Monday 23 June 2014

နိုင်ငံတော်သမ္မတအနေဖြင့် သူယုတ်မာများကို အကြံပေးမခန့်ရန် မဘသအဖွဲ့မှ ဆရာတော်ဦးဝီရသူ အကြံပြုမိန့်ကြား

မဟာသန္တိသုခ ကျောင်း တော်ကြီးကို ဝင်ရောက်စီးနင်းကာ သံဃာ တော်များကို ထိန်းသိမ်းခဲ့ခြင်းနှင့် ပတ်သက် ၍ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အဆင့် ဝန်ကြီးဌာနများတွင် သူယုတ်မာများကို အ ကြံပေးမခန့်ကြရန် အကြံပြုကြောင်း အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မှ ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။''နောက်နောင် ဝန်ထမ်းကောင်း တွေ မဆုံးရှုံးရအောင် လူယုတ်မာတွေကို မည်သည့်ဌာနမှာမှ အကြံပေးမခန့်ကြဖို့ နိုင်ငံ တော်သမ္မတကလဲ အကြံပေးမလုပ်ခိုင်းဖို့ ဦးဇင်း အလေးအနက်ကို တောင်းဆိုချင်ပါ တယ်''ဟု ဆရာတော်က မိန့်ကြားသည်။ဇွန် ၂ဝ ရက်က မဟာသန္တိသုခ မှ သံဃာတော်ငါးပါးအား တာမွေတရားရုံး ၌ ရုံးထုတ်စစ်ဆေးသည့်အချိန်တွင် ဆရာ တော်ဦးဝီရသူ ဦးဆောင်သည့် သံဃာတော် များက သာသနာရေးဝန်ကြီးဌာနမှ အကြံ ပေးပုဂ္ဂိုလ် ဦးအံ့မောင်ကို အလိုမရှိ ဟု ရေး သားထားသည့်ပိုစတာများ ကိုင်ဆောင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

မဟာသန္တိသုခကျောင်းတော် ကြီး အကြမ်းဖက်ခံရပြီးနောက် ပြည်သူလူ ထုနှင့် သံဃာထုကပါ နိုင်ငံတော်သံဃမ ဟာနာယကနှင့် သာသနာရေးဝန်ကြီးဌာန တို့၏လုပ်ရပ်အပေါ် ဝေဖန်မှုများရှိခဲ့ရာ ထို ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး သံဃာတော်များကို ရုံး ထုတ်စစ်ဆေးသည့်နေ့တွင် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်း ဆင့်အား တာဝန်မှရပ်စဲကြောင်း အစိုးရမှ ထုတ်ပြန်ခဲ့သည်။
''ဒီကိစ္စက အံ့မောင်တစ်ယောက်တည်းမွှေသွားတာ။ အံ့မောင်က အဓိကတရားခံပဲ။ သူကလွတ်သွားပြီးတော့ သာသ နာရေးဝန်ကြီးက ထိခိုက်သွားတာ''ဟု ဦးဝီ ရသူက မိန့်ကြားသည်။
သာသနာရေးဝန်ကြီးဌာနမှ အကြံပေးဦးအံ့မောင်အား ဆက်လက်ခန့်ထားခြင်း ရှိ၊ မရှိကို သာသနာရေး ဝန်ကြီးဌာနအား ညွှန်ကြားထားခြင်း မရှိသေးကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
သာသနာရေးဝန်ကြီးဌာန အနေ ဖြင့် အဆိုပါ သန္တိသုခကျောင်းတိုက်ကိစ္စ ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၁၈ ရက်နေ့ ရက် စွဲဖြင့် သာသနာရေးအကြံပေးအဖွဲ့မှ အဖွဲ့ ခေါင်းဆောင်အဖြစ် အငြိမ်းစားဝန်ကြီး သူရ ဦးမြင့်မောင်(အငြိမ်းစားဝန်ကြီး)၊ အဖွဲ့ဝင် အဖြစ် ဦးစိန်ဝင်းအောင်(အငြိမ်းစားသံအ မတ်ကြီး)တို့အား နိုင်ငံတော်သမ္မတ၏ အ ကြံပေးအဖွဲ့ဝင်အသစ်များ ခန့်အပ်ခဲ့သည်။
အဂ္ဂမင်း ၊ Flower News Journal အတွဲ (၁၀) အမှတ် (၂၄)
Yangon Media Group

No comments:

Post a Comment