Monday 23 June 2014

အမျိုးစောင့်ဥပဒေများ ထွက်ပေါ်လာရန် ထောက်ခံသူလက်မှတ်လေးသန်း တင်ပြထားဟုဆို

အမျိုးစောင့်ဥပဒေ များအမြန်ဆုံး ထွက်ပေါ်လာရန် ပြည်သူ့ထောက်ခံဆန္ဒလက်မှတ်လေး သန်းကျော် ကို ပြည်ထောင်စုလွှတ် တော်ကို ပေးပို့ထားပြီဖြစ်ကြောင်း အမျိုး၊ ဘာသာ ၊ သာသနာစောင့်ရှောက်ရေး အသင်း (ဗဟို) ၏ နှစ်ပတ်လည် ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှ သိရသည်။ဇွန် ၂၁ရက်က အင်းစိန်မြို့ နယ်၊ အောင်ဆန်းတပ်ဦးကျောင်း တိုက်တွင်ကျင်းပသည့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)အသင်းတည်ထောင်မှုတစ်နှစ် ပြည့်ညီလာခံကျင်းပအပြီး သတင်းစာရှင်းလင်းပွဲတွင် မဘသ(ဗဟို)အဖွဲ့ဝင် ဓမ္မစက္ကဦးမောင်မောင်က ဒီမိုက ရေစီတူဒေး၏မေးမြန်းမှုကိုဖြေကြား ခဲ့သည်။အသင်းတည်ထောင်မှု သက် တမ်းတစ်နှစ်ပြည့်ပြီဖြစ်သည့် မဘသ အဖွဲ့အနေဖြင့် အမျိုးသားရေးလုပ် ငန်းများကို ရှေးရှု လုပ်ဆောင်နေပြီး အမျိုးစောင့်ဥပဒေများ အမြန်ဆုံးပေါ် ထွက်လာ စေရေး ကြိုးပမ်းနေသော် လည်း အချိန်အတိုင်းအတာဖြင့် မူဝါဒချမှတ်လုပ်ဆောင်နေခြင်းမျိုး မရှိကြောင်း ငါးကျမ်းပြန်ဆရာတော် ဒေါက်တာဓမ္မပီယ၊ သီတဂူအရှင် ဒေဝိန္ဒာဘိဝံသနှင့် ဓမ္မစက် ကဦးမောင် မောင်တို့ပြုလုပ်သည့် ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဦးမောင်မောင်က ''အမျိုးစောင့် ဥပဒေတွေကို ဘယ်ကာလမှာထွက် ပေါ်လာရမယ်ဆိုတဲ့ သတ်မှတ်ထား ချက်မရှိပါဘူး။ အမြန်ဆုံးပေါ်ထွက် လာနိုင်ဖို့ ကြိုးစားနေပါတယ်''ဟု ဆက်လက်ပြော သည်။
ယင်းဥပဒေကို မဘသအဖွဲ့က အမြန်ဆုံးပေါ်ထွက်လာစေ ရန် ကြိုး ပမ်းနေသော်လည်း မြန်မာနိုင်ငံတွင်း ရှိလူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့် အရေးတက်ကြွလှုပ်ရှားသူအဖွဲ့အစည်း ပေါင်း ၁၃ဝ ကျော်ကမူ ယင်းအမျိုး စောင့်ဥပဒေကို ကန့်ကွက် ထားကြောင်း သိရသည်။ 
[--Democracy today Daily Newspaper--]

No comments:

Post a Comment