆောင်တဲ့ မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေ ဇွန်လ ၂၂ရက်နေ့က တရုတ်နိုင်ငံကို စတင် ထွက်ခွါသွားပါပြီ။

တရုတ်နဲ့ အာဆီယံနိုင်ငံ တွေကြားမှာ ဖြစ်ပွားနေတဲ့ တောင်တရုတ် ရေပိုင်နက် ပြဿနာ ဆွေးနွေးဖို့ မြန်မာနိုင်ငံက လွှတ်တော် အမတ်တချို့ တရုတ်နိုင်ငံ သွားတာပါလို့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးရဲထွန်းက ပြောပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေး၊ တရုတ်နိုင်ငံရဲ့ မြို့ပြနဲ့ ကျေးလက် ဖွံဖြိုးရေးဆိုင်ရာ၊ တရုတ်နိုင်ငံမှာ ရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ မူဝါဒရေးရာ တွေကိုပါ ဆွေးနွေးမယ်လို့ သူကဆိုပါတယ်။

“ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်တွေနဲ့လည်း တွေ့ပြီး ဒီပြဿနာတွေကို ဆွေးနွေး မှာပါ” လို့ သူက ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတကာ ချစ်ကြည်ရေးအသင်းက ဖိတ်ကြား တာ ဖြစ်ပါတယ်။ ခရီးစဉ်က တစ်ပတ်လောက် ကြာမြင့်မှာဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင်အဖြစ် ဦးရဲထွန်း၊ အဖွဲ့ဝင်တွေအဖြစ် ဦးခင်မောင်၊ ဦးမိုးဇော်ဟိန်း၊ ဦးကျင်ဝမ်းနဲ့ ဒေါ်ဒွဲဘူတို့ လိုက်ပါသွားပြီးတော့ ဘေဂျင်း၊ ချန်ဒူးနှင့် ကူမင်းမြို့တွေကို သွားကြမှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ် အရေးဟာ အာဆီယံ ဥက္ကဋ္ဌ အဆက်ဆက် ခေါင်းရှောင် ထားပေမယ့် မြန်မာက အာဆီယံ ဥက္ကဋ္ဌတာဝန် ယူတဲ့အချိန်မှာ ဒီပြဿနာ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly 

No comments:

Post a Comment