Monday 23 June 2014

ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ရွေးချယ်ခံရ

မြန်မာနိုင်ငံအတွင်းရှိ နှစ်ပေါင်း ထောင်ချီသက်တမ်းရှိသော ရှေးဟောင်းမြို့ သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့ကို UNESCO ၏ “ကမ္ဘာ့ရှေးဟောင်း အမွေနှစ်နေရာများ”အဖြစ် ဇွန်လ ၂၂ ရက်က ပဏာမရွေးချယ်လိုက်သည်။“ဒီမြို့တွေက ယူနက်စကိုက သတ်မှတ်ပေးတဲ့ မြန်မာနိုင်ငံအတွင်းက ပထမဆုံး ရှေးဟောင်းမြို့တွေဖြစ်လာမှာ ဖြစ်တယ်။ တခြားမြို့တွေကလည်း ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်မြို့ များ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီလို အသိအမှတ် ပြုခံရဖို့အတွက် ပမာဏစာရင်းမှာ ပါဝင်ဖို့ အရမ်း အရေးကြီး ပါတယ်။ ဒီမြို့တွေနဲ့ တခြားနေရာတွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ ပိုပြီးတော့ ဖြစ်လာ နိုင်ခြေရှိနေပြီ”ဟု ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက ၎င်း၏ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ဆိုပါ ရှေးဟောင်းပျူမြို့များတွင် အုတ်တံတိုင်း အကြွင်းအကျန်သုံးခုရှိသည်။
ကျုံးသွင်းထားသည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့တို့မှာ ဧရာဝတီမြစ်ဝှမ်းဒေသ ၏ ခြောက်သွေ့သော နေရာဒေသအတွင်းရှိ ဆည်မြေပေါ်တွင် တည်ရှိသည်။ပျူမြို့များမှာ ဘီစီ ၂၀၀ မှ အေဒီ ၉၀၀ အကြား နှစ်ပေါင်း ၁,၀၀၀ ကျော် တည်ရှိတိုးတက်ခဲ့သော မြို့များဖြစ်သည်။ ယင်းတို့ကို ဗိသုကာအမွေအနှစ်နေရာများ အဖြစ် တစ်စိတ် တစ်ဒေသအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သည်ဟု ယူနက်စကို ၀က်ဘ်ဆိုက်၌ ဖော်ပြထားသည်။

No comments:

Post a Comment