Monday 23 June 2014

ဦးဆန်းဆင့်အား ရန်ကုန်မြို့နှင့်မနီးမဝေးရှိထောင်တွင် ထိန်းသိမ်းထားပြီး ယင်းမိသားစုနှင့်စီးပွားရေးလုပ်ငန်းများကို စစစမှ ထိန်းချုပ်စောင့်ကြပ်လျက်ရှိ

တာဝန်မှရပ်စဲပြီး အမှုဖွင့် စစ်ဆေးခံနေရသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် အား ရန်ကုန်မြို့နှင့်မနီးမဝေးရှိ ထောင်တစ်ခုတွင် ထိန်းသိမ်းထားရှိပြီး ယင်း၏မိသားစုနှင့် မိသားစုပိုင် စီးပွားရေးလုပ်ငန်းများကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ထိန်းချုပ်စောင့်ကြပ်လျက်ရှိနေကြောင်း အဆိုပါအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးဆန်းဆင့်အား ဇွန် ၁၉ ရက်က လက်ရှိရာထူးမှ ဖယ်ရှား ခဲ့ပြီးနောက် ယခုကဲ့သို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီး ဌာနက ဦးဆန်းဆင့်နှင့်ပတ်သက်ဆက်နွှယ် နေသည့် လုပ်ငန်းများအား ထိန်းချုပ်ကာ မိသားစုအား စောင့်ကြပ်ကြည့်ရှုမှုများ ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာနတွင်လည်း အထူးစုံစမ်းစစ်ဆေးရေးမှ စစ်ဆေးမှုများပြုလုပ်နေကြောင်း သာသနာရေးဝန်ကြီးဌာနမှ အမည်မဖော် လိုသူ အရာရှိတစ်ဦးက ပြောသည်။

''နေပြည်တော်မှာတော့ စသုံးလုံးကသာသနာရေးရုံးကိုဝင်စစ်ဆေးနေတယ်။ ဒီလို ဦးဆန်းဆင့် သတင်းကြား ရတော့ သာသနာရေးရုံးက ဝန်ထမ်းတွေ စိတ်မကောင်းဖြစ်နေကြတယ်''ဟု အဆိုပါအ မည်မဖော်လို သူ အရာရှိတစ်ဦးက ပြောသည်။

သာသနာရေးဝန်ကြီးဌာနအနေ ဖြင့် ထိုကဲ့သို့ ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ခြင်းမှာ သာသနာရေးကို နားမလည်သူ စစ်တပ်မှအငြိမ်းစားပုဂ္ဂိုလ်များ ဝန်ကြီးဌာနအတွင်း ရှိနေခြင်းကြောင့်ဟု သာသနာရေး ဝန်ကြီးဌာနမှ နီးစပ်သူတစ် ဦးက ပြောသည်။''အခုလို သာသနာရေးဝန်ကြီးဌာန ဖြစ်သွားရတာ ဘုန်းကြီး နာမည်တောင် မှန်အောင်မဖတ်တတ်တဲ့ စစ်ထွက်တွေလုပ်နေကြလို့ပဲ။ သာသနာအရေး သူတို့ဘာမှ နားမ လည်ဘူးလေ။ အုပ်ချုပ်ဖို့ပဲ သိတဲ့လူတွေက ဌာနအကြောင်းနားမလည်ဘဲ ကိုင်တွယ်နေလို့ အခုလိုတွေဖြစ် ရတာ''ဟု ယင်း သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ် ဦးက ပြောသည်။
တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတော်ကြီးအား အကြမ်းဖက် ဖယ်ရှားခဲ့ပြီးနောက် အစိုးရမှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် အား ငွေကြေးဆိုင်ရာအလွဲသုံးမှုဖြင့် ဖမ်း ဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝန်ကြီးအား တာဝန်မှရပ်စဲခဲ့ပြီး နိုင်ငံတော်သမ္မတ၏ သာသနာရေး အကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးအား ထပ်မံ ခန့်အပ်ခဲ့သည်။
အဂ္ဂမင်း ၊ Flower News Journal အတွဲ (၁၀) အမှတ် (၂၄)
Yangon Media Group

No comments:

Post a Comment