Monday 23 June 2014

စပိန်အသင်းမှ ကစားသမားများကို နည်းပြဒဲလ်ဘော့စ် ပြစ်တင်

(စပိန်အသင်း၏ လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် နည်းပြဒဲလ်ဘော့စ် (Photo:AFP))
စပိန်အသင်းနည်းပြ ဒဲလ်ဘော့စ်သည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းအတွက်အသင်းမှ ကစား သမားများ၏ ကြိုးစားအားထုတ်မှု စိတ်ဓာတ်အပေါ် ဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။

စပိန်အသင်းသည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စိတ်ပျက်ဖွယ်ရာ ရလဒ်ဆိုးများဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ကမ္ဘာ့ဘောလုံးလောကတွင် စပိန်အသင်း၏ ခေတ်တစ်ခေတ် ကုန်ဆုံးသွားပြီဟု မီဒီယာများက ဖော်ပြလျက် ရှိနေကြသည်။ ထို့ပြင် စပိန်အသင်း အနေဖြင့် (၆)နှစ်တာ ကာလအတွင်း အဓိက ပြိုင်ပွဲကြီးတစ်ရပ်တွင် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ယင်းအတွက် နည်းပြဒဲလ်ဘော့စ်မှာ အသင်းမှ ကစားသမားများကို ဝေဖန်ပြစ်တင်ခဲ့ခြင်းလည်း ဖြစ်သည်။ စပိန်ရုပ်သံ တစ်ခုဖြစ်သည့် Cuatro နှင့် တွေ့ဆုံရာတွင် ဒဲလ်ဘော့စ်က “အသင်းက ကစားသမားတွေကို ကျွန်တော်တကယ် ချီးကျူးပါတယ်။ ကျွန်တော်ကတော့ အသင်းအောင်မြင်ဖို့နဲ့ ကစားသမားတွေအတွက် အမြဲ ထည့်စဉ်းစားပေမယ့် သူတို့ ကတော့ ဒီလိုမဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် ဦးစားပေးကြသူတွေ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment