Monday 23 June 2014

အခြေခံဥပဒေကို ချိုးဖောက်၍ ဘာသာပြောင်း ဥပဒေပြဋ္ဌာန်းရန် ကြိုးပမ်းဟု ဝေဖန်

အများပြည်သူသိရန် ထုတ်ပြန်လိုက်သည့် “ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း”သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများကို ချိုးဖောက်နေသည့်အပြင် ပုဂ္ဂလိက လူတစ်ဦးချင်းစီ၏ သက်ဝင်ယုံကြည်မှုအပေါ် အာဏာကို အခြေပြု၍ ပိတ်ပင်သည့်လုပ်ရပ်ဟု အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၆၆ ဖွဲ့က ဝေဖန်လိုက်သည်။မေလ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါ ဥပဒေမူကြမ်းကို ထုတ်ပြန်လိုက်ပြီး မူကြမ်းနှင့်ပတ်သက်သည့် အကြံပြုချက်များကို ရဟန်းရှင်လူ ပြည်သူများထံမှ တောင်းခံထားသည်။ အရပ်ဘက် အဖွဲ့အစည်းများကလည်း အကြံပြုစာပေးပို့ခဲ့ပြီး ယင်းသို့ ထောက်ပြ အကြံပြုထားခြင်းဖြစ်သည်။ဥပဒေမူကြမ်းအရ “ဘာသာရေးကိစ္စအပေါ် အဆုံးအဖြတ်ပေးနိုင်မည့် အာဏာကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လူတစ်စု၏ လက်ထဲသို့ ကွပ်အပ်လိုက်သလိုဖြစ်နေသည်”ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုစာတွင် ရေးသားထားသည်။ဘာသာကူးပြောင်း ဥပဒေမူကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူများ ပုဒ်မ ၃၄ နှင့် နိုင်ငံသား မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၆၄ ပါ အချက်များကို ချိုးဖောက်နေသည်ဟု ဝေဖန်ခြင်းဖြစ်သည်။

ဇွန်လ ၁၈ရက် ရက်စွဲဖြင့် အဆိုပါ ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်ထံ ပေးပို့လိုက်သည့် အကြံပြုစာမိတ္တူကို မဇ္ဈိမက ရရှိထားရာ ထိုအကြံပြုစာတွင် “ဘာသာရေး လွတ်လပ်ခွင့်ကို ဥပဒေဖြင့် ကန့်သတ်ခြင်းထက် ဘာသာအချင်းချင်း သဟဇာတ ဖြစ်စေရန် အမုန်းတရား ဟောပြောနေမှုများကို တားမြစ်ပိတ်ပင်သည့် ပြဋ္ဌာန်းချက်များ အရေး တကြီးထားရှိ လုပ်ဆောင်ရန်လိုအပ်လျက်ရှိပါကြောင်း အကြံပြုတင်ပြလိုက်ပါသည်”ဟု ရေးသား ထားသည်။
ထိုအကြံပြုစာကို ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်အပြင် သမ္မတရုံး၊ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံလည်း ပေးပို့ထားသည်။အဆိုပါ ဥပဒေမူကြမ်းအရ ကိုးကွယ်ရာ ဘာသာတစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းလိုပါက အစိုးရဖွဲ့ထားသည့် မှတ်ပုံတင်ရေးအဖွဲ့ထံသို့ သွားရောက်လျှောက်ထား ရမည်ဖြစ်သည့်အပြင် ကူးပြောင်းလိုသည့် ဘာသာအကြောင်းကို အနည်းဆုံး သုံးလကြာ လေ့လာ ရဦး မည်ဖြစ်သည်။တရားလွှတ်တော်ရှေ့နေ ဦးကိုနီက “ဘာသာတစ်ခုကို တကယ်ပဲ ယုံကြည် သက်ဝင်စွာနဲ့ ပြောင်းချင်နေတာကို လေ့လာရဦးမယ်ဆိုတော့ ဒီရက်ပေါင်း ၉၀ (သုံးလ)အတွင်း မသေဘူးလို့ အာမခံ မှာလား။ မပြောင်းပေးဘူးဆိုရင်လည်း ဒီအဖွဲ့ (မှတ်ပုံတင်ရေးအဖွဲ့)ကို အပြစ်ပေးမှာလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်”ဟု မဇ္ဈိမကို မေလ ၂၇ ရက်က ပြောသည်။ဘာသာပြောင်း သက်သေခံလက်မှတ် ထုတ်ပေးမည့် မှတ်ပုံတင်ရေးအဖွဲ့တွင်လည်း ဘာသာပေါင်းစုံပါဝင်ခြင်းမရှိသည့် အတွက် “တခြားဘာသာကူးပြောင်းချင်တဲ့ သူတွေကို ဗုဒ္ဓဘာသာကပဲ စိစစ်မယ်ဆိုလို့ရှိရင်တော့ သတိထား စရာဖြစ်နေတယ်”ဟု လူ့အခွင့်အရေး ဆောင်ရွက်သူ ဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။ဥပဒေမူကြမ်းအရ မှတ်ပုံတင်ရေးအဖွဲ့တွင် မြို့နယ်သာသနာရေးမှူးက ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးက တာဝန်ပေးထား သည့် ပညာရေးဝန်ထမ်းတစ်ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်သည်။ ယင်း ဥပဒေကြမ်းမှာ မျိုးစောင့်ဥပဒေဟု လူသိများသည့် ဥပဒေကြမ်းတစ်ခုသာဖြစ်ပြီး အလားတူ ဥပဒေသုံးခုကိုလည်း မကြာခင် ထုတ်ပြန်ဖွယ်ရှိသည်။ ကျန်ရှိနေသေးသည့် ဥပဒေမူကြမ်းများမှာ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။ယခုကဲ့သို့ ဥပဒေမူကြမ်းထွက်ပေါ်လာရခြင်းမှာ မဘသအဖွဲ့က ဥပဒေများ ပြဋ္ဌာန်းပေးရန် သမ္မတထံ တောင်းဆိုသည့် နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သည်။မဘသ မှတ်တမ်းအရ တစ်နိုင်ငံလုံးတွင် ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ ကူးပြောင်းသွားသည့် အမျိုးသမီးဦးရေ ၄၀ ခန့် ရှိသည်ဟု မဘသမှ ဥပဒေ အကြံပေး ဦးအေးပိုင်က သတင်းထောက်များကို ပြောသည်။ယခုထုတ်ပြန်ထားသည့် ဥပဒေမူကြမ်း သည် “လူတိုင်း လွတ်လပ်စွာ တွေးခေါ်ခွင့်နှင့် လွတ်လပ်စွာ ခံယူရပ်တည်ခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့် ဤလုပ်ပိုင်ခွင့်အရ မိမိကိုးကွယ်သော ဘာသာကို (သို့မဟုတ်) သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲပိုင်ခွင့်ရှိသည်။

No comments:

Post a Comment